Sunday, October 5, 2014

ပြည်တွင်းသစ်လုပ်ငန်းရှင်များကို သစ်တောဖက်စပ်က သစ်မာကုန်ကြမ်း တန်နှစ်ထောင်ကျော်ရောင်းချမည်

အစိုးရနှင့်ဖက်စက်လုပ် ကိုင်နေသော သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပို ရေးရှင်းက ပြည်တွင်း သစ်လုပ်ငန်းရှင်များ ကုန်ကြမ်းအဖြစ် အသုံးပြုရန် သစ်မာ တန်ချိန် နှစ်ထောင်ကျော် ရောင်းချမည်ဟု သတင်းရရှိသည်။
ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့ရောင်းချမှုရပ်ဆိုင်းပြီး ခုနစ် လအတွင်း အဆိုပါ ကော်ပိုရေး ရှင်းက ပြည်တွင်းပုဂ္ဂလိက လုပ် ငန်းရှင်များကို အလုံး လိုက် သစ် များရောင်းချသည်မှာ တန်ချိန်ရှစ် ထောင်ကျော်ရှိခဲ့ပြီး ယခုတန်ချိန် နှစ်ထောင်ကျော်ကို အောက်တို ဘာ ၉ရက်တွင်ရောင်းချ မည်ဖြစ် သည်။

သစ်တောထွက်ပစ္စည်းဖက် စပ်ကော်ပိုရေးရှင်းသည် ပြည်ပ တိုက်ရိုက်တင်ပို့ရောင်းချသည့်ကုမ္ပဏီအဖြစ်ရပ်တည်နေရာမှပြည် ပသို့ သစ်အလုံးလိုက် တင်ပို့မှုရပ် ဆိုင်းပြီးနောက် ၀န်ကြီးဌာနပြီး  လျှင် ပြည်တွင်း၌သစ်အလုံးလိုက် ရောင်းချခွင့်ရသည့် ပထမဆုံးကု မ္ပဏီဖြစ်သည်။

သစ်တောဖက်စပ်က ရောင်းချပြီး သစ်မာများ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှု မရပ်ဆိုင်းမီ တစ်နှစ်အတွင်းထုတ်ယူထားသော သစ်များဖြစ် သည်။

တင်ဒါရောင်းချပြီး သစ်မာတန်ချိန် တစ်သောင်းနှစ်ထောင်ကျော်ရှိပြီး သစ်အလုံးရေ တစ်သောင်းတစ်ထောင်ကျော်ရှိသည်ဟုသိရသည်။

‘‘နိုင်ငံခြားကို တင်ပို့ဖို့ အ တွက်က ကျွန်းပဲ ၀ယ်လိုအားရှိ တယ်။ ကျန်တဲ့သစ်က ခွဲသား။ သူတို့နိုင်ငံမှာလည်း ခွဲသားသစ်မာတွေရှိတယ်။ အရင်ကတည်းက သစ်မာဆိုရင် သူတို့က အလုံးလိုက်ပဲသုံးကြတယ်’’ဟု ပြည်ပသို့ သစ်တင်ပို့နေသည့် လုပ်ငန်းရှင် တစ်ဦးကပြောသည်။

လက်ရှိ သစ်အလုံးလိုက် တင်ပို့နေသည့် ကုမ္ပဏီကြီးနှင့်ကုမ္ပဏီငယ် စုစုပေါင်း ငါးဆယ် ကျော်ရှိသည့်အနက် ထက်ဝက် ခန့်သည် အချောထည် တင်ပို့ သည့်လုပ်ငန်းများဘက်သို့ ကူး ပြောင်းလာပြီဖြစ်သည်။

ပြည်တွင်း သစ်ဈေးကွက် တွင် သစ်အချောထည် တင်ပို့  သည့် ပြည်တွင်းကုမ္ပဏီများ တိုး ပွားလာသည့်အပြင် သစ်အချော ထည်ဈေးကွက်တွင် ကိုရီးယား၊ အိန္ဒိယ၊ စင်ကာပူနိုင်ငံတို့မှကုမ္ပ ဏီများလည်း ရင်းနှီးမြှုပ်နှံလာ ကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင် မှ သိရသည်။

ပြည်တွင်း သုံးစွဲမှုအတွက် သစ်အလုံးလိုက်ရောင်းချခြင်းကို  အစိုးရတစ်ဦးတည်းလုပ်ကိုင်ရာမှ ယခုနှစ်တွင်စတင်ပြီး အစိုးရ ၅၅ရာ  ခိုင်နှုန်း၊ ပုဂ္ဂလိက ၄၅ ရာခိုင်နှုန်းပါဝင်သော သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းလိမီတက်ကလုပ်ကိုင်လျက်ရှိသည်။

7Day DAILY

No comments:

Post a Comment