Tuesday, September 9, 2014

IS အဖွဲ့ အရာရှိတစ်ဦးက သြစတြေးလျနိုင်ငံသား ဖြစ်နေ

အေဘီစီ ​သတင်းဌာနရဲ့ ​7.30 ​ရုပ်မြင်သံကြား ​အစီအစဉ်ရဲ့ ​စုံစမ်းမှုအရ ​IS ​လို့ခေါ်တဲ့ ​အစ္စလာမ်မစ်နိုင်ငံ ​တည်ထောင်သူအဖွဲ့ရဲ့ ​ထိပ်သီး ​ခေါင်းဆောင်တစ်ဦးဟာ ​သြစတြေးလျနိုင်ငံသား ​ဖြစ်နေကြောင်း ​သိရပါတယ်။
ဆစ်ဒနီမြို့က ​အသက် ​၃၃ ​နှစ်အရွယ် ​သြစတြေးလျနိုင်ငံသား ​Mohammad ​Ali ​Baryalei ​ဟာ ​ဂျီဟတ်ဒစ် ​တစ်ဦးဖြစ်ပြီး ​IS ​အဖွဲ့က ​ထိပ်တန်းရာထူးတစ်ခုကို ​ရယူထားတာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

အဲဒီပုဂ္ဂိုလ်ရဲ့ ​အဆက်အသွယ်နဲ့ ​တခြား ​သြစတြေးလျ ​မွတ်စလင်တွေကလည်း ​IS ​အ ​ဖွဲ့ ​ဝင်တွေ ​ဖြစ်လာ ​နေကြတာ ​ဖြစ်ပါတယ်။

အခု ​လောလောဆယ် ​သြစတြေးလျ ​နိုင်ငံသား ​အယောက် ​၆၀ ​လောက် ​စစ်သွေးကြွ ​လှုပ်ရှားမှုမှာ ​ပါဝင်နေပြီး ​အဲဒီအထဲက ​အနည်းဆုံး ​တဝက်လောက်ဟာ ​Mohammad ​Ali ​Baryalei ​ရဲ့ 
အဆက်အသွယ်နဲ့ ​စစ်သွေးကြွအဖြစ် ​လုပ်ဆောင်နေကြသူတွေ ​ဖြစ်နေတာပါ။

Mohammad ​Ali ​Baryalei ​ဟာ ​Kings ​Cross ​နိုက်ကလပ်ရဲ့ ​တံခါးစောင့်လုံခြုံရေးဖြစ်ခဲ့ပြီး ​အာဖဂန်နစ္စတန်နိုင်ငံကနေ ​သြစတြေးလျနိုင်ငံကို ​ဒုက္ခသည်အဖြစ် ​ရောက်ရှိလာသူ ​ဖြစ်ပါတယ်။

သူ့ရဲ့ ​စည်းရုံးမှုကြောင့် ​အသက် ​၁၇ ​နှစ်အရွယ်သာ ​ရှိသေးတဲ့ ​Khaled ​Sharrouf ​နဲ့ ​Mohamed ​Elomar ​ဆိုတဲ့ ​သြစတြေးလျနိုင်ငံသားတွေလည်း ​စစ်သွေးကြွ ​လှုပ်ရှားမှုမှာ ​ပါဝင်ပြီး ​အီရတ်နဲ့ ​ဆီးရီးယားမှာ ​အသတ်ခံခဲ့ရပါတယ်။

ဒါ့အပြင် ​အသက် ​၂၂ ​နှစ်အရွယ် ​Amira ​Karrorum ​ဆိုသူ ​အမျိုးသမီးနဲ့ ​သူ့ရဲ့ ​ခင်ပွန်းသည်ကိုလည်း ​စည်းရုံးနိုင်ခဲ့ပြီး ​အဲဒီဇနီးမောင်နှံဟာလည်း ​ဆီးရီးယားနိုင်ငံ ​Aleppo ​မြို့မှာ ​ဇန်နဝါရီလက ​သေဆုံးခဲ့ရပါတယ်။


အီရတ် ​စစ်သွေးကြွတွေကို ​သြစီက ​ဝေဟင်က ​တိုက်ခိုက်မယ့်အပေါ် ​မွတ်စလင်ခေါင်းဆောင်တွေ ​ကန့်ကွက်


သြစတြေးလျနိုင်ငံအနေနဲ့ ​အီရတ်နိုင်ငံက ​အစွန်းရောက် ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေကို ​နှိမ်နင်းရာမှာ ​ပါဝင်မယ်လို့ ​သြစတြေးလျ ​အစိုးရက ​ကြေညာလိုက်တဲ့အပေါ် ​သြစတြေးလျနိုင်ငံက ​မွတ်စလင်ခေါင်းဆောင်တွေက ​အပြင်းအထန် ​ကန့်ကွက်နေကြပါတယ်။

ပြီးခဲ့တဲ့ ​ရက်ပိုင်းကပဲ ​သြစတြေးလျက ​အမေရိကန်နဲ့ ​ပူးပေါင်းပြီး ​IS ​လို့ခေါ်တဲ့ ​မွတ်စလင်နိုင်ငံတည်ထောင်သူတွေကို ​ဝေဟင်ကနေ ​တိုက်ခိုက်မယ်လို့ ​နိုင်ငံခြားရေးဝန်ကြီး ​ဂျူလီဘိရှော့ပ်က ​ကြေညာတဲ့ အပေါ် ​သြစတြေးလျ ​နိုင်ငံက ​မွတ်စလင်တွေက ​ကန့်ကွက်နေကြတာ ​ဖြစ်ပါတယ်။

ဝေဟင်တိုက်ခိုက်မှုမှာ ​သြစတြေးလျပါဝင်မယ်ဆိုရင် ​သြစတြေးလျနိုင်ငံနဲ့ ​တခြားနိုင်ငံမှာ ​အကြမ်းဖက်မှု ​ခြိမ်းခြောက်ရေးကို ​ပိုမိုခံစားရရုံသာ ​ရှိမယ့်အကြောင်း၊ ​ဒီလုပ်ဆောင်ချက်က ​သာမန် ​မွတ်စလင်တွေကိုတောင် ​အစွန်းရောက်အောင် ​လုပ်ဆောင်စေနိုင်ပြီး ​မွတ်စလင်အများစုကို ​မီးလောင်ရာလေပင့် ​လုပ်ဆောင်ပေးသလို ​ဖြစ်သွားမယ်လို့ ​သြစတြေးလျနိုင်ငံက ​အီမမ် ​ကောင်စီအဖွဲ့က ​သတိပေးထားပါတယ်။

အီရတ်မှာ ​ဖြစ်နေတဲ့ ​ကိစ္စဟာ ​သြစတြေးလျကို ​စစ်ဆင်နေတဲ့ ​စစ်ပွဲမဟုတ်တဲ့အတွက် ​သြစတြေးလျအနေနဲ့ ​ဒီစစ်ပွဲမှာ ​ဝင်မပါသင့်ဘူးလို့ ​သြစတြေးလျနိုင်ငံရှိ ​မွတ်စလင်ခေါင်းဆောင်တွေက ​သတိပေးလိုက်ပါတယ်။

ABC Radio

သြစတြေးလျရဲ တွေရဲ့ အဆိုအရ Ali Barylei ဟာ ဧပြီ ၂၀၁၃ ခုနှစ်တုန်းက ဆီးရီးယားကို သွားပြီး စစ်သွေးကြွနဲ့ ပူးပေါင်းခဲ့တာလို့ဆို (Credit: ABC)

No comments:

Post a Comment