Thursday, September 4, 2014

အမျိုးသမီးတစ်ဦး၏ အတွင်းခံ အတွင်းမှ ကျပ်သိန်း (၇၀) ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

  မန္တလေးမြို့ ဘူတာကြီးတွင် စက်တင်ဘာလ (၂) ရက်နေ့၊ ညနေ (၅) နာရီ အချိန်က မန္တလေးမှ မြစ်ကြီးနားသို့ ထွက်ခွာမည့် အဆန်ရထား ပေါ်မှ အသက် (၅၇) နှစ်အရွယ် အမျိုးသမီးတစ်ဦးအား မသင်္ကာ၍ စစ်ဆေးရာမှ ၎င်းဝတ်ဆင်ထားသည့် အသားရောင် အတွင်းခံ ဘောင်းဘီအတွင်းမှ ကျပ်သိန်း (၇၀) ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးမြို့ မြန်မာ့ မီးရထား ရဲစခန်းမှ သတင်းရရှိသည်။ ဖြစ်စဉ်မှာ မန္တလေးဘူတာကြီး အတွင်းရှိ မြစ်ကြီးနား အဆန် ရထားပေါ်ရှိ  အဆိုပါ အမျိုးသမီးအား မသင်္ကာသဖြင့် မြန်မာ့ မီးရထား ရဲစခန်းသို့ ခေါ်ယူကာ အမျိုးသမီး ရဲတပ်ဖွဲ့ဝင်များနှင့် မန္တလေးမူးယစ်တပ်ဖွဲ့စု (၁၈)မှ တပ်ဖွဲ့ဝင်များမှ စစ်ဆေးခဲ့ရာ ၄င်းဝတ်ဆင်ထားသည့် အသားရောင် အတွင်းခံ ဘောင်းဘီအတွင်းတွင် ၀ှက်၍ သယ်ဆောင်လာသော အနက်ရောင် ကြွပ်ကြွပ်အိပ်အတွင်းမှ  ၈၈/၁ စာတန်း တစ်ဖက်စီပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား (၂၀၀) ပါ၊ ဆေးပြား အိတ်ခုနစ်အိတ်၊ စုစုပေါင်းဆေးပြား (၁၄၀၀) ပြား၊ အလေးချိန် (၁၄၀) ဂရမ်ခန့်နှင့် အဆန် ရထား ရိုးရိုးတန်း လက်မှတ် တစ်စောင်ကို စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း မှုခင်းမှတ်တမ်း အရ သိရသည်။
                အဆိုပါ အမျိုးသမီးသည် ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ကျေးရွာတစ်ရွာတွင် နေထိုင်သူ တစ်ဦး ဖြစ်ပြီး၊ ၎င်း၏ မူးယစ်ဆေးဝါးပြစ်မှု အတွက် မန္တလေးရထား ရဲစခန်းတွင်  မယ (ပ)စ/၂၀၁၄ မူး/စိတ်ပုဒ်မ ၁၅/ ၁၉  (က) ဖြင့် အမှုဖွင့်ကာ အရေးယူရန် စီစဉ်လျှက် ရှိကြောင်း မန္တလေးမြို့  မြန်မာ့ မီးရထား ရဲစခန်းမှ သိရသည်။  (၂၀၁၄) ခုနှစ် အတွင်း မန္တလေး ဘူတာကြီးတွင် ယင်းဖြစ်စဉ်မျိုး ရှစ်မှု ဖြစ်ပွားခဲ့ပြီး၊ ယခုနှစ်အတွင်း မူးယစ်ဆေးဝါး ကျပ်သိန်း (၉၀၀) ကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။
Messenger News Journal

No comments:

Post a Comment