Monday, October 27, 2014

ဈေးဝယ်လာသည့်သားအမိကို နှောင့်ယှက်သူများအား ခံဝန်ကတိဖြင့် သတိပေးခဲ့

Junction Square တွင် ဈေးဝယ်လာသော ကလေးမိခင် တစ်ဦးနောက်သို့ လိုက်၍ ကလေး ကို ဓာတ်ပုံရိုက်လိုသည်ဟု ဆိုကာလိုက်လံနှောင့်ယှက်သူကို ခံဝန် ကတိထိုးစေပြီး သတိပေးခဲ့ ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၅ ရက်ကအမျိုးသမီးတစ်ဦး၎င်း၏ ကလေးနှင့်အတူ ကားပါကင်မှ city baby ကိုသွား၍ ပြန်အထွက် Game City ရှေ့လှေကားမှ လူတစ်ဦးကကလေးက ချစ်စရာလေးဟုဆိုကာ လာကိုင်ကြောင်း၊ ဆက်လက်လျှောက်လာစဉ် တောက်လျှောက်အတင်းလိုက်ဆွဲသဖြင့် ဆိုင်တစ်ခုအတွင်းဝင်လိုက်ရကြောင်း ကလေးမိခင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။

‘‘ဆိုင်ထဲအထိ လိုက်လာပြီး ကလေးကို အတင်းတောင်းတယ်။ ဓာတ်ပုံရိုက်ချင်လို့ပါဆိုပြီး၊ မရဘူး ကလေးက လူစိမ်းဆိုကြောက်တယ်ဆိုပြီးပြောလိုက်တယ်။ ဆိုင်က ကောင်မလေးတွေကလည်း ကိုယ်နဲ့ ရင်းနှီးနေတော့ အစ်မဘာဖြစ်လို့လဲဆိုပြီး ၀ိုင်းမေးတော့မှ အဲဒီလူထွက် သွားတယ်’’ဟု ၎င်းဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

ထို့နောက်ဆိုင်မှ ၀န်ထမ်း များက လိုက်လာသော အမျိုးသားအပြင် ဆိုင်အပြင်၌ တစ်ယောက်စောင့် နေသည်ဟုပြောရာ လွန်စွာလန့်သွားကြောင်း၊ ပြီးမှ လုံခြုံရေးဝန်ထမ်းထံတိုင်ရန် သတိရ၍ရုံးခန်းသွားပြီး တိုင်ခဲ့ကြောင်း ရေးသားမျှဝေထားသည်။

စီစီတီဗီမှ ပြန်ကြည့်ရာ ရည်ရွယ်ချက်ရှိရှိနှင့် နောက်ကလိုက် လာခြင်းဖြစ်ပြီး City Baby တွင်ရှိစဉ်ကတည်းက မိမိတို့ကိုစောင့်ကြည့်နေခြင်းဖြစ်ကြောင်း၊ အမျိုးသားနှစ်ဦးလည်း City Baby ထဲက ထွက်လာခြင်းဖြစ်ပြီး တစ်ယောက်က တိုင်နောက်သို့ ၀င်ပုန်းသွားခြင်းဖြစ်သည်ဟု အမျိုးသမီးက ရေးသားထားသည်။

နှောင့်ယှက်သူများကို တာ ၀န်ရှိသူများက စစ်ဆေးသောအခါJunction Square မှ ၀န်ထမ်း မဟုတ်ဘဲ အနီးဝန်းကျင်ဆိုက် တစ်ခုက လုံခြုံရေး နှစ်ဦးဟု သိရ သည်ဟု ဆိုသည်။ အလုပ်ပြင်ပ ချိန်တွင် ဖြစ်သွားသောကြောင့် ၎င်းတို့၏ လုံခြုံရေးမှူးကို ခေါ်ဆို ၍ အတည်ပြုမေးမြန်းခြင်း၊ နယ် ထိန်းရဲကို အကြောင်းကြားစစ် ဆေးစေခြင်းပြုလုပ်ကာ ခံဝန်ကတိထိုးစေ၍ ပြန်လွှတ်ပေးခဲ့ကြောင်း Junction Square တာဝန်ရှိသူတစ်ဦးကပြောသည်။

‘‘ခိုးမှု၊ လုယက်မှုဖြစ်ရင် နယ်ထိန်းရဲစခန်းမှာ အကြောင်း ကြားပြီး ဖြေရှင်းပေးနေကျပါ။ ခုလည်း ကလေးမိခင်က တောင်း ဆိုလို ကူညီပေးခဲ့ပါတယ်။ ခု ဘာမှမဖြစ်တော့ပါဘူး။ လုံခြုံရေးက တစ်ဆင့်စုံစမ်းတယ်။ ခုခံဝန် ကတိထိုးပြီး ပြန်လွှတ်လိုက် တယ်’’ဟု အထက်ပါတာဝန်ရှိသူ က ဆက်လက်ပြောသည်။

၎င်းအမျိုးသား နှစ်ဦး၏ မှတ်ပုံတင်၊ လိပ်စာများကို နယ်ထိန်းကမှတ်တမ်းယူထားပြီး နောက်တစ်ကြိမ် ဖြစ်လျှင် မည်သို့အရေးယူမည်ဟု သတိပေးထားသည်။

7 Day Daily

No comments:

Post a Comment