Thursday, October 9, 2014

အဖွင့်ပွဲစဉ်တိုင်းမှာ ခက်ခဲကြောင်း မြန်မာယူ-၁၉ နည်းပြ ဂတ်ဆီဇီ ပြောကြား

အောက်တိုဘာလ ၉ရက်နေ့(ယနေ့) ည ၆နာရီခွဲတွင် ယှဉ်ပြိုင်ကစားရမည် ၂၀၁၄ခုနှစ် အာရှယူ-၁၉ ပြိုင်ပွဲမှ ယီမင်အသင်းနှင့် တွေဆုံရမည့် အဖွင်ပွဲစဉ်မှာ ခက်ခဲနိုင်ကြောင်း၊ အဖွင်ပွဲစဉ်တွင် အနိုင်ရရှိရန် သေချာစွာ ပြင်ဆင်ထားကြောင်း၊ မြန်မာပရိသတ်များ ကွင်းလုံးပြည့် လာရောက်အားပေးမည်ဟု ယုံကြည်ကြောင်း မြန်မာယူ-၁၉ အသင်း နည်းပြချုပ်ဖြစ်သူ ဂတ်ဆီဇီမှ ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

ပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ပြီးခဲ့သည့် အောက်တိုဘာလ ၈ရက်နေ့ နံနက်ပိုင်းတွင် ဟိုတယ်ရန်ကုန်၌ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားတွင် နည်းပြ ဂတ်ဆိဇီမှ ယခုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။ ၎င်း ” ဘရူနိုင်းဘုရင် ဖိတ်ခေါ်ဖလား ပြိုင်ပွဲနဲ့ အာဆီယံယူ – ၁၉ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ခဲ့ပြီး အတွေအကြုံကောင်းတွေ ရရှိထားပါတယ်။ အသင်းမှာ အားအနည်းဆုံးဖြစ်တဲ့ ခံစစ်ပိုင်းကို အဓိကထား ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ယီမင်အသင်းနဲ့ အဖွင့်ပွဲဟာ အရေးကြီးသလို အဖွင့်ပွဲစဉ်တိုင်းဟာ ခက်ခဲတတ်ပါတယ်။ နိုင်ပွဲရရှိဖို့ သေသေချာချာ ပြင်ဆင်ထားပြီး အာဆီယံ ယူ-၁၉ ပြိုင်ပွဲတုန်းက အိမ်ရှင် ဗီယက်နမ် ပရိသတ် ၄သောင်းကျော် ကွင်းအပြည့် လာရောက်အားပေးသလို မြန်မာပရိသတ် တွေလဲ ကွင်းလုံးပြည့် လာရောက် အားပေးမယ်လို့ ယုံကြည်ပါတယ် ” ဟုပြောကြားခဲ့သည်။

ယီမင်အသင်း၏ နည်ပြချုပ်ဖြစ်သူ အာမက်အလီက မိမိတို့ အသင်းပါဝင်သည့် အုပ်စု(ဃ)မှာ အုပ်စုကြပ်တစ်ခုဖြစ်ကြောင်း၊ မြန်မာအသင်းမှာ တောင်တင်းသည့် အသင်းဖြစ်ပြီး အိမ်ရှင်ပရိသတ်ရှေ့တွင် ကစားရမည် ဖြစ်၍ အနိုင်ရရှိရန် ခက်ခဲမည်ဖြစ်ကြောင်းဆိုခဲ့သည်။ အာမက်အလီက ” ဒီပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ချိန် အများကြီး မရခဲ့ပါဘူး။ အာရှယူ-၁၉ ပြိုင်ပွဲကို ၄ကြိမ်မြောက် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိချိန်မှာ ထူးခြားတဲ့ ရလဒ်တွေ ထွက်ပေါ်လာအောင် ကြိုးစားသွားမှာပါ။ အီရန်အပါအ၀င် မြန်မာနဲ့ ဖိုင်းအသင်းတွေဟာ တောင့်တင်းတဲ့ အသင်းတွေပါ “ဟု ပြောကြားသွားခဲ့သည်။ ယီမင်ယူ-၁၉ အသင်းမှာ ၂၀၀၄၊ ၂၀၀၈၊ ၂၀၁၀နှင့် ၂၀၁၄ခုနှစ်များတွင် ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး နောက်ဆုံး အဆင့်ပြိုင်ပွဲများအား ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြောင်း သိရှိရသည်။

Soccer Myanmar

No comments:

Post a Comment