Thursday, September 11, 2014

မြန်မာ U-19 အသင်းနှင့် ဗီယက်နမ် U-19 အသင်းတို့၏ ဆီမီးဖိုင်နယ်ပွဲစဉ်အား စက်တင်ဘာလ (၁၁) ရက် ညနေ (၆း၃၀) တွင် တိုက်ရိုက်ထုတ်လွှင့်မည်

ဗီယက်နမ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် အာဆီယံယူ-၁၉ ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပွဲစဉ်များကို စက်တင်ဘာလ (၁၁)ရက် ဒီကနေ့တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် အိမ်ရှင် ဗီယက်နမ်၊ ဂျပန်နှင့် ထိုင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ စက်တင်ဘာလ (၁၁)ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၆)နာရီ(၄၅)မိနစ်တွင်
ယှဉ်ပြိုင်ကစားမည့် မြန်မာလက်ရွေးစင် ယူ-၁၉ အသင်းနှင့် အိမ်ရှင် ဗီယက်နမ် လက်ရွေးစင် ယူ-၁၉ အသင်းတို့၏ ဆီမီးဖိုင်နယ် ပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်နဲ့ မြန်မာ့အသံ ရေဒီယို အစီအစဉ်တို့မှ ဒီကနေ့ ညနေ (၆)နာရီခွဲမှ စတင်ပြီး တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါကြောင်း မိဘပြည်သူများအား လေးစားစွာ အသိပေး တင်ပြအပ်ပါသည်။
http://youtu.be/Z0pVfO6wkMg

No comments:

Post a Comment