Tuesday, October 28, 2014

ကာကွယ်ရေးအသုံးစရိတ်များ၏ ၃၂ ရာခိုင်နှုန်းကျော်ကိုသာ စစ်ဆင်ရေးနှင့် တိုက်ခိုက်ရေးများတွင် အသုံးပြုသဖြင့် ကာကွယ်ရေးအသုံးစရိတ်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ထိခိုက်မည်မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

ကာကွယ်ရေးအသုံးစရိတ်များ ၏ ၃၂ ရာခိုင်နှုန်းကျော်ကိုသာ စစ်ဆင်ရေးနှင့် တိုက်ခိုက်ရေးများတွင် အသုံးပြုသဖြင့် ကာကွယ် ရေးအသုံးစရိတ်များသည် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အားထိခိုက်မည် မဟုတ်ကြောင်း ကာ ကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က အောက်တို ဘာ  ၂၇ ရက်တွင် ပြောကြားခဲ့သည်။



အောက်တိုဘာလ ၂၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ၌ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင် စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်ပတ်သက်၍ ကာကွယ်ရေးဝန် ကြီးဌာန၏ အသုံးစရိတ်များကို လာရောက် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်း ဝါနုဆွေးနွေးပြောကြားခဲ့သည့် “ပထမဦးစွာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဝါဒကိုဆွေးနွေး ပါ့မယ်။ သူရဲ့မူဝါဒက အဓိကအားဖြင့် နိုင်ငံ တော်မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည် တံ့ ခိုင်မြဲရေးတို့ဖြစ်ကြောင်း လေ့လာတွေ့ရှိ ရပါတယ်။ အလွန်ကောင်းတဲ့ မူဝါဒများဖြစ် ပါတယ်။ ဒါပေမဲ့ အဲဒီမူဝါဒကို မည်ကဲ့သို့မျှော် မှန်းချက်ထားသည်၊ မည်ကဲ့သို့ အကောင်အ ထည်ဖော်မည်ကို မသိရှိရပါ။ အဓိကအား ဖြင့်အမျိုးသား လုံခြုံရေးကိစ္စ၊ တပ်တွင်းတည် ဆောက်ရေးကိစ္စများကိုသာ လေ့လာတွေ့ရှိရ ပါတယ်။ နိုင်ငံအတွက် တိုင်းရင်းသား စည်း လုံး ညီညွတ်မှုမပြိုကွဲရေးဟာ အလွန်အရေး ပါတာဖြစ်တဲ့အတွက် တိုင်းရင်းသား စည်း လုံးညီညွတ်မှုရအောင် မည်ကဲ့သို့ဆောင်ရွက် မည်၊ ငြိမ်းချမ်းရေးအတွက် မည်ကဲ့သို့ဆောင် ရွက်ရမည်ဟု ဆိုကာ ဘက်စုံဖွံ့ဖြိုးရေးလုပ် ငန်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည် ထူ ထောင်ရေးလုပ်ငန်းများအတွက် မူဝါဒများ၊ ရည်မှန်းချက်များ၊ အကောင်အထည်ဖော်မည့် လုပ်ငန်းများကို အစိုးရနဲ့တပ်မတော်က အမှန်တကယ်ဖော်ဆောင်ပေးနေပါလား၊ ငါ တို့ဘယ်ကဏ္ဍကနေ ကူပေးရမလဲ၊ ဘယ်လို ပံ့ပိုးပေးရမလဲဆိုတဲ့ ယုံကြည်ချက်၊ မျှော်လင့် ချက်နဲ့ ပါဝင်ကူညီဆောင်ရွက်ပေးလိုစိတ်မြင့် မားလာမှာဖြစ် ပါတယ်။ ဒီနောက်ထပ် ဘဏ္ဍာ ငွေသုံးစွဲရေးဥပဒေကြမ်းထဲမှာ ထိုကဲ့သို့ မပါ ရှိဘဲ စစ်ဆင်ရေးအသုံး စရိတ်များကိုသာ ဖော်ပြပြီး စစ်ဆင်ရေးအသုံးစရိတ်များကို တိုးမြ§င့်တောင်းခံလာတာကို တွေ့မြင်နေရ ပါတယ်။ ယခုအချိန်ကာလဟာ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီစနစ်ဖော် ဆောင်ရေး၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော် ဆောင်နေဆဲကာလဖြစ်တဲ့အတွက် စစ်ဆင် ရေး အသုံးစရိတ်တိုးမြင့် တောင်းခံလာခြင်း က သင့်လျော်မှုမရှိပါ။ ငြိမ်းချမ်းရေးဘာလဲ၊ ဘယ်လဲလို့ မေးမြန်းစရာဖြစ်နေပါတယ်။  အဆိုပါစစ်ဆင်ရေးစရိတ်များကို လျော့ချပြီး တော့ ငြိမ်းချမ်းရေးခေါင်းစဉ်နဲ့ ပြောင်းလဲသုံးစွဲ သင့်ပါတယ်”ဆိုသည့် အချက်အပေါ် ကာ ကွယ်ရေးဝန်ကြီးက ပြန်လည်ရှင်းလင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က“ကာ ကွယ်ရေး အသုံးစရိတ်မှာ သာမာန်အသုံးစ ရိတ် ၄၆ ရာခိုင်နှုန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ၅၃ ရာခိုင်နှုန်း ပါဝင်ပါတယ်။ အသုံးစရိတ် တွေကိုခွဲကြည့်မယ်ဆိုလို့ရှိရင် လစာနဲ့စရိတ် ဟာ ၄၆ ဒသမ ၁၂ ပါဝင်ပြီး တိုက်ခိုက်ရေးကဏ္ဍ (တိုက်ခိုက်ရေးကဏ္ဍဆိုတာ စစ်ဆင်ရေးအသုံး စရိတ်လို့ပဲတင်ပြမယ်ဆိုရင်) ၃၂ ဒသမ ၈၉ ရာခိုင်နှုန်းပါဝင်ပါတယ်။ ကာကွယ်ရေးအ သုံးစရိတ် ၁ဝဝ ရာခိုင်နှုန်းမှာ စစ်ဆင်ရေး တိုက်ခိုက်ရေးနဲ့ ပတ်သက်တာ သုံးပုံ တစ်ပုံပဲ ဖြစ်ပြီးတော့ ကျန်နှစ်ပုံက လစာနဲ့စရိတ်တွေ၊ အုပ်ချုပ်မှုကိစ္စတွေနဲ့ အဆောက်အအုံတွေ၊ ပညာရေး၊ ကျန်းမာရေးကိစ္စတွေမှာသာ သုံး စွဲတာဖြစ်တဲ့အတွက် စစ်နဲ့ ပတ်သက်တာ သုံး ပုံ တစ်ပုံသာ သုံးစွဲပါကြောင်း တင်ပြလိုပါ တယ်”ဟု  ပြောကြားသည်။

ထို့ကြောင့် ကာကွယ်ရေးအသုံးစရိတ် များကို တင်ပြတောင်းခံခြင်းသည် လက်ရှိ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို ထိခိုက်နိုင်ခြင်းမရှိဟု ယုံကြည်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။

ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ကဏ္ဍပေါင်းစုံမှ တာဝန်ရှိသူများ ပေါင်းစည်း နိုင်မှသာ ထာဝရငြိမ်းချမ်းရေးရရှိနိုင်မည် ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီးဝေ လွင်က ထည့်သွင်းပြောကြား ခဲ့သည်။

Eleven Media Group

No comments:

Post a Comment