Wednesday, September 3, 2014

နိုင်ငံရေးပါတီအချို့ ပြုလုပ်မည့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲသို့ UNA မတက်

ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပါတီအချို့၏ တွေ့ဆုံ ဆွေးနွေးပွဲသို့ တိုင်းရင်းသားနိုင်ငံ ရေးပါတီ ငါးခုပါဝင်သည့် စည်း လုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့ (UNA) တက်ရောက်မည်မဟုတ်ကြောင်း သတင်းရရှိသည်။
အဆိုပါဆွေးနွေးပွဲကို ယ နေ့(စက်တင်ဘာ ၃ ရက်) တွင် GreenHill ဟိုတယ်တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေးပါတီ ၁၁ ခုဖြင့် ဖွဲ့စည်းထားသော ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)၊ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ၁၉၉၀ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများ စုစည်း ထားသည့် UNA အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားခြင်းဖြစ်သည်။
ဆွေးနွေးပွဲတက်ရောက်ရန် ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း NBF က ဖိတ်ကြားခြင်းဖြစ်သော်လည်း မည်သည့်အဖွဲ့အစည်းက ကူညီပေးနေခြင်းဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရ၍ UNA အဖွဲ့ဝင် ပါတီ ငါးခုမှ မတက်ရောက်နိုင်ခြင်းဖြစ်ကြောင်းသိရသည်။
Photo: နိုင်ငံရေးပါတီအချို့ ပြုလုပ်မည့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲသို့ UNA မတက်
Wednesday, Setember 3, 2014

 ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပါတီအချို့၏ တွေ့ဆုံ ဆွေးနွေးပွဲသို့ တိုင်းရင်းသားနိုင်ငံ ရေးပါတီ ငါးခုပါဝင်သည့် စည်း လုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့ (UNA) တက်ရောက်မည်မဟုတ်ကြောင်း သတင်းရရှိသည်။

အဆိုပါဆွေးနွေးပွဲကို ယ နေ့(စက်တင်ဘာ ၃ ရက်) တွင် GreenHill ဟိုတယ်တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေးပါတီ ၁၁ ခုဖြင့် ဖွဲ့စည်းထားသော ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)၊ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ၁၉၉၀ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများ စုစည်း ထားသည့် UNA အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားခြင်းဖြစ်သည်။

ဆွေးနွေးပွဲတက်ရောက်ရန် ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း NBF က ဖိတ်ကြားခြင်းဖြစ်သော်လည်း မည်သည့်အဖွဲ့အစည်းက ကူညီပေးနေခြင်းဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရ၍ UNA အဖွဲ့ဝင် ပါတီ ငါးခုမှ မတက်ရောက်နိုင်ခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်မည့် နိုင်ငံရေး ပါတီများ၏ အခန်းကဏ္ဍနှင့် ထာ ၀ရငြိမ်းချမ်းရေးရရှိရန်အတွက် ဆို သည့်ခေါင်းစဉ်ဖြင့် ဆွေးနွေး မည်ဖြစ်ကြောင်းလည်း သိရ သည်။

 ‘‘ဒီဆွေးနွေးပွဲအတွက် ထောက်ပံ့သူရှိသလား၊ ဘယ်က ထောက်ပံ့တာလဲ။ ပြီးတော့ UNA အနေနဲ့ တစ်ခါမှ NBF နဲ့ တွေ့ဆုံ တာမျိုးလည်းမရှိတဲ့အတွက် ဒီ ဆွေးနွေးပွဲတက်ဖို့ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားတာမရှိဘူး။ ဒါကြောင့် မတက်ဖြစ်တာပါ’’ဟု UNA အဖွဲ့ဝင်ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးစိုင်းလိတ်က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအ တွင်းက မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန တွင်နိုင်ငံရေးပါတီ ၆၆ ပါတီနှင့် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ရာ၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လက်မခံနိုင်ကြောင်းပြောကြားခဲ့ပြီး UNAအဖွဲ့ကလည်း ကြေညာချက်ကိုသဘောမကျဟု ပြောကြားခဲ့သည်။

အဆိုပါကြေညာချက်တွင် အပစ်ရပ်စာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုးရန် တောင်းဆို ထားသည့် အချက်ပါဝင်နေခြင်း သည် အကျေအလည်သဘော တူညီမှုမရသေးဘဲ၊ မခိုင်မာသေး ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို အတင်းအ ကျပ်လက်မှတ်ထိုးခိုင်းသည့် သ ဘောသက်ရောက်နိုင်သည်ဟု ထင်မြင်ကြောင်း UNA အဖွဲ့က ပြောကြားခဲ့သည်။

နိုင်ငံရေးပါတီများသို့ ငြိမ်းချမ်းရေးဖြစ်စဉ်များ ရှင်းလင်းတင်ပြခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်း အခမ်းအနားကို MPC တွင် သြဂုတ် ၁၁ ရက်က ကျင်းပနေစဉ် (ဓာတ်ပုံ - MPC)
7Day Daily

No comments:

Post a Comment