Wednesday, October 29, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအလံတင် အစည်းအဝေးတွင် RSO များနှင့်ပတ်သက်၍ အဓိကဆွေးနွေးဖွယ်ရှိ

မောင်တောနယ်စပ် ၌ အောက်တိုဘာ ၃၀ ရက်တွင်ကျင်းပပြုလုပ်မည့် မြန်မာ-ဘင်္ဂ လားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်လုံခြုံ ရေးအရာရှိများ အလံတင်အစည်း အဝေး၌ ဖမ်းဆီးရမိထားသည့် RSO များနှင့်ပတ်သက်၍ အဓိက ထား ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း အမှတ်(၁)နယ်ခြားစောင့်ရဲတပ် ဖွဲ့မှ အရာရှိတစ်ဦးက သုံးသပ် ပြောကြားသည်

ပြီးခဲ့သည့် မေနှင့် ဇွန်လ အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မိုင်တိုင်အမှတ် ၅၂ နှင့် ၅၄ တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှာ RSOလက်နက်ကိုင်များနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးတပ်ကို ပြောကြားခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်က ၎င်းတို့နိုင်ငံတွင် RSO များမရှိကြောင်း ငြင်းဆိုခဲ့သည်။

ယင်းသို့ ငြင်းဆိုထားသော် လည်း မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့က စက်တင်ဘာအတွင်း ဘင်္ဂလားဒေ့ရှ်မှ သင်တန်းတက် ရောက်ပြီး ပြန်လာသည့် RSO အဖွဲ့ဝင်တစ်ဦးနှင့် ဆက်နွှယ်နေ သူ သုံးဆယ်ကျော်ကို ဖမ်းဆီးရ မိခဲ့ကာ ၎င်းတို့ ဖမ်းဆီးရမိခြင်း နှင့် ထွက်ဆိုချက်များကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေးပို့ထားကြောင်း သိရသည်။

အောက်တိုဘာ ၄ ရက်က မြန်မာနယ်စပ်လုံခြုံရေး နယ်ခြား စောင့်ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုနှင့် ဒေသမှူးများအဖွဲ့ မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခေါင်းတုံး ဒေသတွင် ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

7Day Daily

No comments:

Post a Comment