Monday, September 8, 2014

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး KNU ပူးပေါင်းလုပ်ကိုင်မည်

Photo: ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး KNU ပူးပေါင်းလုပ်ကိုင်မည်
Monday, September 8, 2014

ကရင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အစိုးရအဖွဲ့ အစည်းတွေနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ ပူးပေါင်းလုပ်ကိုင်သွားဖို့ စီစဉ်နေ ကြပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ကရင်ပြည်နယ်မှာ ခရီးသွားလုပ်ငန်းတွေဆောင်ရွက်သွားဖို့ ဆွေးနွေးကြတာဖြစ်တယ်လို့ ဒီနေ့ ဆွေးနွေးပွဲမှာပါဝင်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့်က ပြောပါတယ်။

"အဓိကဦးတည်ချက်ကတော့ အစိုးရအနေနဲ့ လုပ်ပေးနိုင်တဲ့ဟာတွေ၊ ခွင့်ပြုနိုင်တဲ့ ဟာတွေ နောက်တစ်ခါ အပစ်အခက်ရပ်စဲရေး ချုပ်ဆိုထားတဲ့အဖွဲ့တွေက နောက်ပိုင်းမှာ စီးပွားရေးဆောင်ရွက်တဲ့အခါမှာ၊ ဖွံ့ဖြိုးရေးဆောင်ရွက်တဲ့အခါမှာ လုပ်သင့်လုပ်ထိုက်တဲ့ ဟာတွေကို အဓိက မျှဝေတာဖြစ်ပါတယ်ခင်ဗျ၊ ဒီလိုလာပြီးတော့ ဒီစီးပွားရေးကုမ္မဏီတွေ ကနေပြီးတော့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းအတွက် လုပ်ကြသေးတဲ့အဆင့်အထိ မရောက် ကြသေးပါဘူး၊ ဒီနေရာတွေမှာ ပြည်တွင်းစစ်ရဲ့အနေအထား၊ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းခွင့်ဟာ ဘယ်လောက်ရှိနိုင်လဲ၊ ဘယ်လိုရှိနေလဲဆိုတာ နိုင်ငံတကာမှာလာကြတဲ့ ရင်းနှီးမြှပ်နှံမယ့်လူတွေ၊ နောက်ထပ် နိုင်ငံတကာကနေ ကူညီကြတဲ့ NGO အဖွဲ့အစည်းတွေ အတွက်လည်း သိသင့်သိထိုက်တဲ့အတွက် မြန်မာငြိမ်းချမ်းရေးစင်တာကတော့ ဒီငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းတွေကို ရှင်းပြပြီးဖြစ်ပါတယ်"

ကရင်ပြည်နယ်က ဘားအံ ၊ သံတောင်ကြီးမြို့နဲ့ ဇွဲကပင်တောင်တွေဟာ ခရီးသွားဧည့် သည်တွေ စိတ်ဝင်စားမှုရှိတဲ့နေရာတွေဖြစ်ပါတယ်။

ခရီးသွားဧည့်သည်တွေ လာရောက် လည်ပတ်နိုင်ဖို့အတွက် ပြည်နယ်အတွင်း ဆွဲဆောင်မှု ရှိမယ့် နေရာဒေသတွေကို အများသိအောင် ဖေါ်ထုတ်သင့်တယ်လို့ ဆွေးနွေးခဲ့ကြတယ် လို့လည်း သိရပါတယ်။

RFA
ကရင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အစိုးရအဖွဲ့ အစည်းတွေနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ ပူးပေါင်းလုပ်ကိုင်သွားဖို့ စီစဉ်နေ ကြပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ကရင်ပြည်နယ်မှာ ခရီးသွား လုပ်ငန်းတွေဆောင်ရွက်သွားဖို့ ဆွေးနွေးကြတာဖြစ်တယ်လို့ ဒီနေ့ ဆွေးနွေးပွဲမှာပါဝင်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့်က ပြောပါတယ်။

"အဓိကဦးတည်ချက်ကတော့ အစိုးရအနေနဲ့ လုပ်ပေးနိုင်တဲ့ဟာတွေ၊ ခွင့်ပြုနိုင်တဲ့ ဟာတွေ နောက်တစ်ခါ အပစ်အခက်ရပ်စဲရေး ချုပ်ဆိုထားတဲ့အဖွဲ့တွေက နောက်ပိုင်းမှာ စီးပွားရေးဆောင်ရွက်တဲ့အခါမှာ၊ ဖွံ့ဖြိုးရေးဆောင်ရွက်တဲ့အခါမှာ လုပ်သင့်လုပ်ထိုက်တဲ့ ဟာတွေကို အဓိက မျှဝေတာဖြစ်ပါတယ်ခင်ဗျ၊ ဒီလိုလာပြီးတော့ ဒီစီးပွားရေးကုမ္မဏီတွေ ကနေပြီးတော့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းအတွက် လုပ်ကြသေးတဲ့အဆင့်အထိ မရောက် ကြသေးပါဘူး၊ ဒီနေရာတွေမှာ ပြည်တွင်းစစ်ရဲ့အနေအထား၊ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းခွင့်ဟာ ဘယ်လောက်ရှိနိုင်လဲ၊ ဘယ်လိုရှိနေလဲဆိုတာ နိုင်ငံတကာမှာလာကြတဲ့ ရင်းနှီးမြှပ်နှံမယ့်လူတွေ၊ နောက်ထပ် နိုင်ငံတကာကနေ ကူညီကြတဲ့ NGO အဖွဲ့အစည်းတွေ အတွက်လည်း သိသင့်သိထိုက်တဲ့အတွက် မြန်မာငြိမ်းချမ်းရေးစင်တာကတော့ ဒီငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းတွေကို ရှင်းပြပြီးဖြစ်ပါတယ်"

ကရင်ပြည်နယ်က ဘားအံ ၊ သံတောင်ကြီးမြို့နဲ့ ဇွဲကပင်တောင်တွေဟာ ခရီးသွားဧည့် သည်တွေ စိတ်ဝင်စားမှုရှိတဲ့နေရာတွေဖြစ်ပါတယ်။

ခရီးသွားဧည့်သည်တွေ လာရောက် လည်ပတ်နိုင်ဖို့အတွက် ပြည်နယ်အတွင်း ဆွဲဆောင်မှု ရှိမယ့် နေရာဒေသတွေကို အများ သိအောင် ဖေါ်ထုတ်သင့်တယ်လို့ ဆွေးနွေးခဲ့ကြတယ် လို့လည်း သိရပါတယ်။

RFA

No comments:

Post a Comment