Friday, September 5, 2014

မူပိုင်ခွင့်ချိုးဖောက်မှုကြောင့် Samsung နှင့် Qualcomm ကို Nvidia တရားစွဲဆို



Nvidia သည် ကုမ္ပဏီ၏ ဂရပ်ဖစ် နည်းပညာနှင့် ပတ်သက်၍ မူပိုင်ခွင့်ချိုးဖောက်ခဲ့သော Samsung နှင့် Qualcomm ကုမ္ပဏီတို့အား ကြာသပတေးနေ့က တရားစွဲဆိုခဲ့ကြောင်း သိရသည်။
ကွန်ပျူတာများအတွက် ဂရပ်ဖစ်ချစ်ပ်များ ထုတ်လုပ်ပေးနေသော Nvidia ကုမ္ပဏီသည် Samsung နှင့် Qualcomm တို့အား ဒယ်လာဝဲပြည်နယ်ရှိ အမေရိကန်ခရိုင် တရားရုံးနှင့် နိုင်ငံတကာကုန်သွယ် ကော်မရှင်(ITC) တွင် မူပိုင်ခွင့် ၇ ခုချိုးဖောက်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ သီးခြားစီ တရားစွဲဆိုခဲ့သည်။
Nvidia သည် အမေရိကန်နိုင်ငံသို့ Samsung စမတ်ဖုန်းများနှင့် tablet များ တင်ပို့ရောင်းချမှုအား တားမြစ်ပေးရန် ITC သို့ လျှောက်ထားခဲ့ပြီး မူပိုင်ခွင့်ချိုးဖောက်ခံရသည့် အတွက် နစ်နာကြေးရရှိလိုကြောင်း ပြည်နယ်တရားရုံး၌ တောင်းဆိုခဲ့သည်။ ယခုကိစ္စတွင် Samsung မှ အဓိက ထုတ်ကုန်အများအပြား ပါဝင်လာပြီး ၎င်းတို့တွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က မိတ်ဆက်ခဲ့သော Galaxy Note Edge နှင့် Note 4 စမတ်ဖုန်းအပြင် Galaxy S5 နှင့် Galaxy S4 ဖုန်းများလည်း ပါဝင်ကြောင်း သိရသည်။ ထို့အပြင် Note 3 နှင့် Samsung tablet ကွန်ပျူတာများ ဖြစ်သော Galaxy Tab S, Tab 2 နှင့် Note Pro များလည်းပါဝင်သည်။

ထိုကဲ့သို့ တရားစွဲဆိုမှုတွင် Samsung ထုတ်ကုန်ရာပေါင်းများစွာ ပါဝင်ပြီး တရားစွဲဆိုမှုသာ အောင်မြင်ခဲ့ပါက Nvidia အနေဖြင့် လျော်ကြေးငွေ အမြောက်အများ ရရှိဖွယ်ရှိသည်။

Ref: CNET

No comments:

Post a Comment