Monday, September 15, 2014

ကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်များကို ဘင်္ဂါလီ ၄၀ ခန့်ရန်ပြု၍ သေနတ်ပစ်လူစုခွဲဟုဆို

စစ်တွေမြို့နယ်မှန်စီ ချောင်းဝ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ ဝင်များ လှည့်ကင်းဆောင်ရွက်နေ စဉ်  ဘင်္ဂါလီလူမျိုး ၄၀ ခန့်က တုတ်၊ ဓားများဖြင့် ရန်ပြုရန်ကြိုးစားခဲ့သဖြင့် အဓိကရုဏ်းနှိမ်နှင်းရေး စနစ်ဖြင့် သေနတ် ပစ်ဖောက်လူစုခွဲခဲ့ရကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၁၁ ရက် ည ၉ နာရီခန့်က မှန်စီရဲကင်းမှတပ်ဖွဲ့ဝင်များ  ပင်လယ်ကမ်းခြေတစ် လျှောက်  လှည့်ကင်းဆောင်ရွက်နေစဉ်  စက်လှေအကြီးတစ်စီးကမ်းခြေသို့  ချဉ်းကပ်နေသဖြင့် စစ်ဆေးရန် သွားရောက်ခဲ့ရာမှ ကမ်းခြေသောင်ပြင်ပေါ်ရှိ လူ ၄၀ ခန့်က လက်နက်များဖြင့် ဝိုင်းဝန်း ရန်ပြုရန် ကြိုးစားခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။


 ရဲတပ်ဖွဲ့က သေနတ်တစ် ချက်ပစ်ဖောက်  လူစုခွဲခဲ့သော် လည်း လူစုမကွဲဘဲ ဆက်လက် အော်ဟစ်နေသဖြင့် 38 mm Anti-Roit အဓိကရုဏ်းနှိမ်နင်းရေးသေနတ်ဖြင့် တစ်ချက်ထပ်မံပစ်ဖောက်ခဲ့ရာ  ကမ်းခြေရှိလူအချို့ထွက်ပြေးသွားခဲ့ပြီး ကျန်လူအချို့နှင့် စက်လှေပေါ်မှ လူများကမ်းခြေတွင်ပူးပေါင်း၍ ရန်ပြုရန် ဆက်လက်ကြိုးစားခဲ့သောကြောင့် သေနတ်တစ်ချက်ထပ်မံ ပစ်ခတ်၍ လူစုခွဲခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ်းခြေသို့ ဆိုက်ကပ်နေ သော စက်လှေမှာ ပင်လယ်ဘက် သို့ ချက်ချင်းပြန်လည်ထွက်ခွာခဲ့ ရာ ကမ်းခြေမှ ပေ ၂၀၀ ကျော်ခန့် အကွာတွင် ငါးဖမ်းပိုက်များနှင့် ညှိ၍ စက်ရပ်တန့်သွားခဲ့ရသည် ဟု ဆိုသည်။ အခင်းဖြစ်ပွာရာနေ ရာသို့ လုံခြုံရေးတပ်ဖွဲ့များထပ်မံ ရောက်ရှိပြီး အခြေအနေကို ထိန်း သိမ်းနိုင်ခဲ့ကာ အဆိုပါစက်လှေ ကို ကမ်းခြေသို့ပြန်လည်ဆွဲယူ နိုင်ခဲ့ကြောင်း  သတင်းထုတ်ပြန် သည်။  ယင်းစက်လှေပေါ်တွင် ဘင်္ဂါလီလူမျိုးကျားသုံးဦး၊ မ,ခြောက်ဦး၊ စားနပ်ရိက္ခာ၊ ခရီး ဝေးသွားပစ္စည်းများဖြင့် တွေ့ရကြောင်းဖော်ပြထားသည်။
  အခင်းဖြစ်ပွားရာနေရာ အနီး ပင်လယ်ကမ်းစပ်တွင် အမည်မသိ ဘင်္ဂါလီလူမျိုး အမျိုး သားတစ်ဦး၊ အမျိုးသမီးတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရသဖြင့် စစ်ဆေးရာ စက်လှေပေါ်မှ ခုန်ချ ထွက်ပြေးစဉ် ရေနစ်သေဆုံးခဲ့ ကြောင်း စစ်ဆေးတွေ့ရှိ ၍ စစ် တွေပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရဖွဲ့မှ သတင်းထုတ်ပြန်သည်။ ယင်းဖြစ်စဉ်ကို စစ်တွေ အမှတ်(၁)ရဲစခန်းသို့လွှဲပြောင်းပေး၍ စစ်ဆေးဆောင်ရွက်နေသည်ဟု ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
 အခင်းဖြစ်ပွားခဲ့သော စစ် တွေမြို့အနောက်ပိုင်းဒေသတွင် ဘင်္ဂါလီဒုက္ခသည်စခန်းများ၊ ကျေးရွာများ တည်ရှိပြီး ခန့်မှန်းလူ ဦးရေ တစ်သိန်းခန့်ရှိကြောင်း သိရသည်။ သို့သော် ဒေသတွင်း အဖွဲ့အစည်းများကမူ ပင်လယ် ပြင်မှတစ်ဆင့် ခိုးဝင်လာမှုများရှိ သဖြင့် ယင်းပမာဏထက်ပိုများနိုင်ကြောင်း ပြောသည်။
ယင်းစစ်တွေအနောက်ပိုင်း ဒေသတွင် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် တာဝန်ရှိသူများကို ဘင်္ဂါ လီလူမျိုးများက လူအုပ်စုဖြင့် ရန် ပြုခြင်းများ ၂၀၁၃ ခုနှစ်ဆန်းမှစ ၍ မကြာခဏဖြစ်ပွားနေခြင်းဖြစ် သည်။
စစ်တွေအနောက်ဘက် ပင် လယ်ကမ်းခြေလုံခြုံရေးကို ပလ္လင် ပြင်၊ အောင်ဒိုင်၊ ဗေဒါ(မှန်စီ)၊ ပိုက်ဆိပ်၊ သဲချောင်းဝ စသည့် နေရာများတွင် စခန်းငယ်များ ထားရှိဆောင်ရွက်နေကြောင်း အမှတ်(၄)ရဲတပ်ရင်းများကွပ်ကဲ ရေးအဖွဲ့မှ အဆင့်မြင့်အရာရှိတစ် ဦးက ပြောသည်။
‘‘ဒါ့အပြင် ခိုးဝင်ခိုးထွက်နိုင် တဲ့နေရာတွေမှာကလည်း လှည့် ကင်းနဲ့တွေ့လို့ဖြစ်တာ’’ဟု ၎င်းကဆိုသည်။
လက်ရှိအချိန်တွင် ဘင်္ဂါလီ လူမျိုးအများစုနေထိုင်သော စစ် တွေအနောက်ဘက်ဒေသတွင် ရဲတပ်ရင်း(၃၆)၊ နယ်မြေခံရဲတပ် ဖွဲ့နှင့် တပ်မတော်မှ ခမ(၇၂၇၀)က  တာဝန်ယူလုံခြုံရေးဆောင်ရွက်နေကြောင်း   သတင်းရရှိသည်။

7 Day Daily

No comments:

Post a Comment