Tuesday, October 14, 2014

ထောင်လွတ်လာသည့် နှစ်ကြီးသမား အမေရင်းကို စကားများငြင်းခုံရာမှ ပြန်သတ်ခဲ့


Homicide

အမေရိကန်တွင် လူသတ်မှုဖြင့် ထောင်ဒဏ် နှစ် ၃၀ ကြာကျခံနေရသည့် နှစ်ကြီသမားတစ်ဦးသည် ထောင်မှပြန်လွတ်ခဲ့ပြီး နှစ်ရက်မြောက်နေ့မှာပင် မိခင်ရင်းနှင့် စကားများကာ ပြန်သတ်ခဲ့သည့် အမှုဖြစ်ပွားသည်။နယူးဂျာစီပြည်နယ် အတ္တလန္တိတ်မြို့ တွင်
ဂွင်းဒေါလင်းပရက် ဆိုသူ အသက် ၆၉ နှစ်အရွယ်မိခင်ကို သားဖြစ်သူ ထောင်ပြန် စတီဗင်ပရက်ဆိုသူ အသက် ၄၅ နှစ်က စကားများငြင်းခုံရာမှ သတ်ပစ်ခဲ့သည်ဟု ရဲကကောက်ချက်ဆွဲ ထားသည်။

ဂွင်းဒေါလင်းကို ပြီးခဲ့သည့် ရက် နံနက် ၆ နာရီခွဲဝန်းကျင်တွင် ခေါင်းတွင် ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ ရှိခြင်းဖြစ်သည်။

ပရက်သည် ပြီးခဲ့သည့် သောကြာနေ့ ကမှ ထောင်က လွတ်ခဲ့ခြင်းဖြစ်သည်။ သားဖြစ်သူထောင်ကလွတ်လာသည်ကို မိခင်ဖြစ်သူက ဝမ်းပန်းတသာဖြင့် ပါတီပွဲကျင်းပကာ အိမ်အပြန်ခရီးကို ကြိုဆိုခဲ့သည်။

၁၉၈၄ ခုနှစ်အတွင်းက ပရက်သည် အိမ်နီးချင်းတစ်ဦးကို စကားများရန်ဖြစ်ရာမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ နှစ်နှစ်အကြာတွင် ၎င်းအား လူသတ်မှုဖြင့် ဖမ်းဆီးကာ ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဂွင်းဒေါလင်း၏ အလောင်းခွဲစိတ်ဆရာဝန်က ခေါင်းတွင် ဒဏ်ရာကြီးစွာရရှိ၍ သေဆုံးခြင်းဖြစ်သည်ဟု ပြောသည်။ အိမ်နီးချင်းတစ်ဦးကလည်း သားအမိနှစ်ဦး ငြင်းခုံစကားများသံများကို ကြားကြောင်းသက်သေထွက်ဆိုထားသည်။

ပရက်ကို ယခုအခါတွင် ဖမ်းဆီးထားပြီး လူသတ်မှုဖြင့် စစ်ဆေးအရေးယူလျက်ရှိသည်။

Mizzima

No comments:

Post a Comment