Tuesday, October 14, 2014

လူနာများကို စိတ်မရှည်၍ ပြန်သတ်နေသည့် အီတလီသူနာပြုဆရာမ

အီတလီ သူနာပြုဆရာမ တစ်ဦးကို လူနာပေါင်း ၃၈ ဦးကို သတ်ပစ်ခဲ့မည်ဟု ရဲဌာနက စစ်ဆေးလျက်ရှိသည်။ လူနာတစ်ဦးအား ပိုတက်စီယမ် ဆေးမှားထိုးပေးခဲ့ရာမှစကာ ယခုကဲ့သို့ ရဲကသံသယဝင်၍ စုံစမ်းစစ်ဆေးခြင်း ဖြစ်သည်။
နိုင်ငံ၏မြောက်ပိုင်း လုဂိုမြို့ မှ သူနာပြုဆရာမ ဒါနီလာပိုဂျီယာလီကို ပုံမှန်အဖျားအနာကြောင့် ဆေးရုံတက်လာကုသသူ အသက် ၇၈ နှစ်ရှိ လူနာတစ်ဦး မထင်မှတ်စရာကောင်းစွာ သေဆုံးခဲ့ရာမှ ယခုကဲ့သို့ ရဲကဖမ်းဆီးကာ စစ်မေးနေခြင်း ဖြစ်သည်။

အမှုကောက်ယူမှုများအရ သေဆုံးမှုပေါင်း ၃၈ မှုကို လိုက်လံစုံစမ်းနေပြီဖြစ်ကြောင်း၊ ၎င်းတို့ အနက်မှ သေဆုံးမှု ၁၀မှုသည် အလွန်သင်္ကာမကင်းဖွယ် အချက်အလက်များဖြင့် ပြည့်နှက်လျက်ရှိကြောင်း ရဲဌာနကထုတ်ပြန်သည်။
သူနာပြုဆရာမ ပိုဂျီယာလီသည် လူနာနှင့် မိသားစုများကို စိတ်မရှည်ခြင်းကြောင့် ယင်းလူနာကို ပိုတက်စီယမ်ဆေးများ အတိုင်းထက်အလွန်ပေးနေခဲ့ကြောင်း ဗဟိုဥရောပသတင်းဌာနက ဖော်ပြထားသည်။
ထိုပြင် သေဆုံးလူနာတစ်ဦးနောက်တွင် ပိုဂျီယာလီက ရပ်ကာနေသည့် ပုံစံ ဓာတ်ပုံရိုက်ပေးရန် တောင်းဆိုဖူးသည်ဟု ဆေးရုံဝန်ထမ်းတစ်ဦးကပြောကြောင်း လီဘီရိုကိုတီဒီယာနိုသတင်းစာက ရေးသားသည်။
အဆိုပါ အသက် ၄၂ ရှိ ပိုဂျီယာလီသည် ဖျားနာလူနာများကို ပိုတက်စီယမ်ဆေးများစွာ ပေးနေသည် ဟုလည်း ဟာသလုပ်ပြောဆိုခဲ့သည်ဟု နောက်ထပ် ဆေးရုံဝန်ထမ်း တစ်ဦးကလည်း ထွက်ဆိုထားသည်။
 စုံစမ်းမှုစတင်ဖြစ်ပွားစေသည့် အသက် ၇၈ ရှိရွယ် အငြိမ်းစားလူနာ ရိုဆာကယ်ဒါရိုနီ သေဆုံးမှုသည် ဧပြီလအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရိုဆာ၏ အလောင်းအားစစ်ဆေးရာတွင် သွေးအတွင်း ပိုတက်စီယမ်ကရိုရိုက်များစွာကို ပုံမှန်ထက်လွန်ကာတွေ့ ရှိခဲ့သည်။ ယင်းဆေးပမာဏများလွန်းပါက နှလုံးငန်းဖမ်းခြင်းကို ဖြစ်စေနိုင်သည်။ အမေရိကန်တွင် ယင်းဆေးအလွန်အကျွံသုံးစွဲ၍ သေဆုံးရခြင်းကို အပြစ်ဒဏ်ချမှတ်သည်။

Mizzima

No comments:

Post a Comment