Thursday, October 30, 2014

ငှက်ဖျားရောဂါထိန်းချုပ်ရေးပစ္စည်းများ အဆင့်မြှင့်ရန် ကန်ဒေါ်လာ ၁ ဒသမ ၃၇ သန်း ဂျပန်အစိုးရထောက်ပံ့

မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါထိန်းချုပ်ရေးပစ္စည်းများ အဆင့်မြှင့်တင်ရေး စီမံချက်အတွက် ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၇ သန်းခန့် ထောက်ပံ့ကူညီသော သဘောတူညီချက်ကို နေပြည်တော်တွင် လက်မှတ်ရေးထိုးလိုက်သည်။

ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်ပျံ့နှံ့မှုနှင့် သေဆုံးမှုနှုန်း မြင့်မားသော ရောဂါဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်လာသော ဆေးယဉ်ပါးငှက်ဖျားပိုးရှိနေကြောင်း မကြာမီနှစ်များက   အတည်ပြုထားပြီးဖြစ်သည်။


ဂျပန်နိုင်ငံသည် ငှက်ဖျားရောဂါထိန်းချုပ်ရေး မူဝါဒများအတွက် မြန်မာနိုင်ငံကို ကူညီပံ့ပိုးမှုများ ဆောင်ရွက်ခဲ့ပြီး သတ်မှတ်ဒေသများတွင် ငှက်ဖျားရောဂါဖြင့် သေဆုံးမှုနှုန်းကို ထက်ဝက်ထိ လျှော့ချနိုင်ခဲ့ကြောင်း ဂျပန်သံရုံးထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဂျပန်အစိုးရ၏ ငှက်ဖျားရောဂါထိန်းချုပ်ရေးပစ္စည်းများ အဆင့်မြှင့်တင်ရေးစီမံချက်အနေဖြင့် နေပြည်တော်၊ ကရင်၊ မကွေး၊ မန္တလေး၊ ရန်ကုန်နှင့် ပဲခူးဒေသများတွင် ငှက်ဖျားရောဂါကာကွယ်တားဆီးရေး၊ စစ်ဆေးကုသရေးအတွက် ပစ္စည်းကိရိယာများ ထောက်ပံ့မည်ဖြစ်သည်။
7daydaily

No comments:

Post a Comment