Tuesday, September 16, 2014

မန္တလေး တက္ကသိုလ် ဧရိယာအတွင်း ၀ိုင်ဖိုင် အခမဲ့သုံးနိုင်သော်လည်း ဖေ့စ်ဘုတ်သုံးစွဲခွင့်ကို ပိတ်ထား

မန္တလေး တက္ကသိုလ် ဧရိယာ၂၅၃ ဒသမ ၃၃ ဧကအတွင်း ကျောင်းသား၊ ကျောင်းသူများ အီလက်ထရောနစ် စာကြည့်တိုက်ကို (e-library )ကို အသုံးပြုနိုင်ရန် အင်တာနက်ဝိုင်ဖိုင်စနစ်ကို အခမဲ့ထုတ်လွှင့် ထားသော်လည်း ဖေ့ဘွတ်သုံးစွဲခွင့်ကို ပိတ်ပင်ထားကြောင်း အဆိုပါ တက္ကသိုလ် မော်ကွန်းထိန်းက မဇ္ဈိမကို ပြောသည်။

“ပညာရပ်ဆိုင်ရာတွေ ဒေါင်းလုပ်ဆွဲချင်တဲ့သူတွေအတွက် အခမဲ့တင်ဒါစနစ်ကို ထုတ်လွှင့်ပေးတာ ဖြစ် ပါတယ်။ အဓိကကျတဲ့ ပညာရပ်ဆိုင်ရာတွေကို ဒေါင်းလုပ်ဆွဲချင်ရင်တော့ စာကြည့်တိုက်မှာ လာရောက် လုပ်ဆောင်မှ ရမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ပညာရပ်ဆိုင်ရာများ ကျောင်းသူ၊ ကျောင်းသားများက အလွယ်တကူလေ့လာ နိုင်ရန်စီစဉ်ခြင်းဖြစ်၍ မန္တလေးတက္ကသိုလ် ဧရိယာအတွင်း မည့်သည့်နေရာတွင်မဆို အင်တာနက်ကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ အဓိကျသော ပညာရပ်ဆိုင်ရာများကို ဒေါင်းလုပ်လုပ်လိုလျှင် စာကြည့်တိုက်သို့ လာရောက်ရမည်ဖြစ်၍ အသင်းဝင်စရာမလိုဘဲ မည်သူမဆို လာရောက် လေ့လာနိုင်မည်ဖြစ်ကြောင်းနှင့် စာကြည့်တိုက် အတွက်လည်း အမေရိကန်၊ ထိုင်း နိုင်ငံတို့မှ ဖောင်ဒေးရှင်းတစ်ခုမှ ကူညီဆောင်ရွက်ပေးထားကြောင်း ၎င်းက ပြောကြားသည်။

“တက္ကသိုလ် ဧရိယာအတွင်းမှာ 10 Mb အခမဲ့လွှင့်ပေးထားတယ်။ နံနက် ၈ နာရီ ကနေ ည ၇ နာရီအထိ e-library ထဲမှာ အသုံးပြုနိုင်မှာဖြစ်တယ်။ ကျန်တဲ့အချိန်မှာတော့ ကျောင်းဝင်းအတွင်းမှာ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်” ဟု မော်ကွန်းထိန်းက ပြောသည်။

အင်တာနက်လိုင်းများ အသုံးပြုရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ Fiber Optic ကိုရယူ၍ ၀ိုင်ဖိုင် ထုတ်လွှင့်နိုင်မည့် စက် ၁၂ ခုဖြင့် တက္ကသိုလ် ဧရိယာအတွင်း ပြန်လည်ထုတ်လွှင့်ပေးထားကြောင်း ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment