Monday, September 15, 2014

ကျောက်ဆည်ဇင်းနစ်ဓါတ်အားခွဲစက်ရုံ မိုးကြိုးပစ်ခံရ၍ ရန်ကုန်တမြို့လုံး မီးပျက်

ကျောက်ဆည်မြို့ရှိ ဇင်းနစ်ဓါတ်အားခွဲစက်ရုံအား ယနေ့ နံနက်ပိုင်းတွင် မိုးကြိုးပစ်ခံရသဖြင့် ရန်ကုန်မြို့သို့ ဓါတ်အားပေးလွှတ်မှုကို ဖြတ်တောက်ထားရကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးမောင်မောင်လတ်က ပြောသည်။

ရန်ကုန်တမြို့လုံးတွင် ယနေ့နံနက်အစောပိုင်းက စတင်၍ မီးပြတ်တောက်မှုဖြစ်ပေါ်နေရခြင်းနှင့် ပတ်သက်၍မေးမြန်းမှုန်းမှုအပေါ် ယင်းကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

"ရှပ်လီတာကို မိုးကြိုးပစ်ခံလိုက်ရလို့ System ဂရိတ်ဒေါင်းဖြစ်သွားတာပါ၊ မနက် ၆ နာရီလောက်က ပစ်ခံလိုက်ရတာ ဖြစ်ပါတယ်၊ အခုပြန်လည်ပြင်ဆင်မှုတွေ လုပ်နေပါပြီ၊ တဆင့်ချင်း မီးပြန်ဖွင့်ပေးနေပါပြီ"ဟု ဦးမောင်မောင်လတ်ကပြောသည်။

ရန်ကုန်မြို့တွင်းမြို့နယ်အတော်များများ၌ မီးပြတ်တောက်နေသည်မှာ အချိန် ၅ နာရီခန့် ကြာမြင့်နေပြီဖြစ်ပြီး လျှပ်စစ်မီးအမှီပြုလုပ်ကိုင်နေသော လုပ်ငန်းအချို့ အခက်အခဲဖြစ်ပေါ်နေရသည်။

စောင့်ကြည့်ဂျာနယ်

No comments:

Post a Comment