Sunday, October 12, 2014

KIA အဖွဲ့မှ ဒေသခံနှစ်ဦးအား ဖမ်းဆီးကာ ငွေသိန်း ၅၀ ဖြင့် ပြန်ရွေးခိုင်း

Photo: KIA အဖွဲ့မှ ဒေသခံနှစ်ဦးအား ဖမ်းဆီးကာ ငွေသိန်း ၅၀ ဖြင့် ပြန်ရွေးခိုင်း
Sunday, Ocotber 12, 2014

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တီယန်ဇွတ်ကျေးရွာနေ ဇနီးမောင်နှံနှစ်ဦး အား အောက်တိုဘာ ၉ ရက်နေ့ တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

``မူးယစ်ဆေးဝါးရောင်းလို့ဆိုပြီးဖမ်းသွားတာပဲ၊ ပြီးတော့ ငွေသိန်းငါးဆယ်နဲ့ လာရွေးခိုင်း တယ်၊ လက်ထဲမှာ မူးယစ်ဆေးဝါး လည်းမမိဘဲနဲ့ဖမ်းတာ၊ သက်သက်မဲ့ ငွေညှစ်တဲ့သဘောပါ´´ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသူ ၂ ဦးမှာ တီယန်ဇွတ်ကျေးရွာ၊ တရုတ်တန်းရပ်ကွက်နေ ဦးတိုးမောင်နှင့်ဇနီးဖြစ်သူ တို့ ဖြစ်ကြောင်း သိရသည်။
``မလိခမြစ်တစ်ဖက်ကမ်းကို ဖမ်းခေါ်သွားတာ၊ KIA အဖွဲ့က စက်လှေနဲ့ နိုင်စိမ်းရွာဘက်ကလာကြတာ၊ ငွေသိန်း ၅၀ နဲ့ လာမရွေးရင် သတ်ပစ်မယ်လို့ခြိမ်းခြောက်ထားတယ်´´ဟုရွာခံတစ်ဦးကပြောသည်။

KIA အဖွဲ့အနေဖြင့် ဒေသခံပြည်သူများအား မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်မှု များပြုလုပ်နေပြီး ငွေကြေးများမတန်မဆ တောင်းကာ ပြန်ရွေးခိုင်းခြင်းသည် ရိုးသားသော လုပ်ရပ်မဟုတ် ကြောင်း တီယန်ဇွတ်ရွာမှ ရပ်မိရပ်ဖ တစ်ဦးကပြောသည်။

``မူးယစ်ဆေးရောင်းလို့ ရွာသူရွာသားတွေကို ဖမ်းတယ်ဆိုရင် သူတို့ KIA တစ်ဖွဲ့လုံးကိုလည်း အရေးယူသင့် တာပေါ့၊ သူတို့ တပ်ဖွဲ့ဝင်အားလုံး ဘိန်းစားဆေးသမားတွေချည်းပဲ၊ ငွေလိုချင်လို့ အကြောင်းရှာပြီး ဖမ်းနေတာ´´ဟု ဒေသခံ ကျောင်းဆရာတစ်ဦးကပြောကြားသွားသည်။

ညီသစ်(မြစ်ကြီးနား)
Credit to KDN
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တီယန်ဇွတ်ကျေးရွာနေ ဇနီးမောင်နှံနှစ်ဦး အား အောက်တိုဘာ ၉ ရက်နေ့ တွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။
``မူးယစ်ဆေးဝါးရောင်းလို့ဆိုပြီးဖမ်းသွားတာပဲ၊ ပြီးတော့ ငွေသိန်းငါးဆယ်နဲ့ လာရွေးခိုင်း တယ်၊ လက်ထဲမှာ မူးယစ်ဆေးဝါး လည်းမမိဘဲနဲ့ ဖမ်းတာ၊ သက်သက်မဲ့ ငွေညှစ်တဲ့သဘောပါ´´ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသူ ၂ ဦးမှာ တီယန်ဇွတ်ကျေးရွာ၊ တရုတ်တန်းရပ်ကွက်နေ ဦးတိုးမောင်နှင့်ဇနီးဖြစ်သူ တို့ ဖြစ်ကြောင်း သိရသည်။
``မလိခမြစ်တစ်ဖက်ကမ်းကို ဖမ်းခေါ်သွားတာ၊ KIA အဖွဲ့က စက်လှေနဲ့ နိုင်စိမ်းရွာဘက်ကလာကြတာ၊ ငွေသိန်း ၅၀ နဲ့ လာမရွေးရင် သတ်ပစ်မယ်လို့ခြိမ်းခြောက်ထားတယ်´´ဟုရွာခံတစ်ဦးကပြောသည်။

KIA အဖွဲ့အနေဖြင့် ဒေသခံပြည်သူများအား မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်မှု များပြုလုပ်နေ ပြီး ငွေကြေးများ မတန်မဆ တောင်းကာ ပြန်ရွေးခိုင်းခြင်းသည် ရိုးသားသော လုပ်ရပ်မဟုတ် ကြောင်း တီယန်ဇွတ်ရွာမှ ရပ်မိရပ်ဖ တစ်ဦးကပြော သည်။

``မူးယစ်ဆေးရောင်းလို့ ရွာသူရွာသားတွေကို ဖမ်းတယ်ဆိုရင် သူတို့ KIA တစ်ဖွဲ့လုံးကိုလည်း အရေးယူသင့် တာပေါ့၊ သူတို့ တပ်ဖွဲ့ဝင်အားလုံး ဘိန်းစားဆေးသမားတွေချည်းပဲ၊ ငွေလိုချင်လို့ အကြောင်းရှာပြီး ဖမ်းနေတာ´´ဟု ဒေသခံ ကျောင်းဆရာ တစ်ဦးကပြောကြား သွားသည်။

ညီသစ်(မြစ်ကြီးနား)
Credit to KDN

No comments:

Post a Comment