Sunday, October 26, 2014

ကျောင်းသားများအား ပညာသင်ပေးရုံသာမက အလုပ်အကိုင် ဖန်တီးပေးနိုင်ရန် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ဟိုတယ်သင်တန်းကျောင်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်မတက်ရောက်ကျောင်းသားများအား ပညာသင်ပေးနိုင်ရုံ သာမက အ လုပ်အကိုင်အခွင့်အလမ်းပေးနိုင်ရန် ပါ အရေးကြီးပြီး နိုင်ငံတွင် အရေး တကြီးလိုအပ်နေသည်မှာလည်း အလုပ်အကိုင် အခွင့်အလမ်းပင် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားလိုက်သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း က တည်ထောင်ပြီး သင်တန်း သား ၁၀၀ ကျော်အား အခမဲ့ သင် ကြားပေးသည့် ဟိုတယ်ဘာသာ ရပ် သင်တန်းကျောင်း ဖွင့်ပွဲအ ခမ်းအနားကို ပထမဆုံးအကြိမ်အ ဖြစ် ကော့မှူးမြို့နယ်တွင် အောက် တိုဘာ ၂၅ ရက်က ကျင်းပခဲ့သည်။

ယခုသင်တန်းကျောင်းသည် အသက်မွေးဝမ်းကျောင်း ပညာ သင်ကျောင်းတစ်ခုကို စမ်းသပ် စီမံကိန်းဖြင့် စတင်ခြင်းဖြစ်ပြီး အောင်မြင်ပါက တစ်နိုင်ငံလုံး တွင် အဆိုပါ သင်တန်းကျောင်း များကို ဖွင့်လှစ်နိုင်ရန် စီစဉ်သွား မည်ဟု ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်က အဆိုပါ အခမ်းအနား၌ ပြောကြားခဲ့သည်။

ဟိုတယ်သင်တန်းကျောင်း ဖွင့်လှစ်ခြင်းမှာ ပညာသင်ပေးရုံ မကဘဲ အလုပ်အကိုင်ရရှိနိုင်ရေး အတွက် ရည်ရွယ်သည့်အတွက် လက်တွေ့အလုပ်ရနိုင်သည့် ပညာများကိုသာ သင်ကြားပေးရန် ဆုံးဖြတ်ထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အသက် (၁၈) နှစ်မှ (၂၅) နှစ်ကြား တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ သင်တန်းတက်ရောက်ရန် လျှောက်ထားနိုင်ပြီး ဒေသခံ ၅၀ ရာခိုင်နှုန်းနှင့် အခြားဒေသများမှ ၅၀ ရာခိုင်နှုန်းအစီအစဉ်ဖြင့် တက်ရောက်နိုင်ရန် စီစဉ်ထားကြောင်း ဟိုတယ်သင်တန်းကျောင်း၏ ပရိုဂရမ်ဒါရိုက်တာ ဦးဇွဲနန္ဒက ပြောသည်။

သင်တန်းတွင် သင်ကြား မည့် ဘာသာရပ်များ၏ သင်ရိုး ညွှန်းတမ်းကို အာဆီယံ အသိအ မှတ်ပြု လက်မှတ်၏ သင်ရိုးညွှန်း တမ်းနှင့်အညီ ပြုစုထားခြင်းဖြစ် ၍ သင်ကြားပေးသည့် ဆရာများ ကိုလည်း လုပ်ငန်းအတွေ့အကြုံ ရှိ ဆရာများက ဦးစီးသင်ကြားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့် ဆွေလည်း တက်ရောက်မည်ဟု မူလက ကြေညာခဲ့သော်လည်း သမီးဖြစ်သူ၏ မင်္ဂလာအခမ်းအ နားရှိနေသဖြင့် အခမ်းအနားသို့ မတက်ရောက်နိုင်ကြောင်း သတင်းရရှိသည်။

သို့သော် နိုင်ငံတကာ သံရုံး အချို့မှ သံရုံးအရာရှိများ၊ အလှူ ရှင်များနှင့် ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဦးခင်ရွှေစသည့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။

7Day Daily

No comments:

Post a Comment