Friday, September 12, 2014

ဓမ္မစေတီခေါင်းလောင်း တူးဖော်ရေးလုပ်ငန်းစက်တင်ဘာ၁၈ရက်အထိလုပ်ဆောင် သွားမည်

ဓမ္မစေတီခေါင်းလောင်းတွေ့ရှိ ခြင်း၊ မရှိခြင်းနှင့်ပတ်သက်၍ ပြည်သူများအကြားအငြင်း
ပွားမှုများရှိနေချိန်တွင် ခေါင်းလောင်းတူးဖော်ရေးလုပ်ငန်းများကိုစက်တင်ဘာ ၁၈ ရက်
အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းခေါင်းလောင်းတူးဖော်ရေးအထောက်
အကူပြုအဖွဲ့က စက်တင်ဘာ ၁၁ ရက်၌ ကြေညာခဲ့သည်။

"ခေါင်းလောင်းတူးဖော်ရေးလုပ်ငန်းဆောင်ရွက်ဖို့ အစိုးရဆီငွေသွင်းထားတာ ရက်မကုန်
သေးလို့ စက်တင်ဘာ ၁၈ ရက်အထိတူးဖော်ရေးလုပ်ငန်းကို ဆက်လုပ်သွားမယ်"ဟုခေါင်း
လောင်းတူးဖော်ရေးအထောက်အကူပြုပြန်ကြားရေးအဖွဲ့မှဦးကြည်ဝင်းကပြောဆိုသည်။

ဓမ္မစေတီခေါင်းလောင်းကြီးအားသြဂုတ် ၂၆ ရက်အပြီးဆယ်ယူမည်ဟုကြေညာထားသော်
လည်း ရာသီဥတုအခြေအနေနှင့်မြစ်ရေအခြေအနေများအရ နောက်ထပ် ၁၇ ရက်ထပ်တိုး
လုပ်ဆောင်မည်ဖြစ်ကြောင်း သြဂုတ် ၂၅ ရက်တွင် အထောက်အကူပြုအဖွဲ့က ကြေညာခဲ့
သည်။

"ပထမတုန်းက ငွေသွင်းထားတာ သြဂုတ် ၂၆ ရက်အထိမဟုတ်ဘူး။ စက်တင်ဘာ ၁ ရက်
အထိ သွင်းထားတာ။ နောက်ထပ် ၁၇ ရက်ထပ်တိုးတာဖြစ်လို့ စက်တင်ဘာ ၁၈ ရက်မှာ ရက်
ပြည့်မှာပါ။ပထမတုန်းကတစ်ရက်မပြည့်ပဲငွေကြိုသွင်းတဲသဘောပါ"ဟု ၎င်းကရှင်းပြသည်။

ယင်းခေါင်းလောင်းတူးဖော်မှုအခြေအနေနှင့်ပတ်သက်၍ ဦးစံလင်းနှင့် ဦးဝင်းမြင့်တို့မှ စက်
တင်ဘာ ၁၈ ရက် သို့ မဟုတ်၁၉ ရက်တွင် တရားဝင်သတင်း ပြန်ကြားဖွယ်ရှိကြောင်းလည်း
ခေါင်းလောင်းဆယ်ယူရေးအထောက်အကူပြုအဖွဲ့ကစက်တင်ဘာ၁၁ ရက်၌ ကြေညာထား
သည်။

ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူနိုင်ရန် နုန်းများဖယ်နေသည်ဆိုသည့် သောင်တူး
စက်မှာလည်း ခေါင်းလောင်းရှာတွေ့ပြီ ဟု ကြေညာပြီးနောက်နေရာပြောင်းတူးဖော်နေသည်
ကို တွေ့ရသည်။ ယင်းသို့တူးဖော်မှုမှာခေါင်းလောင်းကြီးဆယ်ယူရာတွင်လွယ်ကူရန်နုန်းများ
ဖယ်ရှားနေခြင်းဖြစ်ကြောင်းထောာက်အကူပြုအဖွဲ့ကကြေညာခဲ့သည်။

ဓမ္မစေတီးခေါင်းလောင်း ရှာဖွေတူးဖော်မှုကို ဦးစံလင်းခေါင်းဆောင်သော အဖွဲ့ဝင်များက
သြဂုတ် ၈ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ခေါင်းလောင်းတွေ့ရှိကြောင်း သြဂုတ် ၂၆ ရက်
တွင် တရားဝင် သတင်းထုတ်ပြန်ပြီး နောက်ပိုင်း ခေါင်းလောင်းဆယ်ယူရေးဆောင်ရွက်ရာ
တွင် အရေးကြီးချိန်ရောက်နေ၍သတင်း မထုတ်ပြန်နိုင်သေးကြောင်း ကြေညာခဲ့သည်။


စံတော်ချိန်သတင်းစာ

No comments:

Post a Comment