Wednesday, September 3, 2014

ဓမ္မစေတီခေါင်းလောင်းရှာဖွေရေး ကန့်သတ်ရေပိုင်နက် အနီးမှ ဖြတ်သန်းသွားသော ကျောက်တင်သင်္ဘော အား ၀တ္တရားနှောင့်ယှက်မှုဖြင့် အရေးယူထား



ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးကန့်သတ် ရေပိုင်နက် အနီးမှ ဖြတ်သန်းသွားသော ကျောက်တင်သင်္ဘော တစ်စီးအား လုံခြုံရေးပေးနေသည့် မြန်မာ့ဆိပ်ကမ်းရဲအဖွဲ့မှ စက်တင်ဘာ၁ရက်နေ့တွင် ၀တ္တရားနှောင့်ယှက်မှုဖြင့်အရေးယူထားကြောင်းသိရသည်။
အဆိုပါ ကျောက်တင်သဘောင်္မှာ တောင်ဥက္ကလာပ မြို့နယ် မြင်သာဆိပ်ကမ်းတွင် အုတ်သဲကျောက်စရစ်များချရန် မြစ်ကြောင်း စုန်ဆင်းလာခြင်းဖြစ်ပြီး ၄င်းသဘောင်္မောင်းသူအား ၀တ္တရားနှောင့်ယှက်မှုအပါအ၀င် ပိုင်နက်ကျူးလွန်မှုဖြင့်ပါ တရားစွဲဆိုထားကြောင်း ကျောက်ချလှေသဘောင်္အဖွဲ့မှ ဦးသိန်းအေးကပြောသည်။

“အရင်ကလည်း ဖြတ်သွားနေတာပဲ အခုမှ ရုတ်တရက်ကြီး ဖမ်းဆီးအရေးယူတာကတော့ နားမလည်နိုင်ဘူး သဘောင်္မောင်းသက်၁၅နှစ်ကျော်ပြီ သူ့မှာ အခြားအထောက်အထားစာရွက်တွေလည်းအကုန်ရှိတယ်”ဟု ၄င်းကဆိုသည်။
ထိုသို့ဖြစ်ပျက်ပြီး ညနေပိုင်းတွင် အဆိုပါ သဘောင်္ပိုင်ရှင်က အာမခံပေးမှုဖြင့် ပြန်လွှတ်လာသော်လည်း ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားကြောင်း လမ်းမတော်မြို့နယ် ၀ါးတန်းရဲစခန်းမှ သိရသည်။

No comments:

Post a Comment