Wednesday, September 10, 2014

နိုင်ငံခြားသား တိုက်ခိုက်ရေးသမား ၁၂၀၀၀ ကျော် ဆီးရီးယားတွင် ရောက်ရှိနေဟုဆို

foreign fighters 1


foreign fighers2
နိုင်ငံ ၇၄ ခုမှ နိုင်ငံခြားသား ၁၂၀၀၀ ကျော်သည် ဆီရီးယားစစ်ပွဲတွင် ပါဝင်တိုက်ခိုက်လျက် ရှိကြပြီး ထိုနိုင်ငံခြားသားများအနက် ၆၀ မှ ၇၀ ရာ ခိုင် နှုန်းခန့်မှာ အခြား အရှေ့အလယ်ပိုင်း နိုင်ငံများမှ ဖြစ်ကြပြီး ၂၀ မှ ၂၅ ရာခိုင်နှုန်းခန့်မှာ အနောက်နိုင်ငံများမှ ဖြစ်ကြကြောင်း ထင်ရှားသော အကြမ်းဖက်ဝါဒဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ဆိုခဲ့သည်ဟု  အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။လန်ဒန် ဘုရင့်ကောလိပ်မှ အစွန်းရောက်မှု လေ့လာရေး နိုင်ငံတကာဌာန မှ ညွှန်ကြားရေးမှူး ပါမောက္ခ ပီတာနူးမန်း က ဆိုဗီယက် ကျူးကျော် မှုကို ဆန့်ကျင်သည့် ၁၉၈၀ ပြည့်လွန်နှစ်များက အာဖဂန်နစ္စတန် စစ်ပွဲ နောက်ပိုင်းတွင် ယခု ဆီးရီးယား ပဋိပက္ခမှာ နိုင်ငံခြားသား တိုက် ခိုက်ရေး သမားများ အများဆုံး ပါဝင်တိုက်ခိုက်ကြသည့် စစ်ပွဲဖြစ်ကြောင်း ဆိုခဲ့သည်။ ၁၉၈၀ ပြည့်လွန်နှစ်များက အာဖဂန်နစ္စတန် စစ်ပွဲတွင် ဆယ်စုနှစ် တစ်ခုတာ ကာလအတွင်း နိုင်ငံခြားသား ၂၀၀၀၀ အထိ ပါဝင် တိုက်ခိုက်ခဲ့ကြသည်။

သုံးနှစ်မျှသာ ရှိသေးသော ဆီးရီးယား စစ်ပွဲတွင် နိုင်ငံခြားသား ၁၂၀၀၀ ကျော် ပါဝင် တိုက်ခိုက်နေကြပြီဖြစ်ရာ၊ ပီတာနူးမန်းက “ဒီဆီးရီးယား ပဋိပက္ခဟာ မှတ်တမ်း တစ်လျှောက်မှာ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေ အများဆုံး ပါဝင်တိုက်ခိုက်တဲ့ စစ်ပွဲတစ်ခု ဖြစ်လာမယ့် လမ်းကြောင်း ပေါ်ကို ရောက်နေပါတယ်” ဟု ဆိုခဲ့သည်။အာဖဂန်စစ်ပွဲမှ နေ၍ အယ်လ်ကိုင်ဒါနှင့် အခြား ဂျီဟတ်ဝါဒီ ကွန်ရက်များ ပေါ်ထွက်လာခြင်းကို ထောက်ပြ၍ ယခုပဋိပက္ခသည်လည်း စိုးရိမ် ရကြောင်း နူးမန်းက ဆိုသည်။

ဆီးရီးယား ပဋိပက္ခကြောင့် ယခုအခါ ကွန်ရက်သစ်များ ပေါ်ပေါက်လာခဲ့ပြီး နူးမန်းက “နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေကို စည်းရုံး ပါဝင် စေနိုင်တာကြောင့် မျိုးဆက်သစ်တွေရဲ့ လက်ထက်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှိလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည် ယူဆ မိပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။

Ref:AFP

Mizzima

No comments:

Post a Comment