Monday, September 29, 2014

သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးသွားသော လူငယ်၏မိသားစုကို ကျပ်သိန်း ၁၀၀ ဖြင့် ညှိနှိုင်းဟုဆို

သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးသွားသောရှမ်းလူငယ် စိုင်းပေါင်းပေါင်း (ခ) စိုင်းရန် အောင်ရှင်းအမှုကို လာမည့် အင်္ဂါနေ့၌ တရားရုံးချိန်း ချိန်းဆို ထားစဉ်အတွင်း မြို့မပြည်သူစစ်အဖွဲ့က သေဆုံးသူမိသားစုထံသို့ ကျပ်သိန်းတစ်ရာနှင့် အမှုကျေ အေးရန် လာရောက်ညှိနှိုင်းနေ ကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။

‘‘လာညှိတာ သုံးကြိမ်ရှိသွား ပြီ။ မြို့မပြည်သူ့စစ်ကိုယ်စား ကြားနေလူတွေကနေ လာညှိ တာ။ ကျေအေးရင် သိန်းတစ်ရာ ပေးမယ်တဲ့။ သိန်းတစ်ရာဆိုတာ ရာမ(မူးယစ်ဆေးဝါး)နို့ဆီဘူး နှစ် ခွက်၊ သုံးခွက်လောက်ပဲမို့ သူတို့ အဖွဲ့အတွက် ရှာဖို့လွယ်ပါတယ်။ ဘယ်သူဘယ်ဝါပဲ ပေးပေး ကျွန်တော်တို့က လက်မခံဘူး။ ဥပဒေ အတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမယ်’’ဟု စိုင်းပေါင်းပေါင်း၏ အစ်ကိုဖြစ်သူ  စိုင်းအိုက်အောင်း ကပြောသည်။


ယခုအခါ သံသယတရားခံ ကို မူဆယ်ခရိုင်ရဲစခန်းတွင် ရာဇ သတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှု ဖွင့်ထားပြီး မူဆယ်တရားရုံးက စက်တင်ဘာ ၃၀ ရက်သို့ ရုံးချိန်းချိန်းဆိုထားသည်။

ဇူလိုင် ၂၃ ရက်၊ ည ၇ နာရီ ခွဲခန့်က နမ့်ခမ်းမြို့နယ်နေ အ သက် (၂၄) နှစ်အရွယ် စိုင်းရန် အောင်ရှင်းနှင့် မိတ်ဆွေတစ်ဦး ဆိုင်ကယ်စီးလာစဉ် လက်နက် ကိုင်အဖွဲ့တစ်ဖွဲ့က စစ်ဆေးရန် တားမြစ်ခဲ့သည်ဟုဆိုသည်။ ဆိုင်ကယ်ရပ်မပေး၍ သေနတ်ဖြင့် သုံးချက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး စိုင်းပေါင်းပေါင်းမှာ ဦးခေါင်းတွင် သေနတ်ထိမှန်သေဆုံးခဲ့သည်။ စိုင်းပေါင်းပေါင်း၏ မိသားစုက ဇူလိုင် ၂၄ ရက်၌ နမ့်ခမ်းမြို့ နယ်ရဲစခန်းသို့ သွားရောက်အမှု ဖွင့်လှစ်ခဲ့သော်လည်း ရဲစခန်းက အမှုလက်မခံခဲ့ကြောင်း မိသားစုကပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် လက်နက်ကိုင်အဖွဲ့မှာ မြို့မပြည် သူ့စစ်တပ်ဖွဲ့များဖြစ်ပြီး ၎င်းတို့ သည် မြန်မာ့တပ်မတော်လက် အောက်တွင်ရှိသောကြောင့် ရဲစ ခန်းအနေဖြင့် အမှုကိုဆက်လက် စုံစမ်းရန် လိုအပ်နေကြောင်း ဆိုခဲ့ သည်။ ထို့နောက်ဇူလိုင်လနှောင် ပိုင်း၌ စိုင်းပေါင်းပေါင်းအမှု အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးနေကြောင်း မူဆယ် ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းကပြောခဲ့သည်။

 သေနတ်ဖြင့် ပစ်ခတ်ခဲ့ သည့်  လက်နက်ကိုင်အဖွဲ့မှာ မြို့မ ပြည်သူ့စစ်လက်အောက်ရှိ မန်းပန်ဌာနေပြည်သူ့စစ်တပ်ဖွဲ့ ၀င်တစ်ဦးဖြစ်ကြောင်း နမ့်ခမ်းမြို့ မဲဆန္ဒနယ် အမှတ် (၁) မှ ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းတင်ဦး၊ ဒေသခံရှမ်းနိုင်ငံရေး ပါတီများ၊ နမ့်ခမ်းမြို့နယ် ဖွံ့ဖြိုး ရေးအထောက်အကူအဖွဲ့မှ အဖွဲ့ ၀င်များနှင့် ဒေသခံများက ပြော သည်။

ထိုဖြစ်ရပ်အမှန်ပေါ် ပေါက်ရန် နိုင်ငံတော်သမ္မတ၊ ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနှင့် အရှေ့မြောက်တိုင်း တိုင်းမှူးထံသို့ စာတင်ထားသော်လည်း အကြောင်းပြန်ကြားချက်တစ်စုံတစ်ရာမရရှိကြောင်း စိုင်းတင်ဦးကပြောသည်။

အမှုဖြစ်ပွားခဲ့စဉ်ကပင် တပ်မ (၈၈)တပ်မမှူး ဗိုလ်မှူးကြီးသက်ထွန်းဦးက နမ့်ခမ်းမြို့နယ်ဖွံ့ဖြိုးမှု အထောက်အကူပြုအဖွဲ့ဝင် ဦးစိုင်းအောင်ဝင်းကို ခေါ်ယူတွေ့ဆုံခဲ့သည်ဟုဆိုသည်။ လုပ်ထုံးလုပ်နည်းနှင့် အညီ စစ်ဆေးပြီး အရေးယူပေးမည့်အကြောင်းနှင့် အမှန်ကန်ဆုံးဖြစ်စေရမည်ဟု တပ်မမှူးက ကတိပေးပြောကြားခဲ့သည်ဟု ဦးစိုင်းအောင်ဝင်းကပြောသည်။

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော နမ့်ခမ်းမြို့သည် အစိုးရတပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ များပြားပြီးပြည်သူ့စစ်တပ်ဖွဲ့များ အခြေစိုက် နေရာဒေသဖြစ်သည်။

7Day News Daily 

No comments:

Post a Comment