Friday, November 28, 2014

ထိပ်တန်းအပြောင်းအရွှေ့ သတင်း

Photo: ထိပ်တန်းအပြောင်းအရွှေ့ သတင်း
Friday, November 28, 2014

မင်း ---ဘယ်ကိုလဲ မက်ဆီ

မက်ဆီအနေနဲ့ နူးကမ့်ကနေ စွန့်ခွာချင်နေပါပြီလို့ သတင်းထွက်ပေါ်လာခဲ့ပြီး ဥရောပ ထိပ်တန်းကလပ်တွေရဲ့ လှုပ်ရှားမှု တွေက အပြောင်းအရွှေ့ဈေးကွက်ကို ဂယက် ထစေခဲ့ပါတယ်။

မက်ဆီလို ကစားသမားကို အမိအရ ခေါ်ယူနေချင်ကြတဲ့ ကလပ်တွေအတွက်တော့ အပြောင်းအရွှေ့ဈေးကွက်မှာ ဘယ်လိုပုံစံတွေနဲ့ ပါဝင်လာဦးမလဲ ဆိုတာ စောင့်ကြည့်ချင်စရာပါ။

သတင်းမှာတော့ မက်ဆီအနေနဲ့ နူးကမ့်ကို စွန့်ခွာချင်နေပြီလို့ ရေးထားပေမဲ့ သေသေချာချာ အဓိပ္ပါယ် ကောက်ကြည့်ရင် တစ်ခြားအသင်းတစ်ခုကို ပြောင်းချင်တာပါဆိုတဲ့ အဓိပ္ပါယ်ကို ပိုသက်ရောက်နေပါတယ်။

ဆိုလိုချင်တာက မက်ဆီအနေနဲ့ ဘာစီလိုနာမှာ မပျော်ရွှင်လို့ မဟုတ်ပဲ ဥရောပ တစ်ခွင်မှာ အတွေ့အကြုံသစ် ရှာချင်တာ လို့ သတ်မှတ်လို့ ရနိုင်ပါတယ်။

ဘာလို့ အသင်းပြောင်းချင်ရတာလဲ ဆိုတဲ့ အကြောင်းရင်းတစ်ခုကို ကြည့်ရင် မက်ဆီအနေနဲ့ အနီးကပ်ဆုံးပြိုင်ဘက် စီရော်နယ်ဒို အပေါ်မှာ မှတ်တမ်းအရ အသာရထားပေမဲ့ ခြေစွမ်းမှာ အသာမရပါဘူးဆိုတဲ့ ဝေဖန်သံ မကြာခဏ ထွက်ပေါ်နေခဲ့တာပါ။ ဒီလို ဖြစ်ရတဲ့ အကြောင်းရင်းတစ်ခုက မက်ဆီအနေနဲ့ ဘာစီလိုနာ လောင်းရိပ်အောက်မှာ ,မိ, နေခဲ့တာပါ။
ဇာဗီတို့လို အသင်းဖော်တွေရဲ့ ပံ့ပိုးမှုသာ မပါရင် မက်ဆီအနေနဲ့ ဒီလို ဆုတံဆိပ်တွေ မရနိုင်ဘူးဆိုတဲ့ ဝေဖန်သံကို မက်ဆီအနေနဲ့ ဘယ်အသင်းမှာမဆို ခြေစွမ်းပြနိုင်ကြောင်း ဖော်ပြပြီး ချေဖျက်ချင်နေမှာပါ။

ဒါဟာ မက်ဆီအနေနဲ့ အသင်းပြောင်းချင်ပါတယ် လို့ ဆိုလာတဲ့ အကြောင်းရင်း တစ်ခုဖြစ်နိုင်ပါတယ်။

မက်ဆီ အနေနဲ့ တကယ်သာ နူးကမ့်ကို စွန့်ခွာခဲ့မယ် ဆိုရင် မန်စီးတီး PSG တို့လို အသင်းတွေက ငွေထုတ်ပိုက် လိုက်လာပါလိမ့်မယ်။တစ်ခြားထိပ်တန်းကလပ်တွေလည်း ဆက်တိုက် လှုပ်ရှားလာကြဦးမှာမို့ ဒီသတင်းသာ တကယ်မှန်ရင် ဆောင်းရာသီမှာ စိတ်လှုပ်ရှားစရာ အပြောင်းအရွှေ့ဇာတ်လမ်းတစ်ပုဒ်ကို တွေ့မြင်ရမှာပါ။

မက်ဆီလို ကစားသမားကို မလိုချင်ပါဘူးဆိုတဲ့ အသင်းပရိတ်သတ်က နည်းပါးပါလိမ့်မယ်။အဲဒါကြောင့် သိပ်မကြာခင် ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဘယ်သူတွေ ဘာဖြစ်ဦးမလဲဆိုတာ ရင်ခုန်ကြည့်ကြရအောင်ပါ။

Ko Ko San
Football Café
မင်း ---ဘယ်ကိုလဲ မက်ဆီ

မက်ဆီအနေနဲ့ နူးကမ့်ကနေ စွန့်ခွာချင်နေပါပြီလို့ သတင်းထွက်ပေါ်လာခဲ့ပြီး ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ လှုပ်ရှားမှု တွေက အပြောင်းအရွှေ့ဈေးကွက်ကို ဂယက် ထစေခဲ့ပါတယ်။

မက်ဆီလို ကစားသမားကို အမိအရ ခေါ်ယူနေချင်ကြတဲ့ ကလပ်တွေအတွက်တော့ အပြောင်းအရွှေ့ ဈေးကွက်မှာ ဘယ်လိုပုံစံတွေနဲ့ ပါဝင်လာဦးမလဲ ဆိုတာ စောင့်ကြည့်ချင်စရာပါ။

သတင်းမှာတော့ မက်ဆီအနေနဲ့ နူးကမ့်ကို စွန့်ခွာချင်နေပြီလို့ ရေးထားပေမဲ့ သေသေချာချာ အဓိပ္ပါယ် ကောက်ကြည့်ရင် တစ်ခြားအသင်းတစ်ခုကို ပြောင်းချင်တာပါဆိုတဲ့ အဓိပ္ပါယ်ကို ပိုသက်ရောက်နေပါတယ်။



ဆိုလိုချင်တာက မက်ဆီအနေနဲ့ ဘာစီလိုနာမှာ မပျော်ရွှင်လို့ မဟုတ်ပဲ ဥရောပ တစ်ခွင်မှာ အတွေ့အကြုံ သစ် ရှာချင်တာ လို့ သတ်မှတ်လို့ ရနိုင်ပါတယ်။

ဘာလို့ အသင်းပြောင်းချင်ရတာလဲ ဆိုတဲ့ အကြောင်းရင်းတစ်ခုကို ကြည့်ရင် မက်ဆီအနေနဲ့ အနီးကပ်ဆုံး ပြိုင်ဘက် စီရော်နယ်ဒို အပေါ်မှာ မှတ်တမ်းအရ အသာရထားပေမဲ့ ခြေစွမ်းမှာ အသာမရပါဘူးဆိုတဲ့ ဝေဖန်သံ မကြာခဏ ထွက်ပေါ်နေခဲ့တာပါ။ ဒီလို ဖြစ်ရတဲ့ အကြောင်းရင်းတစ်ခုက မက်ဆီအနေနဲ့ ဘာစီလိုနာ လောင်းရိပ်အောက်မှာ ,မိ, နေခဲ့တာပါ။
ဇာဗီတို့လို အသင်းဖော်တွေရဲ့ ပံ့ပိုးမှုသာ မပါရင် မက်ဆီအနေနဲ့ ဒီလို ဆုတံဆိပ်တွေ မရနိုင်ဘူးဆိုတဲ့ ဝေဖန်သံကို မက်ဆီအနေနဲ့ ဘယ်အသင်းမှာမဆို ခြေစွမ်းပြနိုင်ကြောင်း ဖော်ပြပြီး ချေဖျက်ချင်နေမှာပါ။

ဒါဟာ မက်ဆီအနေနဲ့ အသင်းပြောင်းချင်ပါတယ် လို့ ဆိုလာတဲ့ အကြောင်းရင်း တစ်ခုဖြစ်နိုင်ပါတယ်။

မက်ဆီ အနေနဲ့ တကယ်သာ နူးကမ့်ကို စွန့်ခွာခဲ့မယ် ဆိုရင် မန်စီးတီး PSG တို့လို အသင်းတွေက ငွေထုတ်ပိုက် လိုက်လာပါလိမ့်မယ်။တစ်ခြားထိပ်တန်းကလပ်တွေလည်း ဆက်တိုက် လှုပ်ရှားလာကြဦးမှာမို့ ဒီသတင်းသာ တကယ်မှန်ရင် ဆောင်းရာသီမှာ စိတ်လှုပ်ရှားစရာ အပြောင်းအရွှေ့ဇာတ်လမ်းတစ်ပုဒ်ကို တွေ့မြင်ရမှာပါ။

မက်ဆီလို ကစားသမားကို မလိုချင်ပါဘူးဆိုတဲ့ အသင်းပရိတ်သတ်က နည်းပါးပါလိမ့်မယ်။အဲဒါကြောင့် သိပ်မကြာခင် ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဘယ်သူတွေ ဘာဖြစ်ဦးမလဲဆိုတာ ရင်ခုန်ကြည့်ကြ ရအောင်ပါ။

Ko Ko San
Football Café

No comments:

Post a Comment