Tuesday, September 2, 2014

(e-Visa) စနစ်ဖြင့် ဝင်ရောက်လာမည့် ခရီးသည်များကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှသာ စတင်ဝင်ရောက်ခွင့်ပြုမည်

မြန်မာ နိုင်ငံတွင် စတင်ဆောင်ရွက်နေပြီ ဖြစ်သည့် e-Visa စနစ်နှင့် ဝင်ရောက် လာသော ခရီးသည်များကိုကနဦး အဆင့်အနေဖြင့် ရန်ကုန် အပြည် ပြည်ဆိုင်ရာလေဆိပ် မှသာ စတင် ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏လက်ရှိ ဗီဇာစနစ် အရ မြန်မာနိုင်ငံသို့လာရောက်လို သူများသည် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဝင်လာသည့်နည်း၊ အပြည် ပြည်ဆိုင်ရာရေဆိပ်မှ ဝင်လာသည့် နည်းနှင့် နယ်စပ်ဒေသ ဝင်/ထွက် ပေါက်များမှ ဝင်လာသည့်နည်းစသည့် နည်းလမ်းသုံးမျိုးဖြင့် ဝင်ရောက်လျက် ရှိနေပြီး ယခုအပြည်ပြည်ဆိုင်ရာ လေဆိပ်မှဝင်ရောက်မည့် ပြည်ပနိုင်ငံသားများအတွင် အွန်လိုင်းမှဗီဇာလျှောက် ထားနိုင်မည့်နည်းစနစ်ကိုအကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ် သည်။

လက်ရှိတွင်မြန်မာနိုင်ငံသို့ဝင် ရောက်မည့် ပြည်ပနိုင်ငံသားများ အတွက် ပြည်ဝင်ဗီဇာခြောက်မျိုးဖြစ် သော ကမ္ဘာလှည့်ဗီဇာ(Tourist Visa)၊ လုပ်ငန်းဗီဇာ၊ ပြည်ဝင်ဗီဇာ၊ ဖြတ်သန်း ဗီဇာ၊ သံတမန်ဗီဇာ၊ အကြိမ်ကြိမ် ပြည်ဝင်ခွင့်ဗီဇာခြောက်မျိုးကိုခွင့်ပြု ထားပြီး အဆိုပါခြောက်မျိုးမှ Tourist Visa ကို e-Visa စနစ်ဖြင့် အသုံး ပြုရန် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက စက်တင်ဘာ ၁ရက် က ပတ်ရွိုင်ရယ်လ်ဟိုတယ်တွင် ပြုလုပ် သည့် မြန်မာနိုင်ငံ၌ e-Visa စနစ် စတင်ဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်း အနားတွင် ပြောကြားခဲ့သည်။
ယင်းက''လုပ်ငန်းစတင်ချိန် ပထမဦးဆုံးအဆင့်အဖြစ်နိုင်ငံပေါင်း ၄၁ နိုင်ငံကို ခွင့်ပြုသွားမှာ ဖြစ်ပါ တယ်။ ခွင့်ပြုတဲ့ ၄၁ နိုင်ငံက မြန်မာ နိုင်ငံမှာ သံရုံးစိုက်ထားတဲ့နိုင်ငံ တွေ နဲ့ မြန်မာနိုင်ငံကိုကမ္ဘာလှည့်ခရီး သည်လာရောက်မှုအများဆုံးဖြစ် တဲ့နိုင်ငံတွေဖြစ်ပါတယ်။ လုပ်ငန်း စနစ်ကျွမ်းကျင်ဖို့ ငွေပေးချေမှုစနစ် လျင်မြန်ချောမွေ့မှု၊ ခရီးသွားလုပ် ငန်းတိုးတက်မှုတွေ အပေါ်မှုတည် ပြီးဆက်လက်တိုးချဲ့စီမံဆောင်ရွက် သွားမှာဖြစ်ပါတယ်'' ဟု ပြောသည်။
e-Visa စနစ်အရဗီဇာလျှောက် ထားရာတွင်လည်း လျှောက်ထားသူ သည် နိုင်ငံကူးလက်မှတ်သက်တမ်း အနည်းဆုံးခြောက်လရှိရမည်ဖြစ် ပြီး အပြန်ခရီးလေယာဉ်လက်မှတ် (ွReturn Ticket) တို့ကိုတင်ပြရမည် ဖြစ်ကြောင်း၊ e-visa approval Letter စတင်ခွင့်ပြုချိန်မှစ၍ ရက် ပေါင်း ၉ဝ အတွင်း အသုံးပြုခွင့်ရှိ ပြီး သက်တမ်းကျော်လွန်မှ ဝင်ရောက် ပါကပြည်ဝင်ခွင့်ငြင်းပယ်ခံရမည် ဖြစ် ကြောင်း၊ နေထိုင်ခွင့်ကာလသည် လည်း မြန်မာနိုင်ငံသို့စတင်ရောက် ရှိသည့်နေ့မှစ၍ ၂၈ ရက်သာနေ ထိုင်ခွင့်ရှိကာ သက်တမ်းတိုးနေထိုင် ရန်လျှောက်ထားခွင့်မရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင်လျှောက်ခအဖြစ် အမေရိ ကန်ဒေါ်လာ ၅ဝ သတ်မှတ်ထားပြီး လျှောက်ထားသူများအနေဖြင့် Visa ၏ Master Cards များဖြင့် အွန်လိုင်း မှပေးချေရမည်ဖြစ်ကြောင်း သို့သော် ပြည်ဝင်ရောက်ခွင့်ခွင့်ပြုချက်ရသည် ဖြစ်စေ မရသည်ဖြစ်စေလျှောက်လွှာ ခပြန်အမ်းမည်မဟုတ်ကြောင်းနှင့် အခြားကိုယ်ရေးအချက်အလက်အ ထောက်အထား များစွာလိုအပ် ကြောင်း သိရသည်။
ZCH
Democracytoday

No comments:

Post a Comment