Tuesday, November 18, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရှေ့နှစ်တွင် နိုင်ငံတစ်ဝန်း 3G ကွန်ရက်နှစ်ဆရရှိရန် တိုးချဲ့မည်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဂျပန်ဆက် သွယ်ရေးကုမ္ပဏီနှစ်ခုနှင့် ပူး ပေါင်း၍ ၂၀၁၅ မတ်လ ကုန်တွင်နိုင်ငံ တစ်ဝန်း၌လက်ရှိ 3G ကွန်ရက် အရေအတွက်ထက်နှစ်ဆ ခန့်အထိရှိလာစေရန် တိုးချဲ့သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘MPT အနေနဲ့ ကွန်ရက်ချဲ့ ထွင်မှုနဲ့ လိုင်းကျပ်တဲ့ပြဿနာ နှစ်ခုလုံးကို ဟန်ချက်ညီအောင် ဖြေရှင်းသွားဖို့ရှိပါတယ်’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့် သိန်းထွန်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းက နိုဝင်ဘာ ၆ ရက်မှ စ၍ ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီ များဖြစ်သော KDDI နှင့် Sumi-tomo Coperation တို့ဖြင့် ပူး ပေါင်း၍ ရန်ကုန်နှင့် နေပြည် တော်တို့တွင် လိုင်းကျပ်သည့် နေရာများ၌ရှိသော 3G ကွန် ရက်စခန်းများကို လိုင်းတိုးချဲ့ခြင်း များ ဆောင်ရွက်ခဲ့ရာ ယခင်က ထက် လိုင်းအင်အား ၅၀ ရာခိုင် နှုန်းခန့်တိုးလာကြောင်း သတင်း ရရှိသည်။

ကွန်ရက်ချဲ့ထွင်မှုဆောင် ရွက်ရာတွင် ရန်ကုန်နှင့် နေပြည် တော်သာမကဘဲ နိုင်ငံတစ်ဝန်း လုံး၌ ပထမအဆင့်အနေဖြင့် ၂၀၁၅ မတ်လကုန်တွင် လက်ရှိ 3G ကွန်ရက်စခန်းအရေအတွက် ထက်နှစ်ဆခန့်အထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ကွန်ရက်ချဲ့ထွင်မှု ကြောင့် လိုင်းကျပ်နေကျနေရာ များနှင့် လူသုံးအများအဆုံးအချိန် များ၌ပင် အရည်အသွေးကောင်း သော ဆက်သွယ်ရေးဝန်ဆောင်မှု များကို အသုံးပြုနိုင်မည်ဟု မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် လက်ရှိတွင် နိုင်ငံ တစ်ဝန်း၌ တာဝါတိုင်ပေါင်းနှစ် ထောင်ကျော်ဖြင့် ကွန်ရက်ဖြန့် ကြက်ထားပြီး ဆင်းမ်ကတ်ပေါင်း ၁၁ သန်းကျော် ချထားပေး ကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment