Sunday, October 12, 2014

ကိုရီးယားစိတ်စွမ်းအားကျင့်အဖွဲ့ဟုဆိုပြီး လူစည်ကားရာနေရာများတွင် သင်တန်းမိတ်ဆက်နေ

ရန်ကုန်မြို့ရှိ လူစည် ကားရာနေရာများတွင် ကိုရီးယား နိုင်ငံ၏စိတ်စွမ်းအား ကျင့်ခြင်းအဖွဲ့ဟုဆိုပြီး ကိုရီးယားလူမျိုးအချို့က လိုက်လံ မိတ် ဆက်နေေ ကြာင်း သတင်းရရှိသည်။
လှည်းတန်း၊ မြေနီကုန်းအနီး ရှိ လူသွားလူလာများသောလမ်းမ များပေါ်တွင် အသက်(၄၀)ကျော် ကိုရီးယား အမျိုးသမီးနှစ်ဦးက လက်ကမ်း စာစောင်များကိုင်၍ လမ်းသွားလမ်းလာများကို မိတ် ဆက်နေခြင်းဖြစ်သည်။

စိတ်ဝင်စား၍ ပြန်လည်မေး မြန်းသူများကို ပန်းချီပုံများပြ၍ လက်ဟန်ခြေဟန်ဖြင့် ရှင်းပြပြီး ပြန်လည်ဆက်သွယ်ရန် ဖုန်းနံ ပါတ်တောင်း ထားခြင်းဖြစ် သည်။

ဖုန်းနံပါတ်ပေးထားသူများ ထံသို့ မက်ဆေ့ခ်ျပို့ခြင်း၊ ဖုန်းခေါ်ခြင်းများပြုလုပ်ပြီး ၎င်းတို့ရုံးခန်းသို့ စိတ်စွမ်းအားနှင့် ပတ်သက်၍ လာရောက်ေ ဆွးနွေးစေ လို ကြောင်းပြော၍ ဆက်သွယ်ခြင်းဖြစ်သည်။

ရုံးခန်းတွင် တစ်နာရီကျော် ကြာအောင် စကြ၀ဠာစိတ်ဖြစ်ပုံ ကိုရှင်းပြပြီး ထာဝရအသက်ရှင် နိုင်မည့် စိတ်ကျင့်စဉ်သင်တန်းအ တွက်တစ်လလျှင် ကျပ်ငါး သောင်းပေးရမည်ဟု သင်တန်း ကျောင်းကဆိုသည်။

‘‘အခမဲ့ဆွေးနွေးတယ်ဆိုလို့ သွားတာ။ ကိုရီးယားဆရာမက ရှင်းပြတယ်။ ဘာသာပြန်တဲ့ဂိုက် က ရှင်းပြပေးတယ်။ သူတို့ပြော တာကိုလက်ခံ လား၊ လက်မခံလား မေးတယ်။ လက်မခံရင်နောက် တစ်ဆင့်မတက်ဘူး။ အတင်းယုံ ခိုင်းသလိုဖြစ်နေတယ်။ ပြန်မေး ရင်လည်း သိပ်လက်မခံ ချင်ဘူး။ သူတို့ရှင်းပြတာကို အဓိက နား ထောင်ရတယ်။ နောက်ဆုံးကျ တော့ ဘောပင်နဲ့ စာရွက်တစ်ရွက် ချပေးတယ်။ သင်တန်းကြေးတစ် လငါးသောင်းဆိုတော့ မတတ်နိုင် ဘူးဆိုပြီး ပြန်ထွက်လာခဲ့ရတယ်’’ ဟု သွားရောက်စုံစမ်းခဲ့သူတစ်ဦး ကရှင်းပြသည်။

စိတ်စွမ်းအားကျင့်ခြင်း လက်ကမ်းစာစောင်တွင် အမေရိ ကန်၊ ကိုလိုရာဒိုမြို့ ဒန်ဘောမြို့ နယ်နေသူ၏ ထောက်ခံရေးသား ချက်၊ ကိုရီးယားသိပ္ပံ အတတ်ပ ညာအဖွဲ့ ဆရာအီဒေါ့ဂျူထောက် ခံရေးသားချက်၊ ဆိုးလ်တက္ကသိုလ်စီမံအုပ်ချုပ်မှုပညာရေးကျောင်း ၏ ဥက္ကဋ္ဌဂျောင်ဂီအောန်ထောက် ခံရေးသားချက်ဖြင့် ရေးသားထား သောစာများ တွေ့ရှိရသည်။

 ‘‘အထူးအဆန်းဖြစ်နေ တယ်။ သူတို့အရင်းအမြစ်နဲ့ ရည် ရွယ်ချက်သိဖို့လိုတယ်။ ရှင်းပြဖို့ လိုတယ်။ နိုင်ငံခြားကလူတွေလာ လုပ်တာဆိုတော့ အင်ဖော်မေးရှင်းကောင်းမပေးဘဲ ပြောတဲ့အ ရာနဲ့ မကိုက်ညီရင်မကောင်းဘူး’’ ဟု ခရစ်ယာန်ဘာသာရေးCamp များတွင် တက်ကြွ စွာဆောင် ရွက် နေသူအဖွဲ့ဝင်တစ်ဦးကသုံးသပ် ပြောကြားသည်။

ဘုရင့်နောင်တာဝါ၊ ၂၀၃(A) တွင် ဖွင့်လှစ်ထားသော ၎င်းတို့ရုံးခန်းသို့ ဆက်သွယ်မေးမြန်းရာ တရား ၀င်ဖွင့်လှစ်ထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း စကားပြန်တစ်ဦးကပြောသည်။

ယင်းအဖွဲ့ ကို ၁၉၉၆ခုနှစ်က ဆရာ Woo Myungနှင့် ဇနီးက စတင်ခဲ့သည်။ ၁၉၉၇တွင် အသိအမှတ်ပြုသောစိတ်စွမ်းအား ကျင့်ခြင်း ပညာရေး အဖွဲ့ဖွဲ့စည်းပြီး၂၀၁၀တွင် တရားဝင်အဖွဲ့အစည်းအားဖြင့် မှတ်ပုံတင်ခြင်း၊ ၂၀၁၄ခုနှစ်အတွင်း ကိုရီးယားနိုင်ငံနေရာ ၃၃၁ခုမှာ စိတ်စွမ်းအား ကျင့်ခြင်း ပညာရေးလုပ်ငန်းများလုပ်ဆောင်နေကြောင်း ယင်းလက်ကမ်းစာစောင်တွင်ရေး သားထားပြီးအသေးစိတ်ကို www.maumyangon.org  တွင်လေ့လာနိုင်သည်။

7Day DAILY

No comments:

Post a Comment