Thursday, September 11, 2014

ခြေလက် တစ်စုံစီ ပိုပါလာသော ကလေးငယ်ကို အောင်မြင်စွာ ခွဲစိတ် ကုသနိုင်ခဲ့

Photo: ခြေလက် တစ်စုံစီ ပိုပါလာသော ကလေးငယ်ကို အောင်မြင်စွာ ခွဲစိတ် ကုသနိုင်ခဲ့

ကမ်ပါလာ စက်တင်ဘာ ၁၁

ယူဂန်ဒါ နိုင်ငံတွင် လက်လေးချောင်း၊ ခြေလေးချောင်းနှင့် မွေးဖွား လာသော ကလေးငယ်တစ်ဦး၏ ပိုနေသော လက်နှစ်ချောင်းနှင့် ခြေနှစ်ချောင်းကို မူလာဂို ဆေးရုံရှိ ဆရာဝန်များက အောင်မြင်စွာ ခွဲစိတ်ကုသ ဖယ်ရှားနိုင် ခဲ့ကြောင်း ဒေါက်တာ နက်ဆာကာ ကမ်ဘိုက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယူဂန်ဒါနိုင်ငံ နာဘီဂင်ဂို ကျေးရွာမှ မာဂရက် အဝီနိုနှင့် ဘိုနီဖေ့စ် အိုကွန်ဂို အမည်ရှိ ဇနီးမောင်နှံ နှစ်ဦးသည် ပေါလ်မူကီဆာဟု အမည်ပေးထားသော လက်လေး ချောင်း၊ ခြေလေးချောင်းနှင့် ယောက်ျားလေး တစ်ဦးကို မွေးဖွားခဲ့ပြီး သုံးလသား အရွယ်တွင် ခွဲစိတ်ကုသ မှုပြုလုပ်ရန် ဒေသတွင်းရှိ ဆေးရုံ တစ်ရုံသို့ သွားရောက်ခဲ့ ကြောင်း၊ သို့သော်လည်း ၎င်းဆေးရုံတွင် ကျွမ်းကျင်သော ခွဲစိတ်ကု ဆရာဝန် မရှိသောကြောင့် ကမ်ပါလာမြို့ရှိ မူလာဂို ဆေးရုံသို့ ပြောင်းရွှေ့ခဲ့ကြောင်း သတင်းဌာန က ပြောကြားခဲ့သည်။

ထို့နောက် ယင်းဆေးရုံရှိ ဒေါက်တာ ဂျွန်ဆီ ကာဘီရာ ဦးဆောင်သော ခွဲစိတ်ကု ဆရာဝန်များ အဖွဲ့သည် မူကီဆာ၏ ပိုနေသော ခြေလက်အင်္ဂါ လေးချောင်းကို ဖယ်ရှား နိုင်ခဲ့ရုံသာမက နေရာမှားယွင်း တည်ရှိနေသော နှ လုံးနှင့် အဆုတ် ကိုလည်း ပုံမှန်အတိုင်း ပြန်လည်ရွှေ့ပြောင်း ပေးနိုင်ခဲ့ကြောင်း ၎င်းသတင်းဌာနက ဆက်လက် ပြောကြားခဲ့သည်။

ဆရာဝန် များသည် အဆိုပါ ခွဲစိတ်ကုသမှုကို သုံးနာရီကြာ လုပ်ဆောင်ခဲ့ရကြောင်း၊ ခွဲ စိတ်ကုသမှုပြီးနောက် ပေါလ်အား အဆိုပါ ဆေးရုံတွင် သုံးလကြာ ကျန်းမာရေး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ယခုအခါ တွင် ပေါလ်သည် ပြန်လည် ကောင်းမွန်လာပြီဖြစ် သောကြောင့်ဆေးရုံမှ ဆင်းခွင့် ရခဲ့ပြီဖြစ်ကြောင်း CNNသတင်း ဌာန၏ ပြောကြားချက်အရ သိရသည်။
 ယူဂန်ဒါ နိုင်ငံတွင် လက်လေးချောင်း၊ ခြေလေးချောင်းနှင့် မွေးဖွား လာသော ကလေးငယ်တစ်ဦး၏ ပိုနေသော လက်နှစ်ချောင်းနှင့် ခြေနှစ်ချောင်းကို မူလာဂို ဆေးရုံရှိ ဆရာဝန်များက အောင်မြင်စွာ ခွဲစိတ်ကုသ ဖယ်ရှားနိုင် ခဲ့ကြောင်း ဒေါက်တာ နက်ဆာကာ ကမ်ဘိုက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယူဂန်ဒါနိုင်ငံ နာဘီဂင်ဂို ကျေးရွာမှ မာဂရက် အဝီနိုနှင့် ဘိုနီဖေ့စ် အိုကွန်ဂို အမည်ရှိ ဇနီးမောင်နှံ နှစ်ဦးသည် ပေါလ်မူကီဆာဟု အမည်ပေးထားသော လက်လေး ချောင်း၊ ခြေလေးချောင်းနှင့် ယောက်ျားလေး တစ်ဦးကို မွေးဖွားခဲ့ပြီး သုံးလသား အရွယ်တွင် ခွဲစိတ်ကုသ မှုပြုလုပ်ရန် ဒေသတွင်းရှိ ဆေးရုံ တစ်ရုံသို့ သွားရောက်ခဲ့ ကြောင်း၊ သို့သော်လည်း
၎င်းဆေးရုံတွင် ကျွမ်းကျင်သော ခွဲစိတ်ကု ဆရာဝန် မရှိသောကြောင့် ကမ်ပါလာမြို့ရှိ မူလာဂို ဆေးရုံသို့ ပြောင်းရွှေ့ခဲ့ကြောင်း သတင်းဌာန က ပြောကြားခဲ့သည်။

ထို့နောက် ယင်းဆေးရုံရှိ ဒေါက်တာ ဂျွန်ဆီ ကာဘီရာ ဦးဆောင်သော ခွဲစိတ်ကု ဆရာဝန်များ အဖွဲ့သည် မူကီဆာ၏ ပိုနေသော ခြေလက်အင်္ဂါ လေးချောင်းကို ဖယ်ရှား နိုင်ခဲ့ရုံသာမက နေရာမှားယွင်း တည်ရှိနေသော နှ လုံးနှင့် အဆုတ် ကိုလည်း ပုံမှန်အတိုင်း ပြန်လည်ရွှေ့ပြောင်း ပေးနိုင်ခဲ့ကြောင်း ၎င်းသတင်းဌာနက ဆက်လက် ပြောကြားခဲ့သည်။

ဆရာဝန် များသည် အဆိုပါ ခွဲစိတ်ကုသမှုကို သုံးနာရီကြာ လုပ်ဆောင်ခဲ့ရကြောင်း၊ ခွဲ စိတ်ကုသမှုပြီးနောက် ပေါလ်အား အဆိုပါ ဆေးရုံတွင် သုံးလကြာ ကျန်းမာရေး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ယခုအခါ တွင် ပေါလ်သည် ပြန်လည် ကောင်းမွန်လာပြီဖြစ် သောကြောင့်ဆေးရုံမှ ဆင်းခွင့် ရခဲ့ပြီဖြစ်ကြောင်း CNNသတင်း ဌာန၏ ပြောကြားချက်အရ သိရသည်။

မြ၀တီ

No comments:

Post a Comment