Thursday, October 9, 2014

နေရာသစ်တစ်ခုကိုရောက်သွားတိုင်း ခံစားချက်အသစ်ကို ရရှိနိုင်တာမို့ ခရီးသွားရတာ နှစ်ခြိုက်ပါတယ်လို့ ဖွင့်ဟလိုက်တဲ့ နွယ်ဒါလီထွန်း

Photo: နေရာသစ်တစ်ခုကိုရောက်သွားတိုင်း ခံစားချက်အသစ်ကို ရရှိနိုင်တာမို့ ခရီးသွားရတာ နှစ်ခြိုက်ပါတယ်လို့ ဖွင့်ဟလိုက်တဲ့ နွယ်ဒါလီထွန်း
Thursday, October 9, 2014

ခရီးသွားရတာ နှစ်ခြိုက်တဲ့ အနုပညာရှင်တွေထဲမှာ ချစ်စရာကောင်းတဲ့ အပြုံး၊ ဟန်ပန်အမူအရာလေးနဲ့ ပရိသတ်ကို ဖမ်းစားထားတဲ့ နွယ်ဒါလီထွန်း ဆိုတဲ့ ကောင်မလေးကလည်း တစ်ယောက်အပါအ၀င်ပေါ့။ မကြာသေးခင်ကပဲ စင်ကာပူကို ခရီးသွားဖြစ်တဲ့အပြင် နောက်ထပ် သူမသွားချင်တဲ့ ခရီးစဉ်တွေအကြောင်း ပြောပြပေးသွားတာက “စင်ကာပူကို ခရီးသွားဖြစ်တာကတော့ မိသားစုနဲ့သွားတွေ့ဖြစ်တာပေါ့။ နောက် အဲ့ဒီမှာ ရှော့ပင်းလုပ်ဖြစ်တယ်။ အဲ့ဒီကပြန်လာတော့ သူငယ်ချင်းနဲ့ဘန်ကောက်ကို ထပ်သွားဖြစ်တယ်။ ရှော့ပင်းပဲပေါ့။ စင်ကာပူကတော့ ဒါလီ တစ်ယောက်တည်းသွားတာ။ ဒီနှစ်ထဲမှာသွားဖြစ်တဲ့ ခရီးဆိုရင် ပြည်တွင်းက မန္တလေးများတယ်။ ပွဲတွေများတယ်။ နောက်စင်ကာပူ ၊ ဘန်ကောက်ပေါ့ ။ ဒီနှစ်ထဲမှာ သွားချင်တဲ့နေရာတွေက ဒါလီ မရောက်ဖူးသေးတဲ့ ချင်းပြည်နယ်တို့၊ ရခိုင်ဖက်တို့ကစ္စပနဒီတို့အရမ်းသွားကြည့်ချင်တယ်။ ပြည်ပဆို အီဂျစ်တို့၊ ကမ္ဘောဒီးယားတို့သွားကြည့်ချင်တယ်။”လို့ သူမက ဖွင့်ဟသွားပါတယ်။

ခရီးသွားတဲ့အခါ များသေားအားဖြင့် ဒီက၀တ်သွားတဲ့ တစ်စုံစာလောက်ပဲ ပြင်ဆင်ထည့်သွားတတ်တဲ့ အကြောင်းကိုလည်း သူမက “ခရီးသွားရင် များသောအားဖြင့် ဒီက၀တ်သွားတဲ့တစ်စုံပဲ ထည့်သွားဖြစ်တယ်။ နောက် ည၀တ်အကျီင်္ယူသွားတယ်။ ဒါပဲ။ ဟိုရောက်ရင် လဲ ထပ်ဝယ်လာတော့ ပြန်သယ်လာရမှာဆိုတော့ အ၀တ်အစားကို သိပ်မထည့်ဖြစ်ဘူး။ နောက်ပြီးတော့ ကိုယ်သုံးနေကျ skin care တော့ ထည့်ဖြစ်တယ်။ အဓိကက ကိုယ်သောက်နေကျ ဆေးမျိုးလေးတွေပဲထည့်သွားဖြစ်တယ်” တဲ့။

ခရီးသွားပြီးပြန်လာချိန်တိုင်း စိတ်သစ်လူသစ်နဲ့ အလုပ်တွေကို ပြန်လည်လုပ်ကိုင်လာနိုင်တယ်လို့ ဖွင့်ဟလိုက်တဲ့ သူမရဲ့ ခရီးသွားရတာ စိတ်ကိုကြည်လင်စေပါသတဲ့။ “ခရီးသွားရတာ စိတ်ကိုအရမ်း ကြည်လင်ပြီး လန်းဆန်းသွားစေတယ်။ မဟုတ်ရင် ကိုယ့်အိမ်နဲ့ ရှုတင်ကြီးပဲ နေ့စဉ်နဲ့အမျှ သွားနေရတာဆိုတော့ စိတ်က relax မဖြစ်တာတို့၊ ပုံမှန်လည်ပတ်နေမြဲပဲဖြစ်နေတယ်။ ခရီးသွား လိုက်တဲ့ခါကျမှ အမြင်သစ်လဲမြင်ရမယ်။ ဖက်ရှင်လဲ လေ့လာလို့ရတယ်။ စိတ်ချမ်းသာမှုလဲ ရှိတယ်။ နေရာသစ်တစ်ခုကို ရောက်သွားတိုင်း ကိုယ့်စိတ်က ခံစားချက်အသစ်ဖြစ်စေပါတယ်”လို့ သူမက ဆိုပါတယ်။

ခင်ဆွေသက်
Trend Myanmar

ခရီးသွားရတာ နှစ်ခြိုက်တဲ့ အနုပညာရှင်တွေထဲမှာ ချစ်စရာကောင်းတဲ့ အပြုံး၊ ဟန်ပန်အမူအရာလေးနဲ့ ပရိသတ်ကို ဖမ်းစားထားတဲ့ နွယ်ဒါလီထွန်း ဆိုတဲ့ ကောင်မလေးကလည်း တစ်ယောက်အပါအ၀င်ပေါ့။ မကြာသေးခင်ကပဲ စင်ကာပူကို ခရီးသွားဖြစ်တဲ့အပြင် နောက်ထပ် သူမသွားချင်တဲ့ ခရီးစဉ်တွေအကြောင်း ပြောပြပေးသွားတာက “စင်ကာပူကို ခရီးသွားဖြစ်တာကတော့ မိသားစုနဲ့သွားတွေ့ဖြစ်တာပေါ့။ နောက် အဲ့ဒီမှာ ရှော့ပင်းလုပ်ဖြစ်တယ်။ အဲ့ဒီကပြန်လာတော့ သူငယ်ချင်းနဲ့ဘန်ကောက်ကို ထပ်သွားဖြစ်တယ်။ ရှော့ပင်းပဲပေါ့။ စင်ကာပူကတော့ ဒါလီ တစ်ယောက်တည်းသွားတာ။ ဒီနှစ်ထဲမှာသွားဖြစ်တဲ့ ခရီးဆိုရင် ပြည်တွင်းက မန္တလေးများတယ်။ ပွဲတွေများတယ်။ နောက်စင်ကာပူ ၊ ဘန်ကောက်ပေါ့ ။ ဒီနှစ်ထဲမှာ သွားချင်တဲ့နေရာတွေက ဒါလီ မရောက်ဖူးသေးတဲ့ ချင်းပြည်နယ်တို့၊ ရခိုင် ဖက်တို့ကစ္စပနဒီတို့အရမ်း သွားကြည့်ချင်တယ်။ ပြည်ပဆို အီဂျစ်တို့၊ ကမ္ဘောဒီးယားတို့ သွားကြည့်ချင်တယ်။”လို့ သူမက ဖွင့်ဟသွားပါတယ်။

ခရီးသွားတဲ့အခါ များသေားအားဖြင့် ဒီက၀တ်သွားတဲ့ တစ်စုံစာလောက်ပဲ ပြင်ဆင်ထည့်သွားတတ်တဲ့ အကြောင်းကိုလည်း သူမက “ခရီးသွားရင် များသောအားဖြင့် ဒီက၀တ်သွားတဲ့တစ်စုံပဲ ထည့်သွားဖြစ်တယ်။ နောက် ည၀တ်အကျီင်္ယူသွားတယ်။ ဒါပဲ။ ဟိုရောက်ရင် လဲ ထပ်ဝယ်လာတော့ ပြန်သယ်လာရမှာဆိုတော့ အ၀တ်အစားကို သိပ်မထည့်ဖြစ်ဘူး။ နောက်ပြီးတော့ ကိုယ်သုံးနေကျ skin care တော့ ထည့်ဖြစ်တယ်။ အဓိကက ကိုယ်သောက်နေကျ ဆေးမျိုးလေးတွေပဲထည့်သွားဖြစ်တယ်” တဲ့။

ခရီးသွားပြီးပြန်လာချိန်တိုင်း စိတ်သစ်လူသစ်နဲ့ အလုပ်တွေကို ပြန်လည်လုပ်ကိုင်လာနိုင်တယ်လို့ ဖွင့်ဟလိုက်တဲ့ သူမရဲ့ ခရီးသွားရတာ စိတ်ကိုကြည်လင်စေပါသတဲ့။ “ခရီးသွားရတာ စိတ်ကိုအရမ်း ကြည်လင်ပြီး လန်းဆန်းသွားစေတယ်။ မဟုတ်ရင် ကိုယ့်အိမ်နဲ့ ရှုတင်ကြီးပဲ နေ့စဉ်နဲ့အမျှ သွားနေရတာဆိုတော့ စိတ်က relax မဖြစ်တာတို့၊ ပုံမှန်လည်ပတ်နေမြဲပဲဖြစ်နေတယ်။ ခရီးသွား လိုက်တဲ့ခါကျမှ အမြင်သစ်လဲမြင်ရမယ်။ ဖက်ရှင်လဲ လေ့လာလို့ရတယ်။ စိတ်ချမ်းသာမှုလဲ ရှိတယ်။ နေရာသစ်တစ်ခုကို ရောက်သွားတိုင်း ကိုယ့်စိတ်က ခံစားချက်အသစ်ဖြစ်စေပါတယ်”လို့ သူမက ဆိုပါတယ်။

ခင်ဆွေသက်
Trend Myanmar

No comments:

Post a Comment