Tuesday, September 16, 2014

ခါကာဘိုရာဇီတောင်တက်သမားနှစ်ဦးအား ရှာဖွေရေးတွင် တရုတ်ကောင်းကင်ပြာ ကယ်ဆယ်ရေးအဖွဲ့ တိဗက်တောင်တန်းဘက်မှ တက်ရောက်ရှာဖွေမည်

ခါကာ ဘိုရာဇီတောင်တက်သမား နှစ်ဦး အား ရှာဖွေရေးတွင် တရုတ်နိုင်ငံ ကောင်းကင်ပြာ ကယ်ဆယ်ရေးအဖွဲ့ သည် မြန်မာနိုင်ငံဘက်မှ တက် ရောက်မည်မဟုတ်ဘဲ တိဗက်တောင် တန်းဘက်မှသာတက်ရောက်ရှာဖွေ သွားမည်ဖြစ်ကြောင်း တရုတ်သံရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။
သို့သော် ထူးဖောင်ဒေးရှင်းက မူ တရုတ်အဖွဲ့ အပြီးပြန်သည်ဟု ပြောကြားသည်။

''တရုတ်-မြန်မာချစ်ကြည်ရေး အနေနဲ့ လာရောက် ပူးပေါင်းတဲ့ ကောင်းကင်ပြာကယ်ဆယ်ရေးအဖွဲ့ အနေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းမှာ မြန်မာဘက် မဟုတ်ဘူး။ သူတို့က ရန်ကုန်ပြန်ဖို့များနေပြီ။ ဒီနေ့တောင် ပြန်ဖို့လုပ်တာ flight cancel ဖြစ် သွားလို့။ အရင်ရောက်နေတဲ့ ဂျပန် နိုင်ငံတောင်တက်အသင်းကိုတော့ ပူးပေါင်းဖို့ ကမ်းလှမ်းထားပြီ။ သူတို့ အနေနဲ့ ပူးပေါင်းမလား၊ မပေါင်းလား တော့မသိဘူး။ ရဟတ်ယာဉ်ကူညီဖို့ နဲ့ အမြင့်ပျံသန်းနှုန်းကျွမ်းကျင်တဲ့ ရဟတ်ယာဉ်မောင်းတွေရဖို့အတွက် အာဆီယံနိုင်ငံတွေလဲ ကမ်းလှမ်း ထားတယ်'' ဟု ထူးဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ကိုဖြိုးကိုကိုသက်က ပြောသည်။
တရုတ်သံရုံး၏ ထုတ်ပြန်ချက် အရ အဖွဲ့ဝင်ရှစ်ဦးပါ ကောင်းကင် ပြာဒုတိယအဖွဲ့သည် စက်တင်ဘာ ၁၅ရက် မြန်မာ စံတော်ချိန် နံနက် ၁၁နာရီတွင် တိဗက်ရှိ နန်အင် တောင်ခြေသို့ ရောက် ရှိပြီးဖြစ် ကြောင်းနှင့် တောင်တက်ရန် အဆင် သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောသည်။
ပူတာအိုတွင်ရောက်ရှိနေသော အဖွဲ့ဝင်ကိုးဦးပါ ကောင်းကင်ပြာ ပထမအဖွဲ့သည် တိဗက်ရှိ ဒုတိယ အဖွဲ့နှင့် သွားရောက် ပူးပေါင်းမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ကယ်ဆယ်ရေး လုပ်ငန်းများ ကမကထပြုလုပ်သည့် အဖွဲ့များက သူတို့အနေဖြင့် လမ်း ကြောင်းတစ်ကြောင်းတည်းပေါ်တွင် အဖွဲ့နှစ်ဖွဲ့အား ထောက်ပံ့မှုများ ပြု လုပ်ရန် အရင်းအမြစ်လုံလောက်မှု များမရှိ၍ တိဗက်ရှိ ဒုတိယအဖွဲ့နှင့် ပူးပေါင်းရန် အကြံဥာဏ်ပေးခဲ့သဖြင့် လက်ခံခဲ့ခြင်းဖြစ်ကြောင်း တရုတ် သံရုံးမှ သတင်းထုတ်ပြန်သည်။
တရုတ်ရှာဖွေရေးအဖွဲ့အနေ ဖြင့် မည်သည့်တောင်ကိုမဆို တက် ရောက်နိုင်သည့် ကျွမ်းကျင်မှုများ ရှိကြောင်းလည်း သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
အဆိုပါတောင်တက်သမားနှစ်ဦး ရှာဖွေရေးလုပ်ငန်းများ ကို မြန်မာ နိုင်ငံ တောင်တက်အသင်း၊ သဘာဝ ခေါ်သံဖောင်ဒေးရှင်း၊ ထူးဖောင်ဒေး ရှင်းနှင့် ဒေသတွင်းအာဏာပိုင်များ၊ မြောက်ပိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိ သူများနှင့်ပူးပေါင်းပြီး အရှိန်အဟုန် မြှင့်တင်ကာ ဆောင်ရွက် လျက်ရှိ ကြောင်း၊ မြေပြင် ကယ်ဆယ်ရေးအ ဖွဲ့များမှာလည်း ရှာဖွေရေးလုပ်ငန်း များလုပ်ကိုင်နေပြီဖြစ်ကာ၊ ရာသီဥ တုသာယာလျှင် ရဟတ်ယာဉ်ဖြင့် ရှာဖွေရေးလုပ်ငန်းများကို ဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။
''ကျွန်မတို့အဖွဲ့နဲ့လဲ ဘာမှအ ဆက်အသွယ်မရသေးဘူး။ ဆက် သွယ်ဖို့ခက်ခဲနေတယ်။ ထူးဖောင် ဒေးရှင်းဘက်က ဆောင်ရွက်တာတွေ ကိုပဲ စောင့်ကြည့်နေရတာပါ''ဟု သဘာဝခေါ်သံဖောင်ဒေးရှင်းမှ ပြန် ကြားရေးတာဝန်ခံ ဒေါ်ပပစိုးက ပြောသည်။
အမြင့်ပေ ၁၉၂၉၆ပေရှိ အ ရှေ့တောင်အာရှတွင် အမြင့်ဆုံးဖြစ် သော ခါကာဘိုရာဇီရေခဲတောင်သို့ တက်ရောက်နေသည့် မြန်မာနိုင်ငံ သား တောင်တက်သမားနှစ်ဦးဖြစ် သည့် ကိုအောင်မြင့်မြတ်နှင့် ကိုဝေ ယံမင်း သူတို့သည် သြဂုတ် ၃၁ရက် ညနေတွင် တောင်ထိပ်သို့ရောက်ရှိ ပြီးခဲ့ပြီး အဆက်အသွယ်ပြတ်ကာ ယခုကဲ့သို့ ပျောက်ဆုံးနေခြင်းဖြစ် ကြောင်း သိရသည်။
MMA

Yangon Media Group

No comments:

Post a Comment