Monday, September 15, 2014

ရုပ်ရှင်သရုပ်ဆောင်နှင့် လူကြမ်းမင်းသား အရိုက်ခံရ

သာစည်မြို့နယ်၊ ယင်မာပင် ရဲစခန်းအပိုင် ယင်းမာပင် ကျေးရွာတွင် စက်တင်ဘာလ (၁၃) ရက်နေ့က ယင်းမာပင် ကျေးရွာ၊ မြို့မ ရပ်ကွက်ရှိ ဦးအောင်သန်း၏ နေအိမ်တွင် တည်းခိုပြီး၊ ဓားသင်္ချိုင်း အမည်ရှိ ရုပ်ရှင်ဇာတ်ကား ရိုက်နေသော ရုပ်ရှင် သရုပ်ဆောင် ရဲမင်း (ခ) ရဲမင်းထက် (၂၃) နှစ်နှင့် ပျော်ဘွယ်မြို့မှ လူလေးဦး တို့အား သရုပ်ဆောင်ခ တောင်းခံသည့် ကိစ္စနှင့် ပတ်သက်၍ စကားများ ရန်ဖြစ်ရာ အဆိုပါ လူများ နှင့်ပါလာသော ကျော်လင်းအောင် မှ ရဲမင်းအား ဓားဦးချွန်ဖြင့် ထိုးနှက်ခဲ့ရာ နှုတ်ခမ်းအပေါ်
ထိုးမိပြီး ပေါက်ပြဲ၊ နေခြည်စွမ်းမှ ၀ါးတုတ်ဖြင့် ရိုက်သဖြင့် ယာလက်ဖျံ ဖူးယောင်၊ ၀ဲလက်ဖျံ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း ပထမ သတင်းပေးချက် အရ သိရသည်။ ထို့အပြင် လူကြမ်း မင်းသား ကျော်ဆန်းဝင်း၊ (၂၉)နှစ်အား နေခြည်စွမ်း၊ ကျော်လင်းအောင်နှင့် အောင်လင်းထွန်းတို့က တုတ်ဓားဖြင့် ၀ိုင်းဝန်းခုတ်ပြီး၊ ရိုက်နှက်ကြ သဖြင့် ကျော်ဆန်းဝင်းတွင် နဖူး ပေါက်ပြဲ၊ ယာ လက်ညှိုးပြတ်ရှ၊ ယာလက် သန်းကြွယ် ပြတ်ရှ၊ ၀ဲလက်ပြဲပေါက် ဒဏ်ရာများရ ရှိခဲ့ကြောင်း သိရသည်။
တရားလို ရုပ်ရှင်သရုပ်ဆောင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ တိုက်(၂)အခန်း (၁၃) လမ်း-၂ ရိပ်သာလမ်း နေသူရဲမင်း (ခ) ရဲမင်းထက် က ယင်းမာပင် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ရာ ဦးစိုးနိုင်လင်း (၃၄) နှစ်၊ နေခြည်စွမ်း (၂၁) နှစ်၊ ပျော်ဘွယ်မြို့၊ ကျော်လင်းအောင်(ခ) ၀က်ကြီး (၂၀)နှစ်၊ ညောင်နီပင် ကျေးရွာနှင့် အောင်လင်းထွန်း (၃၈) နှစ်၊ ညောင်နီပင် ကျေးရွာ၊ ပျော်ဘွယ်မြို့နယ် တို့အား ယင်းမာပင် ရဲစခန်းက (ပ)၁၂၀/၂၀၁၄က ပုဒ်မ-(၃၂၆၊ ၃၂၅၊ ၄၅၂၊၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူထားသည်။

The Messenger

No comments:

Post a Comment