Friday, October 24, 2014

အီဘိုလာနှင့် အိုင်အက်စ်အန္တရာယ်ရှိ နိုင်ငံများတွင် မြန်မာသင်္ဘောသားများကို ကမ်းဆင်းခွင့်တားမြစ်

အီဘိုလာနှင့် အိုင်အက်စ်အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ရပ်များကြောင့် မြန်မာသင်္ဘောသားများ၏ ကျန်းမာရေးနှင့် လုံခြုံရေးအခြေအနေအရ သင်္ဘောကုမ္ပဏီများက ကမ်းဆင်းခွင့်မပြုရန် တားမြစ် ထားကြောင်း သတင်းရရှိသည်။

ကူးစက်မြန်အီဘိုလာရောဂါ ဖြစ်ပွားနေသည့် အာဖရိကနိုင်ငံများ နှင့်အိုင်အက်စ်အဖွဲ့၏ အန္တရာယ်ရှိ နိုင်သည့် အနောက်အစ္စလာမ် မစ်နိုင်ငံများတွင် သင်္ဘောများ ဆိုက်ကပ်ပါက မြန်မာသင်္ဘော သားများ၏ ကျန်းမာရေးနှင့် လုံခြုံ ရေးအခြေအနေအရ ကမ်းဆင်း ခွင့်မပြုရန် ညွှန်ကြားထားခြင်း ဖြစ်သည်။



‘‘အကြမ်းဖက်သမားတွေက မြန်မာကို တိုက်ခိုက်မယ်လို့ ကြေ ညာထားတော့ လုံခြုံရေးအရ ပေး မဆင်းတော့တာ/ သက်ဆိုင်ရာ နိုင်ငံတွေက အာမမခံတာလည်းပါတယ်။ အရှေ့အာရှက အစ္စလာမ်နိုင်ငံတွေ မပါဘူး။ ကမ်းဆင်းလို့ ရတယ်။ ပြီးတော့ မြန်မာသင်္ဘော သားတွေကိုပဲ တားမြစ် ထားတာ တခြားနိုင်ငံတွေက သင်္ဘော သားတွေကို တားမြစ်တာမရှိဘူး’’ ဟု မြန်မာ ပင်လယ်ရေကြောင်း အလုပ်သမားများအဖွဲ့ချုပ် တွဲဖက် အထွေထွေအတွင်းရေးမှူး ကိုရဲ ၀င်းထွန်းက ပြောသည်။

အိုင်အက်စ်အဖွဲ့သည် ကမ္ဘာတစ်ဝန်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိပြီး၊ အယ်လ်ကိုင်ဒါအဖွဲ့အစည်းက လည်း မြန်မာနိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု ကြေညာထားသည့်အတွက် တားမြစ်ထား ကြောင်း ၎င်းကပြောသည်။

ကမ်းဆင်းခွင့်တားမြစ်ထား ခြင်းကို ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကတရားဝင် ထုတ်ပြန်ထားခြင်း မဟုတ်ဘဲ ယင်းနိုင်ငံများသို့ ဖြတ်သန်းသွား လာသည့် သင်္ဘောကုမ္ပဏီများက ညွှန်ကြားထားခြင်းဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ က ပြောသည်။

‘‘တစ်နိုင်ငံလုံးမဟုတ်ဘဲ ဆိပ်ကမ်းအချို့မှာတော့ မဆင်းဖို့ တားမြစ်တာရှိတယ်။ မလိုလား အပ်တဲ့ ပြဿနာတွေဖြစ်မှာစိုးလို့ ကြိုကာကွယ်တဲ့အနေနဲ့ မဆင်း ခိုင်းတာ၊ သင်္ဘောကုမ္ပဏီတိုင်း တော့ မဟုတ်ဘူး’’ဟု Target Ship Mana ကပ္ပတိန် ဦးဇော်ရဲကိုက ပြောသည်။

အီဘိုလာရောဂါသည် ယခု နှစ်အတွင်း အနောက်အာဖရိကနိုင်ငံများတွင် ဆိုးဆိုးရွားရွား ကူးစက်ပျံ့နှံ့နေပြီး သေဆုံးသူအရေ အတွက်မှာ ၄,၅၀၀ ခန့်ရှိလာပြီ ဖြစ်သည်။

ကမ်းဆင်းခွင့်ပိတ်ခြင်းကို ယခင်က အမေရိကန်နှင့် ဂျပန်နိုင်ငံများကဲ့သို့ နိုင်ငံကြီးများတွင် ကမ်းဆင်းချိန်၌ နေထိုင်ခဲ့မည်ကို စိုးရိမ်သည့်အတွက် ကမ်းဆင်းရန် တားမြစ်ခဲ့ဖူးသည်။

7Day Daily

No comments:

Post a Comment