Friday, September 12, 2014

ဓမ္မစေတီခေါင်းလောင်း သဲလွန်စမတွေ့ဟု ရေငုပ်သမားပြောကြား ရေငုပ်သမားထက်ဝက် နေရပ်ပြန်ဟုဆို

ရန် ကုန်မြို့အနီး မြစ်သုံးခုဆိုင်တွင်နစ် မြုပ်နေသည်ဆိုသော ဓမ္မစေတီခေါင်း လောင်းကို ရက်ပေါင်း ၂ဝကျော်ကြာ သည်အထိ ရှာဖွေခဲ့သော်လည်း မည် သည့် သဲလွန်စမျှ မတွေ့ကြောင်း ကော့သောင်းမြို့သို့ ပြန်ရောက်လာ သော ရေငုပ်သမား ဦးသန်းညွန့်က ပြောကြားသည်။

ဓမ္မစေတီခေါင်းလောင်း ရှာဖွေ ရန် လိုက်ပါသွားခဲ့သည့် ကော့သောင်း ဒေသခံများ ရေငုပ် ရှာဖွေခဲ့သော် လည်း ခေါင်းလောင်းနှင့်ပတ်သက် သည့် ထူးခြားသည့်အကြောင်းအရာ မတွေ့ရသောကြောင့် ရေငုပ် သမား ထက်ဝက် နေရပ်သို့ ပြန်လာပြီဖြစ် ကြောင်း အသက်အကြီးဆုံး ရေငုပ် သမားလည်းဖြစ်သူ ဦးသန်းညွန့်က ပြောကြားသည်။

ရေငုပ်သမား ရှစ်ဦးအနက် လေး ဦးမှာ စက်တင်ဘာ ၇ ရက်နေ့ကတည်း က မူရင်းနေရပ်ကော့သောင်းမြို့သို့ ပြန်ရောက်နေပြီဖြစ်ပြီးခေါင်းလောင်း ရှာဖွေသည့် ရက်အတွင်း ရေအောက် တွင် သင်္ဘောတစ်စးသာ တွေ့ရှိခဲ့ ပြီး ဓမ္မစေတီခေါင်းလောင်းနှင့် ပတ် သက်၍ မည်သည့် သဲလွန်စမျှမတွေ့ ရှိရကြောင်း၊ နေ့စဉ် ရက်ဆက် တစ် နေရာတည်းတွင်သာ ရေငုပ်ရှာဖွေ ခဲ့ကြောင်း ဦးသန်းညွန့်က ဆိုသည်။

''သောင်တူးစက်တူးတဲ့ နေရာ တွေမှာပဲ ရေငုပ်ရှာရတယ်။ ရေအောက် မှာကလဲ ဘာမှကြည့်လို့မြင်တာ မဟုတ်ဘူး။ ရေတွေက နီကြန်ပြီး တစ်ယောက်နဲ့တစ်ယောက် ရေအောက် မှာ ဝင်တိုက်မိတာတောင် မသိနိုင် ဘူး။ မျက်စိမှိတ်ပြီး၊ လက်နဲ့လျှောက် စမ်းပြီး၊ စမ်းတဝါးဝါး ရှာရတာ မလွယ် ပါဘူး''ဟု ဦးသန်းညွှန့်ကပြောသည်။

သတင်းစာများတွင် ရေးသား ဖော်ပြနေသည့် ရေငုပ်သမားများမှာ ဆလုံလူမျိုးများဆိုသည့် အချက် မှာလည်း မဟုတ်မှန်ကြောင်း ဦးသန်း ညွန့်ကဆိုသည်။

''ဦးတို့ ရေငုပ်သမားတွေကို ဆလုံလူမျိုးလို့ပြောတာ မဟုတ်ပါဘူး။ ဦးက ထားဝယ်လူမျိုးပါ။ ကျန်ခြောက် ဦးကတော့ ကော့သောင်းဒေသခံတွေ ပါ''ဟု ¤င်းကဆိုသည်။

ရေငုပ်ရာတွင် ဦးစံလင်းညွန် ကြားသည့် အတိုင်းသာ ရှာဖွေရပြီး သင်္ဘောကို ရှာဖွေသွားသော်လည်း သင်္ဘောအတွင်း ရှာဖွေခွင့်မပြုခဲ့ ကြောင်း ¤င်းကဆိုသည်။

''အခု သင်္ဘောတွေ့တာတောင် ဦးစံလင်းမရှိတုန်း ရေငုပ်သမားတွေ ရေအောက် ဆင်းပြီးရှာလို့ တွေ့တာ''ဟု ဦးသန်းညွန့်က ပြောသည်။
ရေအောက်တွင် သင်္ဘောအား ရှာတွေ့ခဲ့သောကြောင့် သင်္ဘောအ တွင်း ဝင်ရောက်ရှာဖွေလိုသော်လည်း သင်္ဘောဘေးပတ်လည်နှင့်အတွင်းပိုင်းကို ဝင်ရောက်ရှာဖွေမှု စူးစမ်းမှု မပြုလုပ်ရန် ရေငုပ်သမားများအား ဦးစံလင်းက တားမြစ်ထားသောကြောင့် မည်သူမှ ရှာဖွေမှု မပြုလုပ်ခဲ့ကြောင်း သူကဆိုသည်။
''သင်္ဘောအတွင်းပိုင်းမှာ နဂါး ရှိတယ် နဂါးက မင်းတို့ကို ကိုက်လိမ့် မယ်။ ကိုက်ဖို့စောင့်နေတယ်ဆိုပြီး ဦးစံလင်းက မြင်သလို ရေငုပ်သမား တွေကို ပြောဆိုနေတော့ ဘယ်သူမှ သင်္ဘောအနားကပ်လဲ မကပ်ဘူး။ သွား လဲ မသွားဘူး'' ဟု ယင်းကဆိုသည်။

ရေပြည့်ချိန်တွင် မြစ်ပြင်အတွင်း ရေအနက် လေးလံ ၂၄ ပေခန့်ရှိပြီး ရေကျချိန်တွင် သုံးလံ ၁၈ ပေ ခန့်ရှိ ကြောင်း၊ ရေအောက်ကြမ်းပြင်တွင် ရွံ့နွံ့များသာရှိပြီး တွေ့ရှိသော သင်္ဘော ပျက်တွင်မူ ကြိုးချည်ခဲ့ကြောင်း ရေ ငုပ်သမားနှစ်ဦးကို တွေ့ဆုံ မေးမြန်း ချက် အရသိရသည်။
ကျန်နေသေးသည့် ရေငုပ်သမား လေးဦးမှာ ယခုလ ၁၈ ရက်နေ့တွင် ရှာဖွေမှုကို ရပ်နားကာ နေရပ်ပြန် လာကြတော့မည်ဟု ဦးသန်းညွှန့်က ပြောသည်။

ယခုအချိန်အထိ ဦးစံလင်းနှင့် အဖွဲ့မှာ ရက်တိုးတောင်းကာ ရေငုပ် ရှာဖွေနေကြောင်းသာ ပြောဆိုထား ပြီး မည်သည့် သတင်းထုတ်ပြန်မှုမျှ မပြုလုပ်တော့ပေ။ 


Yangon Media Group

No comments:

Post a Comment