Thursday, September 4, 2014

" သိက္ခာမလုံတဲ့ အနိဋ္ဌာရုံ ကုန်သည်ကြီးများ "



ကျွန်တော်ပြောချင်တာက ကျွန် တော်တို့ မြန်မာပြည်သူ လူထုမျက်ခြည် ဖြတ်ခံလိုက်ရတဲ့ ကိစ္စတစ်ခု။ ဆုံးရှုံးနစ်နာမွဲပြာကျနေကြရတဲ့ ဘဝတွေထဲက ကိစ္စတစ်ခုပါ။ ၁၉၅၂ ခုနှစ်ကစပြီး ၁၉၈၈ ခုနှစ်အထိ မြန်မာပြည်သူလူထုအတွက် ပြည်ပနိုင်ငံတွေဘက်က ကူညီပံ့ပိုးထောက် ပံ့မှုပေးခဲ့တဲ့ ကိုလံဘို စီမံကိန်းကြီးဟာ န.ဝ.တနဲ့ န.အ.ဖ စစ်ကောင်စီတွေ လက်ထက်ရောက်တော့ ဘယ်လိုစာရင်း ပျောက်၊ အင်းပျောက် ဖြစ်သွားရလဲဆို တာ အခုအချိန်အခါထိလည်း ပြည်သူ လူထုကို အရေးတ ယူတ လေး တစားရှင်း မပြကြသေးတာ ကျွန်တော်ပြောချင်တာ ပါ။ ကိုလံဘို စီမံကိန်းဆိုတာက ဒီလိုပါ။ ဒုတိယကမ္ဘာ စစ်ကြီးပြီးဆုံးသွားတဲ့အခါ ကျတော့ ကျွန်တော် တို့ မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံတွေဟာ စီးပွား ရေးကျပ်တည်းခဲ့ကြပါတယ်။ လူဦးရေ တိုးပွားလာတာနဲ့ စီးပွားရေးအခြေအနေ က အချိုးမညီမျှတာတွေလည်း ပါတာ ပေါ့လေ။ ဒြီ ပဿနာတွေကို ဘယ်လိုဖြေ ရှင်းရင် ကောင်းမလဲဆိုပြီး ကိုလံဘို စီမံ ကိန်းဆိုတာက ပေါ်လာခဲ့ရတာပါ။ အ နောက်နိုင်ငံတွေနဲ့ အာရှတိုက်ရဲ့တောင် ပိုင်းနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ရတဲ့ စီမံကိန်းလည်း ဖြစ်ခဲ့ပါတယ်။

အဲ့ဒီစီမံကိန်း ဖြစ်မလာခင်ကတည်း က အာရှနိုင်ငံတွေကို အကူအညီပေးခဲ့ တဲ့ နိုင်ငံကတော့ ဗြိတိန်ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီး နောက်ပိုင်း မှာကတည်းက ဗြိတိန်နိုင်ငံက ကူညီခဲ့တဲ့ ငွေဟာ ပေါင်စတာလင် ငွေသန်းခုနစ်ရာ ကျော်ပါတယ်။ ကိုလံဘို စီမံကိန်းဆိုတာ ကလည်းပဲ ၁၉၅ဝ ခုနှစ်ကျတော့ သီရိ လင်္ကာနိုင်ငံ ကိုလံ ဘိုမြို့မှာ ကျင်းပတဲ့ ဗြိတိသျှဓနသဟာယ နိုင်ငံခြားရေးဝန် ကြီးတွေရဲ့ အစည်းအဝေးကို အခြေခံပြီး ဖြစ်လာရတဲ့ စီမံကိန်းပါပဲ။ အဲဒီ အစည်း ဝေးမှာ သီရိလင်္ကာနိုင် ငံ ဝန်ကြီးချုပ်က ပေးတဲ့ စီးပွားရေးအကြံပြုချက်ကို သြစ တြေးလျနိုင်ငံခြားရေးဝန်ကြီးက အင် တိုက်အားတိုက်ပဲ သဘောတူ လက်ခံအ ကောင်အထည်ဖော်ခဲ့ပါတယ်။ အဲဒီ ဝန် ကြီးရဲ့နာမည်က စပင်ဒါဖြစ်လို့ စီမံကိန်း ရဲ့နာမည်ကိုတောင် ယာယီသဘောအ နေနဲ့ စပင်ဒါစီမံကိန်းဆိုပြီး ခေါ်ခဲ့ကြပါ သေးတယ်။ စီမံကိန်းရဲ့ အသေးစိတ် အ ချက်အ လက်တွေကိုတော့ ဓနသဟာယ နိုင်ငံတွေက စီးပွားရေးနဲ့ဆိုင်တဲ့ပါရဂူကြီး တွေနဲ့ ဝန်ကြီးတွေလက်ထဲ လွှဲအပ်လိုက် ကြပါတယ်။ ပြီးတော့မှ ဓနသဟာယ အတိုင်ပင် ခံအဖွဲ့ဆိုတာ ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့ရဲ့ပထမဆုံးအစည်းအဝေးကို သြစ တြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ မေလ ၁၉၅ဝ ပြည့်နှစ်က ကျင်းပခဲ့ပါတယ်။ အဲဒီနှစ် စက်တင် ဘာ လရောက်တော့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ စီမံကိန်းရေးဆွဲ ခဲ့ကြပြီး အောက်တိုဘာလမှာ အတည် ပြုခဲ့ကြပါတယ်။ ၁၉၅၁ ခုနှစ် ကျတော့ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ တစ်ကြိမ် ၁၉၅၂ ခုနှစ်ကျတော့ ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ တစ်ကြိမ်ဆွေးနွေးခဲ့ကြပါ တယ်။ ဗြိတိသျှဓနသဟာယနိုင်ငံတွေ အတွက် သာမကဘဲ အရှေ့ေ တာင် နဲ့ တောင်ဘက်ပိုင်း အာရှနိုင်ငံတွေရဲ့ စီး ပွားရေးကိုပါ ဝိုင်းပြီး မြှင့်တင်ပေးကြဖို့ ကူညီကြဖို့ ရည်ရွယ်ခဲ့ကြပါတယ်။ ဒါ ကြောင့်လည်း ပါလီမန်ဒီမိုကရေစီနိုင်ငံ တစ်နိုင် ငံဖြစ် တဲ့ ကျွန်တော်တို့ရဲ့ မြန်မာ နိုင်ငံဟာ ကိုလံဘို စီမံကိန်းဝင်နိုင်ငံဖြစ် လာခဲ့ရပါတယ်။
၁၉၅၂ ခုနှစ်မှာ ဖြစ်ခဲ့တာပါ။ စီမံ ကိန်းဝင် နိုင်ငံတွေအနေနဲ့ ပါဝင်ခဲ့တာ ကတော့ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျ၊ အိန္ဒိယ၊ ဘော်နီယို၊ လာ အို၊ ဗီယက်နမ်၊ နီပေါ၊ မလေးရှား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဆာရာဝပ်နဲ့ မြန်မာနိုင်ငံတွေပဲ ဖြစ်ကြပါတယ်။ ဒီနေ ရာမှာ ကျွန်တော်တို့ အရှေ့တောင်အာရှ နိုင်ငံတွေက အဲဒီ့တုန်းက ဥရောပနိုင်ငံ တွေလို စက်မှုမဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေ ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အတွက် ပိုပြီးပံ့ပိုးပေးဖို့ သူတို့က နှစ်ရှည် စီမံကိန်း ချခဲ့ရပါတယ်။ စီးပွားရေး ပူး ပေါင်းဆောင်ရွက်ဖို့ မူဝါဒသုံးရပ် ချမှတ် ခဲ့ပါတယ်။ (၁) နိုင်ငံတွင်းမှာ တိုင်းရေးပြည် ရေး အခြေအနေကောင်းလာရင် ကောင်း သလို၊ ကုန်ထုတ်လုပ်မှုနဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာဖို့ အလားအလာကောင်း ရှိနေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံလို နိုင်ငံမျိုးကိုဝိုင်းဝန်းကူညီ ပံ့ပိုးပေးဖို့ (၂) စီးပွားရေးကျဆင်းလွန်းနေတဲ့ အိန္ဒိယလို နိုင်ငံမျိုးကို ကူညီဖို့ (၃) စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းတွေအတွက်လည်း ဝိုင်းပြီး ကူညီဖို့ဆိုတဲ့ မူဝါဒသုံးရပ်အတိုင်းပဲ တကယ်လည်း ကူညီမှုပေးခဲ့ကြပါတယ်။ စီမံကိန်းဝင် နိုင်ငံတွေကို ကျွမ်းကျင်တဲ့ ပညာရှင်တွေ လွှတ်ပေးပါတယ်။ လို အပ်တဲ့ စက်ပစ္စည်းကိရိယာတွေလည်း ပို့ပေးပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံကလည်း ပညာတော်သင်တွေ စေ လွှတ်ဖို့ အခွင့်အရေးတွေ အများကြီးပဲ ရခဲ့ပါတယ်။ စီမံကိန်းကြီးတစ်ခုလုံးမှာ ငွေကြေးအခက်အခဲ ပေါ်လာတိုင်း အဓိက ပံ့ပိုးကူညီပေးခဲ့တာကတော့ အမေရိ ကန်ပြည်ေ ထာင်စုပဲ ဖြစ်ပါ တယ်။ ကိုလံဘိုကွန်ဖရင့် ညီလာခံကို လည်း ၁၉၅၄ ခုနှစ်မှာ ကျင်းပကြပါ တယ်။ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ ကျင်းပတော့ အဲဒီ့တုန်းက ကျွန်တော် တို့ နိုင်ငံရဲ့ဝန်ကြီးချုပ်၊ စာရေးဆရာ သခင်နု ခေါ်ဦးနု တက်ရောက်ခဲ့ပါတယ်။ အ စည်းအဝေးမှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုး ရေး ကိစ္စေ တွ ဆွေးနွေးပါတယ်။ ပါကစ္စ တန်ကိစ္စ၊ အိန္ဒိယကိစ္စ၊ အင်ဒိုချိုင်းနားကျွန်းဆွယ်ကိစ္စတွေ ဆွေးနွေးပါတယ်။
ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေးမရ သေးတဲ့ အင်ဒိုချိုင်းနားလို ဒေသမျိုးကို လွတ်လပ်ရေးပေးဖို့ တိုက်တွန်းချက်တွေ က အစပါဝင်ခဲ့ပါတယ်။ အင်ဒိုချိုင်းနား ကိစ္စအ တွက် ပြင် သစ်နိုင်ငံကိုတိုက်တွန်း ခဲ့ကြတာပါ။ နိုင်ငံတွေမှာ ကျင့်သုံးနေကြ တဲ့ စနစ်တွေနဲ့ ဝါဒပိုင်းဆိုင်ရာတွေ အပေါ်မှာလည်း အစည်းအဝေးက ဝေ ဖန်သုံးသပ်မှုတွေ ရှိခဲ့ကြပါ တယ်။ ဆွေး နွေးပွဲမှာ နောက်ဆုံး အခြေခံကျကျ သဘောတူညီမှုရဖို့ နိုင်ငံအားလုံးက ဝန်ကြီးချုပ်တွေက ကြိုးပမ်းခဲ့ကြပါတယ်။ ဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီ အဖွဲ့အ စည်းတွေအပေါ်မှာ ယုံကြည်မှုရှိ သလို ညီညွတ်ရေးနဲ့ လွတ်လပ်မှုကို ထိန်း ထားနိုင်ဖို့လည်း သဘောတူညီချက်ရခဲ့ ကြပါတယ်။
မှတ်မှတ်ရရ အဲဒီကာလတုန်းက တရုတ်နိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်မဖြစ်သေးပါဘူး။ ကိုလံဘို ညီလာခံကို တက်လာတဲ့ ဝန်ကြီးချုပ်တွေက တရုတ် ကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံဖြစ်လာစေ ချင်ကြပါတယ်။ အာရှဒေသကြီးရဲ့ အ ခြေအနေတည်ငြိမ်ရေးအတွက်လည်း ဖြစ်ပါတယ်။ ကိုလံဘို စီမံကိန်းအဖွဲ့ဝင် နိုင်ငံတွေဟာ လူအစုလိုက်၊ အပြုံလိုက် သေကျေပျက်စီးစေနိုင်တဲ့ ဓာတုလက် နက်တွေကိစ္စကိုလည်း စိုးရိမ်မကင်းဆွေး နွေးခဲ့ကြပါတယ်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့နောက် ပိုင်းမှာ လွတ်လပ်ရေးရလာခဲ့တဲ့ ကျွန်တော် တို့ မြန်မာနိုင်ငံရဲ့ အစိုးရဟာ ဒီမိုကရေ စီစနစ်ကို ကျင့်သုံးခဲ့သလို ကိုလံဘိုစီမံ ကိန်းအဖွဲ့ ဝင်နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ခဲ့ ရတဲ့အတွက် အနောက်နိုင်ငံကြီးတွေနဲ့ ဥရောပနိုင်ငံကြီးတွေရဲ့ စီးပွားရေး၊ ငွေ ကြေးအထောက်အပံ့အကူအညီကို ရရှိ ခဲ့ပြန်တာကြောင့် အရှေ့တောင်အာရှမှာ လုံးဝမျက်နှာမငယ်ဘဲ တိုးတက်မှုရှိလာ တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ဖူးပါတယ်။ နှိုင်း ယှဉ် ပြီးပြောရမယ်ဆိုရင်လည်း အခု အ ပြည်ပြည်ဆိုင်ရာ ရန် ကုန်လေဆိပ်ဖြစ်တဲ့ မင်္ဂလာဒုံလေဆိပ်ဟာ အရှေ့တောင်အာရှ မှာ အကောင်းဆုံးလေဆိပ်စာရင်းဝင် ဖြစ်ခဲ့ဖူးပါတယ်။ ပြည်ပနိုင်ငံတွေနဲ့ စီး ပွားကုန်သွယ်နယ်ပယ်တိုင်းမှာ လူရာ သွင်းတာခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ကောင်း နေတဲ့ အခြေအနေတစ်ရပ်ကနေပြီး ရုတ်ချည်း တိုင်းပြည်ရဲ့အာဏာကို ခေတ် အဆက်ဆက်လက်ပြောင်း လက်လွှဲ လုပ်၊ ပြည်သူလူထုလက်ထဲ အာဏာပြန်အပ်ရ မှာစိုးလို့ ဇွတ်တိုးပြီး အချိန်တွေ မကုန် ကုန်အောင်အချိန်ဆွဲရင်း မိုက်မဲခြင်းလမ်း ကြောင်းကို ရှေ့ဆက်တိုးခဲ့ကြတဲ့ လက် တစ်ဆုပ်စာ၊ စစ်အုပ်စုဝင် အာဏာရှင် တစ်စုကြောင့် တိုင်းပြည်က ကျွန်တော် တို့ မြန်မာလူထုကြီးတစ်ရပ်လုံးဟာ ‘မွဲ ပြာကျ’ စာရင်းဝင်အဆင့် လျှောကျခံစား ခဲ့ကြရ ပါ တယ်။ ပြည်ပမှာရှိတဲ့ ဒီမိုကရေ စီနိုင်ငံကြီးတွေရဲ့ စီးပွားရေး ကန့်သတ် မှု၊ ပိတ်ပင်မှုတွေဟာလည်း လူထုအပေါ် မှာ ညှာတာသနားမှုကင်းမဲ့လှတဲ့ စစ် အုပ်စုကို ဒဏ် ခတ် မှုပြုရာက နောက် ဆက်တွဲ ပေါ်ပေါက်ခဲ့ရပါတယ်။ အဲဒီ့ လိုစီးပွားရေးဖြတ်တောက်မှု၊ ကူညီမှုတွေ မရပ်စဲခင် အချိန်ကာလအထိ လက်ခံ ရရှိခဲ့သမျှ ကိုလံဘို စီမံကိန်း လို မျိုး ပြည် ပအကူအညီတွေ ငွေကြေးတွေဟာလည်း လူထုဘက်က လုံးဝသိခွင့်မရအောင် တိုင်းရေးပြည်ရေး နိုင်ငံရေးစပ်ကူးမတ် ကူးကာလမှာ ခြေရာဖျော က်ဖို့ ရေ အ နှောက် ခံလိုက်ရပါတယ်။ စစ်အုပ်စုတွေ က တိုင်းပြည်ရဲ့ ရသုံးမှန်းခြေငွေစာရင်း ကို ပြည်သူသိရအောင် ပွင့်လင်းမြင်သာ ချမပြဘဲ ‘ဖျောက်’ထားခဲ့တာ ကာလ အကြာကြီးပါပဲ။
ဘာကြောင့် သူတို့အုပ်စု ဒဏ်ခတ် ခံကြရတာလဲဆိုတာ သူတို့ လက်ဝါးကြီး အုပ်ထားတဲ့ မီဒီယာတွေကတစ်ဆင့် ကျွန်တော်တို့ ပြည်သူလူထုကို ပွင့်ပွင့် လင်းလင်း ဝန်မခံရဲကြဘဲ..သူတို့တစ် တွေ စီးပွားရေး ဘေးကျပ်နံကျပ်ဖြစ် နေကြတုန်းမှာ ပွဲလန့်တုန်းဖျာခင်းဆိုသ လို သူတို့ အုပ်စုထဲကို အသာစီးက ခြေ သံပြင်းပြင်းနဲ့ တစ်ထစ် ချင်းနင်းပြီး ဝင် လာတဲ့ ‘တရုတ်’ရဲ့ ဂုဏ်ကျေးဇူးကိုပဲ ဦးခိုက်ဦးညွှတ် တတွတ်တွတ် ရေရွတ် ပြောဆိုနေကြတာ အံ့သြမိပါတယ်။ သူ တို့သက်တမ်း ကာလတစ်လျှော က် လုံးမှာ သူတို့ရဲ့ကျောကုန်းကြီးတွေကို ကုန်းပေး ထားပြီး အားကိုးတကြီးနဲ့သူတို့ တက်အ နင်းခံခဲ့ကြတဲ့ ‘တရုတ်က ကူညီနေပါ တယ်’ဆိုတဲ့ စီးပွားရေးစနစ်ဟာ ကျွန် တော် တို့ ပြည်သူလူထုအတွက်တော့ ခေတ်သစ်စီးပွားရေး ဖက်ဆစ်စနစ်လက် သစ်ကြီး ဖြစ်ခဲ့ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ခေတ်ဟောင်း လွတ်လပ်ရေး မရခင်တုန်းက တိုက်ပွဲဝင်ခဲ့ရတဲ့ ဂျပန် ဖက်ဆစ်စနစ်က ကျွန်တော်တို့ မြန်မာ လူမျိုးတွေရဲ့ အရေခွံတွေကို ရေနွေးပူ လောင်းပြီး နွှာတာပါ။ လက်သည်းခွံကို ပလာရာနဲ့ ဆွဲချွတ်တဲ့ ရက် ရက်စက်စက် ဖက်ဆစ်စနစ်ပါ။ ပါးရိုက်နားရိုက် ခံခဲ့ ရတဲ့စနစ်ပါ။ အခုခေတ်ပေါ် ‘တရုတ်က ကျင့်သုံးတဲ့ လက်သစ်ဖက်ဆစ်စနစ် စီး ပွားရေး’ကြောင့် ကျွန်တော်တို့မှာ ကျွင်း ကျွင်းကျန်ကျန်လေးရှိသမျှ မြန်မာ့သယံ ဇာတ မှန်သမျှလည်း အရေခွံ အနွှာခံ လိုက်ကြရပြီလေ။ အဖိုးတန် ကျွန်းသစ် ရတနာတွေကအစ ပြောင်သလင်းခါ ဘာမှ မကျန်တော့သလောက်ပါပဲ။ ကဲ …ဘယ်မလဲ..လက်ပြောင်း လက် လွှဲလုပ်လာခဲ့သမျှ ဟိုတုန်းက အကူအ ညီအထောက်အပံ့ ရခဲ့ဖူးတဲ့ ကိုလံဘို စီမံကိန်းက ပိုက်ဆံတွေ..။ ကျုပ်တို့ လူထုကို စာရင်းပြန်ရှင်းပြကြလေဗျာ။ သူခိုးကြီးတော့ ဓားပြတဲ့။ ခိုးကြောင်ခိုးဝှက် ရက်ရက်စက် စက်ဓားပြတိုက်ခံထားကြရတဲ့ ပြည်သူ လူထုရဲ့ ပိုက်ဆံတွေကို ဘယ်တိုင်းပြည် တွေမှာများသွားပြီး ဝှက်ထားကြလေသ လဲဗျာ။
ဆောင်းဝင်းလတ်
popularmyanmar.com


No comments:

Post a Comment