Thursday, September 4, 2014

ဆားလင်းကြီးပြည်ခိုင်ဖြိုးမြို့ဆိုင်းဘုတ် ပြင်ဆင်ပေးပါရန်နှင့် တစ်လအတွင်းမပြင်ပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့ စာသားပါ ဆိုင်းဘုတ်သစ် စိုက်ထူမည်ဟုတင်ပြ


ဆားလင်းကြီးမြို့ ပခုက္ကူ- မုံရွာလမ်း ရွှေမုဋ္ဌောကုန်းတွင် စိုက် ထူထားသော ဆားလင်းကြီးပြည်ခိုင် ဖြိုးမြို့စာသားပါ ဆိုင်းဘုတ်မှစာသား များအား ပြင်ဆင်ပေးပါရန်နှင့် တစ် လအတွင်း ပြင်ဆင်ရေးသားခြင်းမပြု ပါက ဆားလင်းကြီးအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် မြို့စာသားပါ မြို့ဆိုင်း ဘုတ်သစ် စိုက်ထူမည်ဖြစ်ကြောင်း၊ ဆားလင်းကြီးမြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က မြို့နယ်ကော်မ ရှင်နှင့် သက်ဆိုင်ရာဌာနများထံ သြ ဂုတ် ၂၉ရက်တွင် အကြောင်းကြားစာ ပေးပို့တင်ပြထားကြောင်း မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမြင့် အောင်က ပြောသည်။

ဆားလင်းကြီးမြို့တွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအ သင်းလက်ထက်က ဆားလင်းကြီး ပြည်ခိုင်ဖြိုးမြို့ စာသားပါဆိုင်းဘုတ် ကို စိုက်ထူထားရှိရာ ထိုစဉ်က အ သင်းအဖြစ်သာ ရပ်တည်သည့်အပြင် လူမှုရေးအဖွဲ့အစည်းအမည်ခံထား ခြင်း၊ တခြားပါတီများ၊ အဖွဲ့အစည်း များလှုပ်ရှားနိုင်သည့် အခွင့်အရေး နည်းပါးခြင်းကြောင့် မြို့လူထုမှလက် ခံခဲ့ကြောင်း သိရသည်။
''အရင်က အသင်းဆိုင်းဘုတ် ဖြစ်တဲ့အတွက် လျစ်လျူရှုပေးပါရန် မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်း ရေးမှူးများနဲ့ ပြီးခဲ့တဲ့ဇွန်၆ရက်က တွေ့ဆုံရာမှာ ပြောကြားခဲ့လို့ လက် ခံခဲ့ပါတယ်။ အခုသြဂုတ် ၂၆ရက်က နေ ၂၈ရက်အထိ အဲဒီဆိုင်းဘုတ်ကို ကြံ့ခိုင်ရေးပါတီက လာပြင်တယ်။ ဒီ လိုအသစ်ပြင်တာကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့မြို့ ဟာ ကြံ့ခိုင်ရေးမြို့လဲ မဟုတ်ပါဘူး။ ဒါကြောင့် လက်မခံနိုင်လို့ သက်ဆိုင် ရာကော်မရှင်ကို စာနဲ့တင်ပြအကြောင်း ကြားတာပါ'' ဟု ဦးမြင့်အောင်ကပြော သည်။
ဆားလင်းကြီးမြို့တွင် မြို့ဝင် မြို့ထွက်နေရာများ၌ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဆားလင်းကြီးမြို့ စာသားပါဆိုင်းဘုတ်ကြီးများကို ခံ့ ညားသပ်ရပ်စွာ စိုက်ထူထားရှိသဖြင့် မြို့အမည် စာသားမဟုတ်သော နိုင်ငံ ရေးပါတီတစ်ခု အမည်ပါ စာသား များဖြစ်၍ မြို့အမည်သာရေးသား သင့်ကြောင်း၊ အကယ်၍အဆိုပါဆိုင်း ဘုတ်စာသားများကို စာတင်ပြသည့် နေ့မှ တစ်လအတွင်း ပြောင်းလဲခြင်း မပြုပါက ၄င်းတို့ပါတီမှလည်း ဆိုင်း ဘုတ်စိုက်ထူမည်ဖြစ်ကြောင်း မြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲ မှူးကြီးနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့များထံ လိပ်မူတင်ပြအကြောင်း ကြားထားသည်ဟု သိရသည်။
အဆိုပါပြည်ခိုင်ဖြိုးမြို့/ရွာစာ သားပါဆိုင်းဘုတ်များကို ကြံ့ခိုင်ရေး အသင်းလက်ထက်က မုံရွာခရိုင်အ တွင်း မြို့ရွာတချို့နှင့်မြင်းခြံခရိုင်အ တွင်း တောင်သာ၊ ကျောက်ပန်းတောင်း၊ ပုဂံ၊ ညောင်ဦးမြို့နယ်များတွင် စိုက်ထူ မှုပြုလုပ်ထားရှိခဲ့ကြောင်း၊ ဆားလင်း ကြီး ပြည်ခိုင်ဖြိုးမြို့အမည်ပါ ဆိုင်း ဘုတ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ငှားရမ်းခိုင်းစေမှုဖြင့် အမှတ်(၂) ကုန်းခင်ရပ်မှ ဦးဌေးအောင် နှင့်အဖွဲ့က ပြုပြင်မှုလုပ်ငန်းများဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
‪TheYangonTimes‬

No comments:

Post a Comment