Wednesday, September 10, 2014

ဆီမီးဖိုင်နယ်တွင် မြန်မာယူ-၁၉နှင့် အိမ်ရှင်ဗီယက်နမ် တွေ့ဆုံ

၂၀၁၄ခုနှစ် အာဆီယံ ယူ-၁၉ပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်များကို ယနေ့ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းက အင်ဒိုနီးရှားကို (၃)ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး အုပ်စုဗိုလ်အဖြစ် ဆီမီးတက်ရောက်နိုင်ခဲ့ကာ အခြားတစ်ဖက်တွင် အိမ်ရှင် ဗီယက်နမ်ကို ဂျပန်အသင်း (၂-၃)ဂိုးဖြင့် အနိုင်ရခဲ့သည်။

ယင်းအတွက် စက်တင်ဘာ(၁၁)ရက်နေ့တွင် ကစားမည့် ဆီမီးဖိုင်နယ်ပွဲစဉ်(၁)တွင် မြန်မာနှင့် ဗီယက်နမ်တို့ တွေ့ဆုံနေပြီး
ပွဲစဉ်(၂)တွင် ဂျပန်နှင့် ထိုင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာ-ဗီယက်နမ်ပွဲစဉ်ကို မြန်မာ စံတော်ချိန် ညနေ၄း၀၀တွင် ကစားမည်ဖြစ်ပြီး ည ၆နာရီခွဲတွင် ဂျပန်နှင့် ထိုင်းတို့ ယှဉ်ပြိုင်ရမည်ဟု သိရသည်။

(သတင်းဓာတ်ပုံများကို khampha.vn နှင့် simomot.com တို့မှ ကူးယူဖော်ပြသည်။)

Nz(ရိုးရာလေး)
Ref:wikipedia

No comments:

Post a Comment