Tuesday, September 16, 2014

အီဘိုလာထိန်းချုပ်ရေး ကုလသမဂ္ဂ အရေးပေါ် အစည်းအဝေးခေါ်မည်

Photo: အီဘိုလာထိန်းချုပ်ရေး ကုလသမဂ္ဂ အရေးပေါ် အစည်းအဝေးခေါ်မည်

စက်တင်ဘာ ၁၆ ရက် ၊၂၀၁၄ ခုနှစ်

အီဘိုလာ ရောဂါ အကျပ်အတည်းကို ကိုင်တွယ်ဖို့ စက်တင်ဘာ ၁၈ ရက်နေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူမယ်လို့ အမေရိကန် သံတမတ်ကြီး ဆမ်မန်သာ ပါဝါက ကြေညာပါတယ်။

အခုအထိ အီဘို လာ ရောဂါကြောင့် သေဆုံးသူ ၂ ထောင်ကျော်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပါတယ်။

အမေရိကန် သံတမတ်ကြီးက အောက်ခြေ အခြေအနေ ဟာ သေရေး ရှင်ရေးဖြစ်နေ ပြီး ရောဂါဗိုင်းရပ်ကို ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ကြောင်း စက်တင်ဘာ ၁၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ရောဂါအကျပ်အတည်းဟာ ဆိုးရွားပေမယ့် နိုင်ငံတကာရဲ့ အရေးပေါ် တုံ့ပြန်မှု မရှိရင် လူထုကျန်းမာရေး အကျပ်အတည်းကို ဦးတည်သွားနိုင်ပြီး လူ့အသက် ဆုံးရှုံးမှုဟာလည်း မျှော်လင့်ထားတာထက် ပိုများလာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

အခုလို အရေးပေါ် အစည်းအဝေး ခေါ်ယူဖို့ကို လိုက်ဘေးရီးယား၊ ဆီရာလီယွန်း၊ ဂီနီနဲ့ အမေရိကန်ပြည်ထောင်စုတို့က ဆော်သြခဲ့တာလို့ ပြောပါတယ်။

ရောဂါကပ်ဘေးနဲ့ပတ်သက်လို့ အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ ကုလသမဂ္ဂ လုံခြုံရေးကေင်စီက အခုလို အရေးပေါ် အစည်းအဝေးခေါ်ယူတာဟာ ၂၀၀၀ ပြည့်နှစ်က HIV/AIDS ကပ်ဘေးအတွက် ဖြစ်ခဲ့ပြီး ဒီတကြိမ်က ဒုတိယအကြိမ် ဖြစ်ပါတယ်။

DVB

No comments:

Post a Comment