Thursday, November 20, 2014

ကမ္ဘာ့ပေးကမ်းမှုအများဆုံး နိုင်ငံများတွင် အမေရိကန်နှင့် မြန်မာ ထိပ်ဆုံးက နေရာယူ

ဝါရှင်တန်− ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံဖြစ်သည့် အမေရိကန်သည် ကမ္ဘာပေါ်တွင် ပေးကမ်းကူညီမှု အများဆုံး နိုင်ငံဖြစ်နေခြင်းမှာ အံ့ဩစရာတော့မဟုတ်ပေ။ သို့သော် ယင်း ထိပ်ဆုံးနေရာကို ဘားမားခေါ် မြန်မာနိုင်ငံကလည်း အလားတူရရှိထားလေသည်။

ဒီမိုကရေစီကူးပြောင်းရေး ရုန်းကန်နေရသည့် လူ့အခွင့် အရေး ဖိနှိပ်မှုဖြင့် လုံးလည်ချာ လည်လိုက်နေသည့် အစိုးရနှင့် သူ၏ သန်း ၅၀ သော လူထု အတွက်မဖြစ်နိုင်ဟု ထင်စရာရှိ နေသည်။ သို့သော် မြန်မာတို့ သည် သူတို့ပိုင်ဆိုင်သောငွေကို အလှူအတန်းပြုရာတွင် အမြင့် မားဆုံးဖြစ်ကြောင်း ကမ္ဘာ့ပေး လှူခြင်းအညွှန်းကိန်း၏ (၅)ကြိမ် မြောက် နှစ်ပတ်လည်မှတ်တမ်း တွင် ဖော်ပြသည်။ ကမ္ဘာအနှံ့ အလှူငွေများပေးနေသည့် Chari−table Aid Foundation America က ယင်းစုံစမ်း သုတေသနပြု လုပ်ချက်ကို ပံ့ပိုးခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံပေါင်း ၁၃၅ နိုင်ငံမှ လူ ပေါင်းတစ်သိန်းသုံးသောင်းကျော် အား မေးမြန်းစုဆောင်းချက်များ ကို အလှူပေးခြင်း၊ လုပ်အားပေး ခြင်းနှင့် အခြားသူများအား ကူညီ ပေးလိုခြင်းဟု အချက်သုံးချက် အောက်တွင် ခွဲခြားခဲ့သည်။ ပြီးခဲ့ သည့်လအတွင်း မိမိမသိရှိသည့် သူစိမ်းများကိုကူညီခဲ့ခြင်းရှိ၊ မရှိ ကိုလည်း မေးမြန်းခဲ့သည်။ အမေ ရိကန်နိုင်ငံက ယင်းအချက်သုံး ချက်စလုံးတွင် တစ်ခုတည်းသော ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းဝင်နိုင်ငံ ဖြစ်သည်။

အောက်ဆုံးရောက်နေသည့် နိုင်ငံမှာ ရေမင်ဖြစ်ပြီး ပြီးခဲ့သည့် နှစ်တွင် လူဦးရေ၏ ၃ ရာခိုင်နှုန်း ကသာ လုပ်အားပေးခဲ့ကြသည်။

ကမ္ဘာတစ်ဝန်း လှူတန်းကြ သည့် ပမာဏကပြီးခဲ့သည့်နှစ်က ထက် ၁ ရာခိုင်နှုန်းကျဆင်းသွား သော်လည်း ၂၀၁၃ ခုနှစ်အတွင်း လုပ်အားပေးသူလူပေါင်း ၃၂ သန်းပိုလာခဲ့သည်။ လူစိမ်းကို ကူညီသူ လူဦးရေ တွင်လည်း လူ ပေါင်း ၂၆ သန်းတိုးလာခဲ့ကြောင်း လေ့လာချက်အရ သိရသည်။

ချမ်းသာတိုင်းလည်း လှူဒါန်းသည်ဟုမဆိုနိုင်ပေ။ လှူဒါန်းမှု တွင် ထိပ်ဆုံးရောက်သည့်နိုင်ငံ ၂၀ အနက် ခြောက်နိုင်ငံကသာ ကမ္ဘာ့အချမ်းသာဆုံးထိပ်သီး ၂၀ (G-20)အုပ်စုဝင်နိုင်ငံများဖြစ် သည်။ စီးပွားရေး အလျင်အမြန် တိုးတက်လာနေသော နိုင်ငံများ ဖြစ်သည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ နှင့် တရုတ်တို့တွင် တရုတ်နိုင်ငံ တစ်ခုတည်း၌သာ ပြီးခဲ့သည့်နှစ် တွင် ၁၀ မှ ၁၃ ရာခိုင်နှုန်းအထိ လှူဒါန်းမှုတိုးလာသည်။ ဥရောပ သမဂ္ဂ နိုင်ငံတစ်ခုဖြစ်သည့် အီတလီကဲ့သို့ နိုင်ငံတွင်လည်း လှူဒါန်းပေးကမ်းခြင်း နည်းပါးနေ သည်။ ယင်းနိုင်ငံတွင် ဖက်ဒရယ် အစိုးရကမွေးရာမှ သေသည် အထိ သူ့ပြည်သူများကို တာဝန်ယူ စောင့်ရှောက်နေခြင်းဖြစ်သည်။

‘‘အခွန်တွေက အဲဒီနိုင်ငံတွေ မှာ မြင့်လွန်းတယ်။ ဒါကြောင့် တစ်ယောက်ယောက်က တံခါး လာခေါက်ပြီး လှူဒါန်းဖို့ပြောရင် သူတို့က ရုံးကိုပေးပြီးပြီလို့ပဲယူဆ ထားကြတယ်’’ဟု Charitable Aid Foundation America ၏ ဥက္ကဋ္ဌ တက်ဟာ့တ်က ပြောကြားသည်။

မြန်မာနိုင်ငံသည် အလွန်ကို ပင်ထူးထူးခြားခြားလှူဒါန်းသည့် နိုင်ငံဖြစ်ပြီး မေးမြန်းသူ ၉၁ ရာခိုင်နှုန်းက ပုံမှန်အလှူဒါနပြုနေကြောင်း ပြောကြားကြသည်။ လူ ၁၀ ယောက်တွင် ကိုးယောက်က လှူဒါန်းမှုကို အားပေးသည့် ထေ ရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်သူ များဖြစ်သည်။ အလားတူ လူဦး ရေရှိသည့် သီရိလင်္ကာနိုင်ငံတွင် လည်း ယင်းအကြောင်းကြောင့် ပင် အဆင့်(၉) ချိတ်နေသည်ဟု မေးမြန်းသုတေသနပြုသူများက ယူဆသည်။

တာခ်မန်နစ္စတန်က ကမ္ဘာ့ စီးပွားရေးတွင် နံပါတ် ၉၅ ချိတ် နေသော်လည်း ယင်းနိုင်ငံသား များ၏ လုပ်အားပေးချိန်က နံပါတ် (၁)တွင် ရှိနေသည်။ အလားတူပင် ယခင်ဆိုဗီယက် လက်အောက်ခံဖြစ်ခဲ့သည့် အူဘဲကစ္စတန်နှင့် တာဂျစ်ကစ္စတန်နိုင်ငံတို့တွင်လည်း လုပ်အားပေးသူများပြားပြီး အမှတ်အတော်ပင် မြင့်ကြသည်။

ယင်းဒေသများတွင် စနေ တစ်ရက်ကို အခမဲ့လုပ်အားပေး ခြင်းဆိုသည့် ‘‘ဆာဘော့တ်နစ်’’ ခေါ် မျှဝေခြင်းယဉ်ကျေးမှုကြောင့် ဖြစ်ကြောင်း သိရသည်။ အချို့နေ ရာများတွင်မူ လုပ်အားမပေးမနေ ရစနစ်များ ချမှတ်ပြီး လိုအပ်နေ သည့် နေရာများကို ဖြည့်ဆည်း နေသဖြင့် ယင်းသို့လုပ်အားပေး သူစာရင်းများ ပြားခြင်းလည်းဖြစ် နိုင်ကြောင်း လေ့လာသူများက မှတ်ချက်ပေးထားသည်။

ဘယ်နိုင်ငံက

အများဆုံးကူညီသလဲ

အမေရိကန်က လူစိမ်းများ ကို ကူညီရာတွင် ထိပ်ဆုံးကပြေး နေသည်။ အီရတ်ကကူညီပေး သည့်အပိုင်းတွင် ဒုတိယလိုက် သည်။ အီရတ်သားလေးယောက် တွင် သုံးယောက်က ပြီးခဲ့သည့်လ အတွင်း လူစိမ်းတစ်ဦးကို အကူ အညီပေးခဲ့ကြောင်း ပြောကြား သည်။

အစိုးရကို အယုံအကြည် နည်းသည့်နိုင်ငံများတွင် လူစိမ်း များကို ကူညီမှုပိုများသည်ဟု မစ္စတာတက်ဟာ့တ်က ဆိုသည်။ အစိုးရက သူ့ပြည်သူများကို ကူညီ နိုင်စွမ်းနည်းသည်ဟု ယုံကြည်ကြ သည့်နိုင်ငံများတွင် ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် လှူဒါန်းမှုတိုးလာနေသည်မှာ အံ့ဩဖွယ်ရာဟု သူက ယူဆသည်။ ၂၀၀၈ နှင့် ၂၀၀၉ ခုနှစ်များတွင် လှူဒါန်းမှုများ ကျဆင်းသွားခဲ့ပြီး ယင်းအချိန်က နိုင်ငံတွင် စီးပွားရေး ထိခိုက်နေချိန်ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် နိုင်ငံရေးအရ ကွဲပြားနေကြသော်လည်း ပြည်သူများအကြား တစ်ပါးသူကိုကူညီလိုက်သည့် တူညီမှုများရှိနေသည်။

‘‘ဒီနိုင်ငံက နိုင်ငံရေးအငြင်း ပွားမှုတွေကိုကြည့်ပြီး ဒီသဘော မတူချက်တွေက ကျွန်တော်တို့ အားလုံးကြား ပျံ့နှံ့နေပြီလို့ ထင် ကောင်းထင်ကြလိမ့်မယ်။ ဒါပေမဲ့ ဒါကမမှန်ပါဘူး။ အမေရိကန်က အမေရိကန်ပဲ။ ကျွန်တော် တို့က တစ်ယောက်ကို တစ်ယောက် ကူညီကြတယ်။ ခင်ဗျားဘာနိုင်ငံ ရေးကိုပဲလိုက်လိုက် ဒါကအရေး မကြီးဘူး’’

ပေးကမ်းလှူဒါန်းမှုက ပြီးခဲ့ သည့်နှစ်အတွင်း တိုးလာနေချိန် တွင် ယင်းသို့ လှူဒါန်းကြသည့် အသက်အရွယ်က ၁၅ နှင့် ၂၉ နှစ် အကြားတွင် ကျဆင်းသွား သည်။ ယင်းသို့ဖြစ်ခြင်းက လူ ငယ်များ အကြား အလုပ်လက်မဲ့ နှုန်းမြင့်၍ဖြစ်ကြောင်း လေ့လာသူ များက သုံးသပ်သည်။

သို့သော် လူငယ်များက ငွေသားအဖြစ် လှူဒါန်းပေးကမ်း မှုနည်းသော်လည်း သူတို့၏အချိန် များကို လုပ်အားပေးသည့်နည်း ဖြင့် ကူညီဆောင်ရွက်ပေးကြသကဲ့သို့ လူစိမ်းများကိုလည်း သူတို့တတ်ကျွမ်းမှု များဖြင့် ကူညီကြသည်ဟု ဆိုသည်။

မစ်ရှင်ပိုင်းကော်ဖီဆိုင်တွင် ကော်ဖီဝယ်သောက်သူ အသက် (၂၆)နှစ်ရှိ မက်အီဗင်သည် ဆန် ဖရန်စစ္စကို နည်းပညာဝန်ထမ်း ဖြစ်သည်။ ကော်ဖီဝယ်ချိန်တွင် မကြာခဏပင် ကော်ဖီတစ်ခွက်စာ အပိုပေးပြီး မတတ်နိုင်သူကို ယင်းနေ့အတွက် ကော်ဖီတစ်ခွက် အလကားပေးရန် ကြိုတင်လှူ တတ်သည်။ ဘုရားဝတ်ပြုကျောင်း တွင် ထောင်နှင့်ချီသည့် ဆင်းရဲ သားများအား ကျွေးမွေးရာတွင် တစ်လတစ်ကြိမ်သွားရောက်လုပ် အားပေးကူညီသည်။

‘‘ကျွန်မတို့ မျိုးဆက်ကပေး ကမ်းတယ်ဆိုတာနဲ့ လူမှုအသိုင်း အဝိုင်းအတွက် ကူညီတယ်ဆိုတဲ့ အပေါ် အမြင်နည်းနည်း ကွဲပါ တယ်။ ပေးတာနည်းပေမယ့် လုပ် အားပေး ကူညီတာက ပိုများပါ တယ်’’ ဟု မက်အီဗင်က ပြော ကြားထားသည်။

(Joe Garofoli ၏ World's most giving nations; U.S. and Burma ကို ခင်မေဇော် ဘာသာ ပြန်ဆိုသည်။)
7Day Daily

No comments:

Post a Comment