Monday, September 15, 2014

သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာတွင် ဘိန်းစိမ်း (၆၇၅) သိန်းဖိုးမိ

နေပြည်တော် မူးယစ်တပ်ဖွဲစု၊ (၁၀၄) မှ ဒုရဲမှူး စောဖိုးအောင် ဦးဆောင်သော အဖွဲ့သည် စက်တင်ဘာလ (၁၃) ရက်နေ့က သာစည် မြို့နယ် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ကျွဲတပ်ဆုံ တိုးဂိတ်အနီးတွင် တောင်ကြီးမှ မိတ်္ထီလာသို့ မောင်းနှင်လာသော (၆က/၈၁၀၇) ရွှေခြင်္သေ့ ခရီးသည် တင်ကားအား အသိသက်သေ များဖြင့် ရပ်တန့် ရှာဖွေရာ မှန်လုံယာဉ် အတွင်း ထိုင်ခုံ အမှတ် (၁၁) မှ စီးလာသူ ပင်လောင်း မြို့နယ်၊ ဆင်တောင် အုပ်စု၊ မိုးဦးရွာနေ ဒေါ်ခင်ခင်မူ (၅၀) နှစ်၏ ဆာလာအိတ် သုံးအိတ်အတွင်းမှ ဆနွမ်းတက်များဖြင့် ရောနှောလျှက် တိပ်အ၀ါရောင်ဖြင့် ပတ်ထားသည့် တစ်ထုတ်လျှင် အလေးချိန် (၁.၅) ကီလိုဂရမ်စီပါ ဘိန်းစိမ်းထုတ် (၃၀)ထုပ် စုစုပေါင်း အလေးချိန် (၄၅) ကီလိုဂရမ်၊ တန်ကြေးငွေ ကျပ် (၆၇၅၀၀၀၀၀) ဖိုးနှင့် လက်ကိုင်ဖုန်း တစ်လုံး၊ ငွေ (၉၀၀၀၀) ကျပ်ကို ရှာဖွေ ဖမ်းဆီးရမိခဲ့သည်။

ဒေါ်ခင်ခင်မူအား စစ်ဆေးရာ ၎င်းဘိန်းစိမ်းများကို ဟိုပင်မြို့၊ ရွှေမှော် အနီး၊ ဝှေခါရွာနေ၊ မလု (၅၂) နှစ်နှင့် ပင်လောင်းမြို့နယ်၊ သဲလျှန် အုပ်စု၊ ပိုင်းအယ်ရွာနေ၊ ဦးစံငွေ(၄၂) နှစ် တို့ထံမှ ဘိန်းစိမ်း တစ်ပိဿ (၅၅၀၀၀၀) ကျပ်နှုန်းဖြင့် ပိဿ (၃၀) ၀ယ်ယူခဲ့ကြောင်း အစစ်ခံ ခဲ့သည်။ ဘိန်းစိမ်းများ လက်ဝယ်တွေ့ရှိ သယ်ဆောင် ရောင်းဝယ် ဖြန့်ဖြူးသူ ဒေါ်ခင်ခင်မူအား ရဲအုပ် ဇော်မြင့်ဦးမှ တရားလိုပြု လုပ်၍ သာစည်မြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားရာ ဒေါ်ခင်ခင်မူနှင့် မလု၊ ဦးစံငွေ တို့အား သာစည်ရဲစခန်း မူးယစ် (ပ) (၇/၂၀၁၄)၊ မူး/စိတ်ပုဒ်မ (၁၅)/ ၁၉(က)၊ ၂၀(က)ဖြင့် အမှုဖွင့် အရေးယူ ထားသည်။ ကွင်းဆက် တရားခံ မလုနှင့် ဦးစံငွေတို့ အားလည်း ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ ပြောသည်။

Messenger

No comments:

Post a Comment