Wednesday, October 8, 2014

ပရီးမီးယားလိဂ် အပတ်စဉ်တစ်ခုမှပွဲစဉ်များကို ပြည်ပထွက်ကစားရန် မျက်စိကျလာ

 Photo: ပရီးမီးယားလိဂ် အပတ်စဉ်တစ်ခုမှပွဲစဉ်များကို ပြည်ပထွက်ကစားရန် မျက်စိကျလာ
Wednesday, October 8, 2014 

အနာဂတ်တွင် ပရီးမီးယားလိဂ် အပတ်စဉ်တစ်ခုမှ ပွဲစဉ်များကို ပြည်ပထွက်ကျင်းပ ဖွယ်ရှိနေပြီး အမေရိကန်တွင် ကစားရန် လိဂ်တာဝန် ရှိသူများက စိတ်ဝင်စားနေ သည်။

ပြည်ပထွက်ကစားမည့်အစီအစဉ်ကိုအကောင်အထည်ဖော်ရန် အစပျိုးနေပြီဖြစ်သော် လည်း ပရီးမီးယားလိဂ်ကို အားပေးနေသည့် ကမ္ဘာတစ်ဝှမ်းမှ ပရိသတ်များ၏ သဘောထားကိုလည်း လေ့လာဦးမည်ဖြစ်သည်။

ပြီးခဲ့သည့်ရာသီကြိုခြေ စမ်းပွဲကာလတွင် မီယာမီ၌မန်ယူနှင့် လီဗာပူးလ်တို့ ကစားခဲ့ရာ တွင်ပရိသတ် ၅၁၀၁၄ ယောက်လာရောက် ကြည့်ရှုခြင်း၊ မီချီဂန်တွင် မန်ယူ- ရီးယဲ လ်ကစားခဲ့ရာ၌ ပရိသတ် ၁၀၉၃၁၈ ယောက်လာရောက်ကြည့်ရှုခြင်းတို့ကြောင့် ပြည်ပထွက်ကစားပါက ကလပ်အသင်းများ ၏၀င်ငွေမြင့်တက်နိုင်မည့် အခွင့် အရေးရှိနေခြင်းကပရီးမီးယားလိဂ်ထိပ်ပိုင်းတာဝန်ရှိသူများကိုတွန်းအားပေး သကဲ့သို့ဖြစ်နေသည်။ ပြည်ပထွက်ကစား ရန်အမေရိကန်ကိုရွေးပါက နိုဝင်ဘာ နှောင်း ပိုင်း သို့မဟုတ် ဒီဇင်ဘာအစောပိုင်းက အမေရိကန်ပရိသတ်များအတွက် သင့်လျော်ပြီး အပြန်အလှန်အားဖြင့် အဆိုပါအချိန်တွင် အမေရိကန်ဖွတ်ဘောလိဂ်မှ ပွဲစဉ် အချို့ကို ၀င်ဘာလေကွင်းတွင် ကျင်းပမည်ဖြစ်သည်။

ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးပြီးဆုံးပါက အပတ်စဉ် ၃၉ အဖြစ်ဖန်တီးပြီး အပိုပွဲစဉ်များကို ပြည်ပထွက်ကစားမည့်အစီအစဉ်အား လွန်ခဲ့သည့် ခြောက်နှစ်က ပရီးမီး ယားလိဂ်အမှုဆောင်ချုပ် ရစ်ချက်စကူဒါမိုး တင်ပြခဲ့စဉ်တွင် အပြင်းအထန်ကန့်ကွက်ဝေဖန်ခံခဲ့ရသည်။ သို့ သော်ယခုနှစ်ဘောလုံးရာသီအစပိုင်းတွင် စကူဒါမိုးသည် ၎င်း၏စိတ်ကူးကို တစ်ကျော့ပြန် ပြေဆိုမှုများ ရှိလာခဲ့သည်။ "၂၀၀၈ တုန်းက အသင်း တွေသဘော တူခဲ့ကြပြီး အခုဆိုရင် အသင်းအား လုံးတောင် သဘော တူချင် တူနေနိုင်ပါတယ်။ တစ်ချိန်မှာတော့ ဒါကအကောင်ထည်ပေါ်လာပါ လိမ့်မယ်။ ကျွန်တော်တာဝန်ယူနေတဲ့ ကာလအတွင်းမှာဖြစ် လာမလားဆိုတာတောင် ဘယ်သူ သိနိုင်မလဲ"ဟု စကူဒါမိုးက ပြောသည်။ လက်ရှိ အချိန်တွင် သတ်မှတ်အပတ်စဉ် ၃၈ အတွင်းမှ ပွဲစဉ်များကိုပင် ပြည်ပထွက်ကစားဖွယ်ရှိနေခြင်းဖြစ်သည်။လက်ရွေး စင်အသင်းအတွက် အထောက်အကူဖြစ်စေရန် ဆောင်းရာသီအနားပေးသည့်စနစ်ကိုလည်း စတင်နိုင်ရန် ကြိုးစားနေသည်။

သို့သော် အက်ဖ်အေအနေဖြင့် ယင်းကာလအတွင်ကစားမည့် အက်ဖ်အေဖလားပြန်ကန်ပွဲများ၊ နှစ်ကျော့စနစ်ဖြင့် ကစားရသည့် လိဂ်ဖလားဆီမီး ပွဲများကိုပြန်လည်   ရေးဆွဲရဖွယ်ရှိသည်။ အင်္ဂလန်လက်ရွေးစင်အသင်းစွမ်းဆောင်ရည် ကျဆင်းခြင်းမှာ ခရစ္စမတ်ကာလကို အခြားဥရောပလိဂ်များရပ်နားပြီး ပျော်ရွှင်နေစဉ် အင်္ဂလိပ် ကလပ်အသင်းများ ဆောင်းရာသီအားလပ်ရက်မရသောကြောင့်ဟု မကြာခဏဝေဖန် ခံနေရသည်။

Mizzima - News in Burmese
အနာဂတ်တွင် ပရီးမီးယားလိဂ် အပတ်စဉ်တစ်ခုမှ ပွဲစဉ်များကို ပြည်ပထွက်ကျင်းပ ဖွယ်ရှိနေပြီး အမေရိကန်တွင် ကစားရန် လိဂ်တာဝန် ရှိသူများ က စိတ်ဝင်စားနေသည်။
ပြည်ပထွက်ကစားမည့်အစီအစဉ်ကိုအကောင်အထည်ဖော်ရန် အစပျိုးနေပြီဖြစ်သော် လည်း ပရီးမီးယားလိဂ်ကို အားပေးနေသည့် ကမာ တစ် ၀ှမ်း မှ ပရိသတ်များ၏ သဘောထားကိုလည်း လေ့လာဦးမည်ဖြစ်သည်။

ပြီးခဲ့သည့်ရာသီကြိုခြေ စမ်းပွဲကာလတွင် မီယာမီ၌မန်ယူနှင့် လီဗာပူးလ်တို့ ကစားခဲ့ရာ တွင်ပရိသတ် ၅၁၀၁၄ ယောက်လာရောက် ကြည့်ရှုခြင်း၊ မီချီဂန်တွင် မန်ယူ- ရီးယဲ လ်ကစားခဲ့ရာ၌ ပရိသတ် ၁၀၉၃၁၈ ယောက်လာရောက်ကြည့်ရှုခြင်းတို့ကြောင့် ပြည်ပထွက်ကစားပါက ကလပ် အသင်း များ ၏၀င်ငွေမြင့်တက်နိုင်မည့် အခွင့် အရေးရှိနေခြင်းကပရီးမီးယားလိဂ်ထိပ်ပိုင်းတာဝန်ရှိသူများကိုတွန်းအားပေး သကဲ့သို့ဖြစ်နေ သည်။ ပြည်ပထွက် ကစားရန်အမေရိကန်ကိုရွေးပါက နိုဝင်ဘာ နှောင်း ပိုင်း သို့မဟုတ် ဒီဇင်ဘာအစောပိုင်းက အမေရိကန် ပရိသတ်များ အတွက် သင့်လျော်ပြီး အပြန်အလှန်အားဖြင့် အဆိုပါအချိန်တွင် အမေရိကန်ဖွတ်ဘောလိဂ်မှ ပွဲစဉ် အချို့ကို ၀င်ဘာလေကွင်းတွင် ကျင်းပမည်ဖြစ် သည်။

ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးပြီးဆုံးပါက အပတ်စဉ် ၃၉ အဖြစ်ဖန်တီးပြီး အပိုပွဲစဉ်များကို ပြည်ပထွက်ကစားမည့်အစီအစဉ်အား လွန်ခဲ့ သည့် ခြောက်နှစ် က ပရီးမီး ယားလိဂ်အမှုဆောင်ချုပ် ရစ်ချက်စကူဒါမိုး တင်ပြခဲ့စဉ်တွင် အပြင်းအထန်ကန့်ကွက်ဝေဖန်ခံခဲ့ရသည်။ သို့ သော် ယခုနှစ်ဘောလုံးရာသီအစပိုင်းတွင် စကူဒါမိုးသည် ၎င်း၏စိတ်ကူးကို တစ်ကျော့ပြန် ပြေဆိုမှုများ ရှိလာခဲ့သည်။ "၂၀၀၈ တုန်းက အသင်း တွေသဘော တူခဲ့ကြပြီး အခုဆိုရင် အသင်းအား လုံးတောင် သဘော တူချင် တူနေနိုင်ပါတယ်။ တစ်ချိန်မှာတော့ ဒါကအကောင် ထည်ပေါ်လာပါ လိမ့်မယ်။ ကျွန်တော်တာဝန်ယူနေတဲ့ ကာလအတွင်းမှာဖြစ် လာမလားဆိုတာတောင် ဘယ်သူ သိနိုင်မလဲ"ဟု စကူဒါမိုးက ပြောသည်။ လက်ရှိ အချိန်တွင် သတ်မှတ်အပတ်စဉ် ၃၈ အတွင်းမှ ပွဲစဉ်များကိုပင် ပြည်ပထွက် ကစားဖွယ် ရှိနေခြင်းဖြစ်သည်။လက်ရွေး စင်အသင်းအတွက် အထောက်အကူဖြစ်စေရန် ဆောင်းရာသီအနားပေးသည့်စနစ်ကိုလည်း စတင်နိုင်ရန် ကြိုးစားနေသည်။

သို့သော် အက်ဖ်အေအနေဖြင့် ယင်းကာလအတွင်ကစားမည့် အက်ဖ်အေဖလားပြန်ကန်ပွဲများ၊ နှစ်ကျော့စနစ်ဖြင့် ကစားရသည့် လိဂ်ဖလားဆီမီး ပွဲများကိုပြန်လည်   ရေးဆွဲရဖွယ်ရှိသည်။ အင်္ဂလန်လက်ရွေးစင်အသင်းစွမ်းဆောင်ရည် ကျဆင်းခြင်းမှာ ခရစ္စမတ်ကာလကို အခြားဥရောပလိဂ် များရပ် နားပြီး ပျော်ရွှင်နေစဉ် အင်္ဂလိပ် ကလပ်အသင်းများ ဆောင်းရာသီအားလပ်ရက်မရသောကြောင့်ဟု မကြာခဏဝေဖန် ခံနေရသည်။

Mizzima - News in Burmese

No comments:

Post a Comment