Monday, September 29, 2014

မင်းတုန်းမင်းတရားကြီးပုံတော်ကို မဖွယ်မရာပြုမူပြီး ဓာတ်ပုံရိုက်ကူးကာ Facebook ပေါ်တင်သူအား စုံစမ်းဖော်ထုတ်၍ အရေးယူသွားမည်

မန္တ လေးမြို့ မြနန်းစံကျော်ရွှေနန်းတော် ကြီးအတွင်းရှိ မင်းတုန်းမင်း တရား ကြီးပုံတော်နှင့်အတူ ယှဉ်တွဲလျက် မဖွယ်မရာပြုမူပြီး ရိုက်ကူး ထားသည့် ဓာတ်ပုံများမှာ ယခုရက်ပိုင်းတွင်လူ မှုကွန်ရက်ဖြစ်သော Facebook စာမျက်နှာများပေါ်၌ ပျံ့နှံ့လျက်ရှိ သောကြောင့် လိုအပ်သည့် စုံစမ်း စစ်ဆေးအရေးယူမှုများကို လုပ် ဆောင်သွား မည်ဖြစ်ကြောင်း ရှေး ဟောင်းသုတေသန၊ အမျိုးသားပြ တိုက်နှင့် စာကြည့်တိုက်များဦးစီးဌာန (မန္တလေး) မှ သိရသည်။

လုပ်ငန်းတာဝန်ကို ပေါ့လျော့စွာ ထမ်းဆောင်ခဲ့ကြသူ ဝန်ထမ်းများ ကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ နှင့်အညီ အရေးယူသွားရန် စစ်ဆေး ဆောင်ရွက်လျက်ရှိသကဲ့သို့ မင်း တုန်းမင်းတရားကြီး ပုံတော်နှင့်အတူ ဓာတ်ပုံရိုက်ကူးလျက် မဖွယ်မရာပြု လုပ်ခဲ့သူကိုလည်း စုံစမ်းဖော်ထုတ် ကာ အရေးယူသွားရန် စီစဉ်လျက်ရှိ ကြောင်း၊ နောင်တွင် အလားတူဖြစ် ရပ်များ ထပ်မံမဖြစ်ပွားစေရေးအ တွက် ဝန်ထမ်းအင်အားတိုးချဲ့၍ စောင့်ကြည့်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ပြီး လိုအပ်ပါက လုံခြုံရေးကင် မရာများကိုပါ တပ်ဆင် သွားမည်ဖြစ် ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

''ဒါဟာ မလုပ်သင့်မလုပ်ထိုက် တဲ့ လုပ်ရပ်တစ်ခုပါ။ မြနန်းစံကျော် ရွှေနန်းတော်ကြီးဆိုတာ မြန်မာလူ မျိုးတွေရဲ့ သမိုင်းဝင်အဖိုးတန်တဲ့ အ မွေအနှစ်တစ်ခုဖြစ်သလို နိုင်ငံတ ကာက ခရီးသွားတွေ စိတ်ဝင်တစား နဲ့ လာရောက်လေ့လာလည်ပတ်ကြ တဲ့ နေရာတစ်ခုလဲဖြစ်ပါတယ်။ ဒီ လိုမျိုး သမိုင်းတန်ဖိုးကြီးမားတဲ့ နေ ရာမှာ အဲဒီလို အဂါရဝဖြစ်စေတဲ့ အပြုအမူတွေကိုပြုလုပ်တာဟာ နိုင်ငံ အတွက် ဂုဏ်သိက္ခာကျဆင်းစေနိုင် ပြီး နိုင်ငံခြားခရီးသွားတွေအမြင်မှာ လဲ အထင်သေးခံရနိုင်ပါတယ်။ မင်း တုန်းမင်းတရားကြီးဟာဆိုရင် သာ သနာပြုမင်းတစ်ပါးဖြစ်တာကြောင့် အခုလိုမျိုး ယှဉ်တွဲပြီး မဖွယ်မရာပုံ စံနဲ့ပြုမူဓာတ်ပုံရိုက်ဖို့ လုံးဝသင့်တော် မှုမရှိပါဘူး။ အဲဒီလိုဓာတ်ပုံရိုက်ပြီး Facebook ပေါ်တင်တဲ့ အမျိုးသမီး ကိုလဲ စုံစမ်းဖော်ထုတ်ပြီး အရေးယူ သွားမှာဖြစ်ပါတယ်'' ဟု ယင်းက ဆက်လက်ရှင်းပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မန္တလေးမြို့သို့ လာရောက်လည်ပတ် ခဲ့သည့် အမျိုးသမီးတစ်ဦးသည် မြ နန်းစံကျော် ရွှေနန်းတော်ကြီးသို့ ရောက်ရှိခိုက် နန်းဆောင်အတွင်းရှိ မင်းတုန်းမင်းတရားကြီး ပုံတော်နှင့် အတူယှဉ်တွဲလျက် ပလ္လင်တော်ပေါ် တွင်ထိုင်ကာ ဓာတ်ပုံရိုက်ကူးခဲ့ပြီး အဆိုပါဓာတ်ပုံကို ၄င်း၏ Facebook စာမျက်နှာပေါ်သို့တင်ရာ ပြန်လည် Share လုပ်သူ များပြားခဲ့ပြီး ထိုသို့ မပြုလုပ်သင့်ကြောင်း ဝေဖန်မှုများ လည်း ထွက်ပေါ်ခဲ့ရာမှ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဆို ပါကိစ္စကို စုံစမ်းဖော်ထုတ်ရန် စီစဉ် ရခြင်းဖြစ်ကြောင်း သိရသည်။


Democracytoday

No comments:

Post a Comment