Thursday, October 9, 2014

ထိုင်းလေယာဉ်မှူး မီးလောင်ဒဏ်ရာရ၍ ရန်ကုန် ဝိတိုရိယဆေးရုံတွင် ဆေးကုမည်


Photo: ထိုင်းလေယာဉ်မှူး မီးလောင်ဒဏ်ရာရ၍ ရန်ကုန် ဝိတိုရိယဆေးရုံတွင် ဆေးကုမည်
Thursday, October 9, 2014

B4 ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ထိုင်းလေယာဉ်မှူး Mr.Chat Chawal သည် မီးလောင်ဒဏ်ရာနှင့် ထိခိုက်ဒဏ်ရာ အချို့ရရှိထား၍ အောက်တိုဘာ ၈ရက် ညနေပိုင်းတွင် ပူတာအိုမှ ထွက်ခွာလာကာ ရန်ကုန်မြို့ ဝိတိုရိယဆေးရုံတွင် ဆေးကုသမှု ခံယူမည်ဟု ထူးဖောင်ဒေးရှင်း၏ ပြန်ကြားရေးတာဝန်ခံ ကိုဘိုထွန်းက မဇ္ဈိမကို ပြောသည်။

"အခုပဲ ပူတာအိုကို ရောက်နေပါပြီ။ ရန်ကုန်မှာဆေးကုသဖို့ သူ့ကို လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဒီနေ့ ရန်ကုန်အရောက် အမြန်ဆုံးဆောင်ရွက်နေ တယ်"ဟု ယင်းကဆိုသည်။

အောက်တိုဘာ ၈ရက် နံနက်က ထိုင်းလေယာဉ်မှူးကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းကို လန်ဆာထုကျေးရွာသို့ ဒေသခံ ရဝမ်လူမျိုးများ၏ အကူအညီဖြင့် ခေါ်ဆောင်ခဲ့သည်။ ထိုမှတစ်ဆင့် ကချင်ပြည်နယ် ပူတာအိုမြို့တွင် SOS Medical အဖွဲ့မှ ဆရာများနှင့် ဆေးကုသမှု ခံယူခဲ့သည်။ မြန်မာလေယာဉ်မှူး ဦးအောင်မြတ်တိုးမှာမူ တောထဲရှိ ဂူတစ်ခုတွင် ရှိနေပြီး မျက်လုံးဒဏ်ရာ ရထားသည်ဟု ကိုဘိုထွန်းက ပြောသည်။ လက်ရှိတွင် ဦးအောင်မြတ်တိုးကို ကယ်ဆယ်ရေး ဆင်းနေဆဲဖြစ်သည်ဟု ယင်းကဆိုသည်။

ပျောက်ဆုံးသွားသည့် ရဟတ်ယာဉ်ပေါ်တွင် လေယာဉ်မှူး နှစ်ဦး အပါအဝင် ဦးတေဇ၏ ကိုယ်ရေးလက်ထောက် ရွှေရင်တော်ကြီးတို့ ပါသွားခဲ့ပြီး ရွှေရင်တော်ကြီးကို အောက်တိုဘာ ၇ရက်တွင် ပြန်လည် လန်ဆာထုရွာတွင် တွေ့ရှိခဲ့သည်။

သို့သော် ပျောက်ဆုံးရဟတ်ယာဉ်နှင့် ပတ်သက်၍ တွေ့ရှိသည်၊ မတွေ့ရှိသည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

"လေယာဉ်ပျက်ကျတာ ဟုတ်၊မဟုတ်ဆိုတာတော့ မထုတ်ပြန်နိုင်သေးဘူး။ လေယာဉ်ထက် လူကအရေးကြီးဆုံးပဲ’’ ဟု ထူးဖောင်ဒေးရှင်း၏ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက်က မဇ္ဈိမကို ပြောထားသည်။

B4 ရဟတ်ယာဉ်မှာ ခါကာဘိုရာဇီတောင်တွင် ပျောက်နေသည့် တောင်တက်သမားနှစ်ဦးကို ရှာဖွေသည့်အဖွဲ့အား ရိက္ခာသွားပို့ရင်း စက်တင်ဘာ ၂၇ ရက်တွင် အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ပျောက်ဆုံးနေသည့် တောင်တက်သမားနှစ်ဦးအား ရှာဖွေသည့်လုပ်ငန်းစဉ်ကို ခေတ္တရပ်ဆိုင်းထားပြီး လာမည့် ပွင့်လင်းရာသီ ရောက်မှသာ ဆက်လက်ရှာဖွေမည်ဟု ဦးတေဇက အောက်တိုဘာ ၅ရက်က ကြေငြာထားသည်။

"ကယ်ဆယ်ရေးသမားတွေ အသက်အန္တရာယ်ရှိတဲ့အတွက် မြေပြင်ရှာဖွေရေးတွေ ပြန်ဆင်းလာပါပြီ။ အခု ဂျပန်တောင်တက်သမားတွေကို သူတို့တောင်တက် ရင်းတွေ့ခဲ့ရင် ကူညီပေးဖို့ ပြောထားပါတယ်" ဟု ဦးဖြိုးကိုကိုသက်က ပြောသည်။

ခါကာဘိုရာဇီ တောင်ထိပ်အထိ တက်ခဲ့သည့် တောင်တက်သမား နှစ်ဦးမှာ သြဂုတ်လ ၃၁ရက်မှ စတင်ကာ အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese

B4 ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ထိုင်းလေယာဉ်မှူး Mr.Chat Chawal သည် မီးလောင်ဒဏ်ရာနှင့် ထိခိုက်ဒဏ်ရာ အချို့ရရှိထား၍ အောက်တိုဘာ ၈ရက် ညနေပိုင်းတွင် ပူတာအိုမှ ထွက်ခွာလာကာ ရန်ကုန်မြို့ ဝိတိုရိယဆေးရုံတွင် ဆေးကုသမှု ခံယူမည်ဟု ထူးဖောင်ဒေးရှင်း၏ ပြန်ကြားရေးတာဝန်ခံ ကိုဘိုထွန်းက မဇ္ဈိမကို ပြောသည်။

"အခုပဲ ပူတာအိုကို ရောက်နေပါပြီ။ ရန်ကုန်မှာဆေးကုသဖို့ သူ့ကို လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဒီနေ့ ရန်ကုန်အရောက် အမြန်ဆုံးဆောင်ရွက်နေ တယ်"ဟု ယင်းကဆိုသည်။

အောက်တိုဘာ ၈ရက် နံနက်က ထိုင်းလေယာဉ်မှူးကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းကို လန်ဆာထုကျေးရွာသို့ ဒေသခံ ရဝမ်လူမျိုးများ၏ အကူအညီဖြင့် ခေါ်ဆောင်ခဲ့သည်။ ထိုမှတစ်ဆင့် ကချင်ပြည်နယ် ပူတာအိုမြို့တွင် SOS Medical အဖွဲ့မှ ဆရာများနှင့် ဆေးကုသမှု ခံယူခဲ့သည်။ မြန်မာလေယာဉ်မှူး ဦးအောင်မြတ်တိုးမှာမူ တောထဲရှိ ဂူတစ်ခုတွင် ရှိနေပြီး မျက်လုံးဒဏ်ရာ ရထားသည်ဟု ကိုဘိုထွန်းက ပြောသည်။ လက်ရှိတွင် ဦးအောင်မြတ်တိုးကို ကယ်ဆယ်ရေး ဆင်းနေဆဲဖြစ်သည်ဟု ယင်းကဆိုသည်။

ပျောက်ဆုံးသွားသည့် ရဟတ်ယာဉ်ပေါ်တွင် လေယာဉ်မှူး နှစ်ဦး အပါအဝင် ဦးတေဇ၏ ကိုယ်ရေးလက်ထောက် ရွှေရင်တော်ကြီးတို့ ပါသွားခဲ့ပြီး ရွှေရင်တော်ကြီးကို အောက်တိုဘာ ၇ရက်တွင် ပြန်လည် လန်ဆာထုရွာတွင် တွေ့ရှိခဲ့သည်။

သို့သော် ပျောက်ဆုံးရဟတ်ယာဉ်နှင့် ပတ်သက်၍ တွေ့ရှိသည်၊ မတွေ့ရှိသည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

"လေယာဉ်ပျက်ကျတာ ဟုတ်၊မဟုတ်ဆိုတာတော့ မထုတ်ပြန်နိုင်သေးဘူး။ လေယာဉ်ထက် လူကအရေးကြီးဆုံးပဲ’’ ဟု ထူးဖောင်ဒေးရှင်း၏ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက်က မဇ္ဈိမကို ပြောထားသည်။

B4 ရဟတ်ယာဉ်မှာ ခါကာဘိုရာဇီတောင်တွင် ပျောက်နေသည့် တောင်တက်သမားနှစ်ဦးကို ရှာဖွေသည့်အဖွဲ့အား ရိက္ခာသွားပို့ရင်း စက်တင်ဘာ ၂၇ ရက်တွင် အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ပျောက်ဆုံးနေသည့် တောင်တက်သမားနှစ်ဦးအား ရှာဖွေသည့်လုပ်ငန်းစဉ်ကို ခေတ္တရပ်ဆိုင်း ထားပြီး လာမည့် ပွင့်လင်းရာသီ ရောက်မှသာ ဆက်လက်ရှာဖွေမည်ဟု ဦးတေဇက အောက်တိုဘာ ၅ရက်က ကြေငြာထားသည်။

"ကယ်ဆယ်ရေးသမားတွေ အသက်အန္တရာယ်ရှိတဲ့အတွက် မြေပြင်ရှာဖွေရေးတွေ ပြန်ဆင်းလာပါပြီ။ အခု ဂျပန်တောင်တက်သမားတွေကို သူတို့တောင်တက် ရင်းတွေ့ခဲ့ရင် ကူညီပေးဖို့ ပြောထားပါတယ်" ဟု ဦးဖြိုးကိုကိုသက်က ပြောသည်။

ခါကာဘိုရာဇီ တောင်ထိပ်အထိ တက်ခဲ့သည့် တောင်တက်သမား နှစ်ဦးမှာ သြဂုတ်လ ၃၁ရက်မှ စတင်ကာ အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment