Monday, September 22, 2014

မြန်ပြည်မြောက်ပိုင်း-ဒေသခံပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ဘယ်သို့ ကာကွယ်ကြမည်နည်း ?....

၂၀-၉-၂၀၁၄ ရက်နေ့ဖားကန့်မြို့နယ်၊ ဟောင်ပါးအုပ်စု၊ တာမခန်ဒေသ-တွင်(၁၁-၉-၂၀၁၄)ရက်နေ့နှင့် (၁၂-၉-၂၀၁၄)ရက်နေ့များ`၌ KIA အဖွဲ့မှ ကျေးရွာတွင်းရှိ တည်းခိုဆောင် များသို့ လာရောက်ပြီး၊ ဧည့်သည်စာရင်းများတောင်း ဆိုကာ ယင်းဧည့်သည်များထဲမှ မည်သူမည်ဝါကို ၄င်းတို့ တိုက်နယ်ရုံးရှိရာသို့ စေလွှတ်ပေးရမည်ဟု ဥပဒေမဲ့ အနိုင်ကျင့် ဖိအားပေး ပြောဆိုခဲ့ကြောင်း သိရှိရသည်။

မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့နယ်ခွဲ၊ နောင်ပွဲကျေးရွာတွင်-(၂၀-၉-၂၀၁၄)ရက်နေ့ KIA ရင်း(၅)မှ ဗိုလ်ကြီးအဆင့် ရှိသူ တူးအောင်နှင့်အဖွဲ့သည့် ကျေးရွာတွင်းသို့ ၀င်ရောက်လာပြီး၊ မူးယစ်ဆေးဝါးသုံးစွဲရန်အတွက်ဟုဆိုကာ မူးယစ်ဆေးဝါးရှာဖွေ ပေးရန် အဓမ္မ အတင်းအကြပ် လက်နက်အားကိုဖြင့် ခိုင်းစေခဲ့သည်။ ရှာဖွေရန် မလွယ်ကူကြောင်း ပြောဆိုသည့်အခါ ခြိမ်းခြောက် ကြိမ်းမောင်းပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဖားကန့်မြို့နယ်၊ ကားမိုင်းမြို့၌ (၁၉-၉-၂၀၁၄)ရက်နေ့ နံနက်(၉း၀၀)နာရီခန့်တွင် KIAအဖွဲ့၏ ဒုတိုက်နယ်မှူးး ဦးလခေါန်ဆိုသူနှင့်အဖွဲ့သည် ကားမိုင်းမြို့တွင်းသို့ ပေါ်ပေါ်ထင်ထင် ၀င်ရောက်လာပြီး ဦးမရန်ဒွဲ နေအိမ်တွင် စခန်းချကာ ဒေသခံ ပြည်သူများထံမှ ဆက်ကြေးငွေများတောင်းခံနေကြောင်း၊ ၀မ်းစာအတွက် ငါးဖမ်း(ငါရှဥ့်ဖမ်း)နေကြသည့် လူငယ်များထံမှ ဆက်ကြေးတောင်း ကောက် ခံနေကြောင်းတို့ကိုသိရှိရ၍ ထိုသို့ လူ့အခွင့်အရေးချိုးဖောက်၊ လက်နက်အားကိုး ခြိမ်းခြောက် မတရား ဆက်ကြေးကောက်ခံနေခြင်းကို ဒေသခံပြည်သူများမှ မလိုလား မနှစ်သက်သည့်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူပေါင်းကာ ဖမ်းဆီးလိုက်သည်ဟု သိရှိရသည်။

ထိုကဲ့သို့ KIA အဖွဲ့မှ လက်နက်အားကိုး အနိုင်ကျင့် ဆက်ကြေးကောက်ခံ အနိုင်ကျင့်ခိုင်းစေခြင်းများသည် မဖြစ်သင့်တော့သော ကိစ္စဖြစ်သည်။

လက်နက်အားကို အနိုင်ကျင့်ခြင်းကို မည်ကဲ့သို့ ကာကွယ်ကြမည်နည်း.. တပ်မတော်နှင့်ပြည်သူ့ရဲ များ ကိုလည်း နိုင်ငံတော်မှ နေရာဒေသအားလုံးတွင် မချထားပေးနိုင်ပေ။

ဒေသခံပြည်သူများ မည်သို့ လုပ်ကြရမည်နည်း….?
ဤကဲ့သို့ပင် လက်နက်ကိုင် အဖွဲ့များ၏ အနိုင်ကျင့်ခြင်းကို ခံနေကြရတော့မည်လား…?

Sai Thar Zone
Northern-Myanmar

No comments:

Post a Comment