Tuesday, October 28, 2014

မြန်မာသို့ နည်းပညာအကူအညီများပေးရန် သမ္မတရုံးဝန်ကြီး နိုင်ငံ တကာ သို့ မေတ္တာရပ်ခံ

နည်းပညာပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှောင့် နှေးနသည့် မြန်မာနိုင်ငံသို့ နည်းပညာထိပ်တန်းရောက်နေသော နိုင်ငံများမှ ပံ့ပိုးကူညီစေ လိုကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ ပြည် ထောင်စုဝန်ကြီး ဦးစိုးသိန်းက မေတ္တာရပ်ခံလိုက်သည်။
‘‘လွန်ခဲ့တဲ့ နှစ်တွေမှာ သုတေ သနနဲ့ လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာရဲ့ ကူညီမှုမှာ အကန့်အသတ်ရှိခဲ့ လို့ မြန်မာနိုင်ငံရဲ့ သိပ္ပံဆိုင်ရာ ဖွံ့ ဖြိုးတိုးတက်မှုတွေမှာ နှောင့်နှေး ခဲ့ရတယ်’’ဟု ဦးစိုးသိန်းက ဆို သည်။

အောက်တိုဘာ ၂၇ ရက်နေ့ နေပြည်တော်အပြည်ပြည်ဆိုင်ရာ မြန်မာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ပြုလုပ်သည့် (၃၅) ကြိမ်မြောက် အစည်း အဝေး မှ စူးစမ်းလေ့လာ ခြင်း ပညာရပ်ဆိုင်ရာ အာရှညီလာခံတွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံနယ်စပ်ဒေသ များနှင့် သွားရေးလာရေးခက်ခဲ သော တောင်တန်းဒေသများတွင် အချိန်နှင့် တစ်ပြေးညီသတင်းအ ချက်အလက်ရရှိရန် အလွန်ခက် ခဲနေပြီး နည်းပညာပံ့ပိုးပေးနိုင်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် နည်းပညာဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆောင် ရွက်နေ ကြသော လူငယ်များကို ပံ့ပိုးကူ ညီရန် ပြောကြားသွားသည်။

ယင်းညီလာခံတွင် နိုင်ငံ ပေါင်း ၃၆ နိုင်ငံမှ ပညာရှင်များက သုတေသနစာတမ်းပေါင်း ၂၈၀ ကျော်ကို တစ်ပြိုင်နက်တည်း ဖတ်ကြား တင်သွင်းခဲ့ကြသည်။

သုတေသန စာတမ်းများ တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာတမ်းများ၊ ဘူမိဗေဒ၊ စိုက်ပျိုး မွေးမြူရေးဓာတ်သတ္တု၊ ကျောက် မျက်၊ ရေနံ သဘာဝဓာတ်ငွေ့နှင့် တွင်းထွက်ဆိုင်ရာစာတမ်းများ မြေတိုင်းနှင့် အာကာသနည်းပညာဆိုင်ရာ ဂြိုဟ်တုနည်းပညာနှင့် အာရုံခံစူးစမ်းခြင်း နည်းပညာဆိုင် ရာ ပို့ဆောင်ရေးနှင့် မြို့ပြဆိုင်ရာ စာတမ်းများ ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။

7Day DAILY

No comments:

Post a Comment