Monday, October 27, 2014

ထောင် ၁၅နှစ် ကျပလေ့စေ ဆိုကာ သားမယားပြုကျင့်သူ

Photo: ထောင် ၁၅နှစ် ကျပလေ့စေ ဆိုကာ သားမယားပြုကျင့်သူ
Monday, October 27, 2014 

ဗြိတိန် နိုင်ငံက လူငယ် တစ်ဦးသည် ၁၆ နှစ်ရွယ် မိန်းမပျိုလေး တစ်ဦးကို သားမယား အဖြစ် အကြိမ်ကြိမ် ပြုကျင့် နေခဲ့ရာ ငါးကြိမ်မြောက် သားမယား ပြုကျင့် ချိန်တွင် မိန်းကလေးက ဖုန်းဖြင့် တိတ်တခိုး မှတ်တမ်းတင် ထားခဲ့ နိုင်ခြင်းကြောင့် ၎င်းကို ထောင်ဒဏ် ဆယ့်နှစ်နှစ်ခွဲ ချမှတ် နိုင်ခဲ့သည်။ အဆိုပါ လူငယ်သည် အဓမ္မပြုကျင့်သည့် နောက်ဆုံး အကြိမ်တွင် “ထောင် ၁၅ နှစ် ကျရင်ကျပစေ” ဟုပင် ပြော ဆိုခဲ့ပြီး မိန်းကလေးကို အကြမ်းပတမ်း ကျူးလွန်ခဲ့သေးသည်။

ဘာမင်ဂမ်တွင် အသက် ၂၀ရွယ် လူးဝစ်ကိုးလ် ဆိုသည့် လူငယ်က ဆယ့်ခြောက်နှစ် အရွယ် မိန်းကလေးကို ၂၀၁၃ ဇွန်မှ ၂၀၁၄ ဖေဖော်ဝါရီ အထိ ၉ လတာ ကာလအတွင်း အကြိမ်ကြိမ် သားမယား အဖြစ် ပြုကျင့်နေခြင်း ဖြစ်သည်။ မိန်းကလေးကို လယ်ကွင်း တစ်ခုသို့ သွေးဆောင် ခေါ်ယူ၍ ငါးကြိမ်မြောက် သားမယား ပြုကျင့် ချိန်တွင် မိန်းကလေးက ဖုန်းဖြင့် ဗီဒီယို ရိုက်ကူး ခဲ့ခြင်း ဖြစ်သည်။

“ပြုကျင့် ခံရတဲ့ မိန်းကလေးက ကိုးလ်ခေါ်တဲ့ နေရာကို လာဖို့ လက်ခံ လိုက်တယ်။ အဲဒီမှာ သူ့ အမေရဲ့ ဖုန်းကိုပါ တစ်ပါတည်း ယူသွား ခဲ့ပြီး ခုလို လက်ပူး လက်ကြပ် ဝန်ခံနိုင်အောင် မှတ်တမ်း ယူလိုက်တာပဲ ဖြစ်တယ်”ဟု ရှေ့ နေ တွမ်စကိုဖီးကပြောသည်။

ယင်းဖုန်းမှတ်တမ်းဗီဒီယိုတွင် “ကြောက်မနေ စမ်းပါနဲ့ ။ ငါကြမ်းရ လိမ့်မယ်။ ဒါအတွက်နဲ့ ထောင် ၁၅ နှစ်တောင် ငါအကျ ခံနိုင်တယ်” စသည်ဖြင့် ကိုးလ်၏ ပြောဆိုမှု များကို တွေ့ ရှိရသည်။ ထိုသို့  မိန်းကလေးကို အနိုင်အထက် အတင်း ဗလက္ကာရ ပြုကျင့် နေခြင်းကြောင့် မိန်းကလေးက တော်ရန်၊ ဆက်မလုပ်ရန် တောင်းပန်သည်။ သို့ သော်လည်း ကိုးလ်က “ငါဘာလုပ်လို့ လဲ။ ငါက လူမသမာ ပဲလေ ဘာဖြစ်လဲ”ဟု ဆိုကာ မရပ်နားဘဲ ဆက်လက် မုဒိမ်း ပြုကျင့်သည် ကိုလည်း တွေ့ ရသည်။

ကနဦး စစ်ဆေး ကြားနာမှုတွင် ကိုးလ်က ပြစ်မှုနှင့် ပတ်သက်ပြီး ငြင်းချက် ထုတ်ခဲ့သည်။ ၎င်း သားမယား အဖြစ် ပြုကျင့်ခဲ့သူ မိန်းကလေး၏ ဖခင်ထံ ၎င်းပေးပို့ ထားသည့် “ဘယ်လို သနားစရာ မိန်းကလေး မျိုးက မုဒိမ်းကျင့် ခံရတာကို လိမ်ထားသလဲ” ဆိုသည့် မတ်ဆေ့ခ်ျ သက်သေခံချက် အပါအဝင် ပြစ်မှု လျှောက်လဲချက် များကို ငြင်းဆန် ခဲ့သေးသည်။

သို့ သော်လည်း ၎င်း၏ လူမဆန်သော ပြစ်မှုက သက်သေ ထင်ရှားသဖြင့် ၎င်းကို ဘာမင်ဂမ်တရားရုံးက ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ် လိုက်သည်။ “ဒါက အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်မှု တစ်ရပ်ပါ။ နောက်ပြီး စိတ်ပိုင်း ဆိုင်ရာ နိုင်ထက်စီနင်း ပြုမှုလည်း ဖြစ်ပြီး လူမဆန်တဲ့ လုပ်ရပ် တစ်ခုလည်း ဖြစ်တယ်”ဟု ရှေ့ နေ စကိုဖီးက ပြောခဲ့သည်။

Ref: Mirror
Mizzima - News in Burmese
ဗြိတိန် နိုင်ငံက လူငယ် တစ်ဦးသည် ၁၆ နှစ်ရွယ် မိန်းမပျိုလေး တစ်ဦးကို သားမယား အဖြစ် အကြိမ်ကြိမ် ပြုကျင့် နေခဲ့ရာ ငါးကြိမ်မြောက် သားမယား ပြုကျင့် ချိန်တွင် မိန်းကလေးက ဖုန်းဖြင့် တိတ်တခိုး မှတ်တမ်းတင် ထားခဲ့ နိုင်ခြင်းကြောင့် ၎င်းကို ထောင်ဒဏ် ဆယ့်နှစ်နှစ်ခွဲ ချမှတ် နိုင်ခဲ့သည်။ အဆိုပါ လူငယ်သည် အဓမ္မပြုကျင့်သည့် နောက်ဆုံး အကြိမ်တွင် “ထောင် ၁၅ နှစ် ကျရင်ကျပစေ” ဟုပင် ပြော ဆိုခဲ့ပြီး မိန်းကလေးကို အကြမ်းပတမ်း ကျူးလွန်ခဲ့သေးသည်။
ဘာမင်ဂမ်တွင် အသက် ၂၀ရွယ် လူးဝစ်ကိုးလ် ဆိုသည့် လူငယ်က ဆယ့်ခြောက်နှစ် အရွယ် မိန်းကလေးကို ၂၀၁၃ ဇွန်မှ ၂၀၁၄ ဖေဖော်ဝါရီ အထိ ၉ လတာ ကာလအတွင်း အကြိမ်ကြိမ် သားမယား အဖြစ် ပြုကျင့်နေခြင်း ဖြစ်သည်။ မိန်းကလေးကို လယ်ကွင်း တစ်ခု သို့ သွေးဆောင် ခေါ်ယူ၍ ငါးကြိမ်မြောက် သားမယား ပြုကျင့် ချိန်တွင် မိန်းကလေးက ဖုန်းဖြင့် ဗီဒီယို ရိုက်ကူး ခဲ့ခြင်း ဖြစ်သည်။

“ပြုကျင့် ခံရတဲ့ မိန်းကလေးက ကိုးလ်ခေါ်တဲ့ နေရာကို လာဖို့ လက်ခံ လိုက်တယ်။ အဲဒီမှာ သူ့ အမေရဲ့ ဖုန်းကိုပါ တစ်ပါတည်း ယူသွား ခဲ့ပြီး ခုလို လက်ပူး လက်ကြပ် ဝန်ခံနိုင်အောင် မှတ်တမ်း ယူလိုက်တာပဲ ဖြစ်တယ်”ဟု ရှေ့ နေ တွမ်စကိုဖီးကပြောသည်။

ယင်းဖုန်းမှတ်တမ်းဗီဒီယိုတွင် “ကြောက်မနေ စမ်းပါနဲ့ ။ ငါကြမ်းရ လိမ့်မယ်။ ဒါအတွက်နဲ့ ထောင် ၁၅ နှစ်တောင် ငါအကျ ခံနိုင်တယ်” စသည်ဖြင့် ကိုးလ်၏ ပြောဆိုမှု များကို တွေ့ ရှိရသည်။ ထိုသို့  မိန်းကလေးကို အနိုင်အထက် အတင်း ဗလက္ကာရ ပြုကျင့် နေခြင်းကြောင့် မိန်းကလေးက တော်ရန်၊ ဆက်မလုပ်ရန် တောင်းပန်သည်။ သို့ သော်လည်း ကိုးလ်က “ငါဘာလုပ်လို့ လဲ။ ငါက လူမသမာ ပဲလေ ဘာဖြစ်လဲ”ဟု ဆိုကာ မရပ်နားဘဲ ဆက်လက် မုဒိမ်း ပြုကျင့်သည် ကိုလည်း တွေ့ ရသည်။

ကနဦး စစ်ဆေး ကြားနာမှုတွင် ကိုးလ်က ပြစ်မှုနှင့် ပတ်သက်ပြီး ငြင်းချက် ထုတ်ခဲ့သည်။ ၎င်း သားမယား အဖြစ် ပြုကျင့်ခဲ့သူ မိန်းကလေး၏ ဖခင်ထံ ၎င်းပေးပို့ ထားသည့် “ဘယ်လို သနားစရာ မိန်းကလေး မျိုးက မုဒိမ်းကျင့် ခံရတာကို လိမ်ထားသလဲ” ဆိုသည့် မတ်ဆေ့ခ်ျ သက်သေခံချက် အပါအဝင် ပြစ်မှု လျှောက်လဲချက် များကို ငြင်းဆန် ခဲ့သေးသည်။

သို့ သော်လည်း ၎င်း၏ လူမဆန်သော ပြစ်မှုက သက်သေ ထင်ရှားသဖြင့် ၎င်းကို ဘာမင်ဂမ်တရားရုံးက ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ် လိုက်သည်။ “ဒါက အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်မှု တစ်ရပ်ပါ။ နောက်ပြီး စိတ်ပိုင်း ဆိုင်ရာ နိုင်ထက်စီနင်း ပြုမှုလည်း ဖြစ်ပြီး လူမဆန် တဲ့ လုပ်ရပ် တစ်ခုလည်း ဖြစ်တယ်”ဟု ရှေ့ နေ စကိုဖီးက ပြောခဲ့သည်။

Ref: Mirror
Mizzima - News in Burmese

No comments:

Post a Comment