Thursday, November 20, 2014

ဗကပ ကွန်မြူနစ် UG များ ကျောင်းသားလှုပ်ရှားမှုထဲ စိမ့်ဝင်နေပြီလား

Photo: ဗကပ ကွန်မြူနစ် UG များ ကျောင်းသားလှုပ်ရှားမှုထဲ စိမ့်ဝင်နေပြီလား
Thursday, November 20, 2014

ယနေ့အချိန်တွင် မြန်မာနိုင်ငံအမျိုးသားပညာရေးဥပဒေမူကြမ်းကို ကန့်ကွက်သည်ဟုဆိုကာ ကျောင်းသား လူငယ်အချို့ဆန္ဒပြ တောင်းဆိုနေသည်ကို အားလုံးတွေ့မြင်ကြရမည်ဖြစ်ပေသည်။ ဥပဒေမူကြမ်းသည် ဗဟိုချုပ်ကိုင်မှု များလွန်းသည်ဟုဆိုကာ လမ်းမပေါ်ထွက်၍ဆန္ဒပြခဲ့ကြသော ကျောင်းသားလူငယ်အချို့မှာ ဆန္ဒဖော်ထုတ်ရာမှ တစ်ဖြေး ဖြေး သပိတ်အသွင်ဆောင်လာခဲ့ပြီး တောင်းဆိုသံများမှတဆင့်ခြိမ်းခြောက်သံများ၊ တိုက်ပွဲဝင် မည်ဆိုသောအသံများကို လည်းကြားသိခဲ့ရပြန်ပါသည်။ ထို့အပြင်ပိုမိုဆိုးရွား လာသည်ကတော့ ဒီမိုကရေစီအရေခြုံထားသော ဗကပ ကွန်မြူနစ် သရုပ်သကန်များ တစ်ဖြေးဖြေး ရုပ်လုံးကြွလာသည်ကို တွေ့မြင်လာရခြင်းပင်ဖြစ်ပေသည်။ 

ပြိုကွဲသွားသော ဗကပ ကွန်မြူနစ်ဝါဒီများထဲမှအချို့သည် ယနေ့အချိန်ထိမြေအောက်အဖွဲ့အစည်းများ အဖြစ် ရှင်သန်နေဆဲဖြစ်ပြီး ၁၉၈၈ ကာလများကဲ့သို့ ပြန်လည်အသက်သွင်းရန် အမြဲတစ်စေကြံစည်နေသူများလည်းဖြစ်ကြပေ သည်။ ယခုလို ကျောင်းသားလှုပ်ရှားမှုမျိုးတွင် ၎င်းတို့အနေဖြင့် စိမ့်ဝင်သွေးထိုးကာ ကွန်မြူနစ်ဝါဒကို အသက်သွင်း လာကြခြင်းဖြစ်ပေသည်။ ကျွန်ပ်အနေဖြင့် ဆန္ဒဖော်ထုတ်နေသော ကျောင်းသားကျောင်းသူများကို ဗကပ ဟုစွတ်စွဲ နေခြင်းမဟုတ်ပါ။ ဆန္ဒဖော်ထုတ်သူများထဲတွင် အမှန်တကယ်ပင် ပညာရေးမူကြမ်းကို ပြုပြင်လိုသည့် ရိုးရှင်းသောစိတ် တစ်ခုတည်းဖြင့် ၀င်ရောက်ဆန္ဒဖော်ထုတ်နေသူ ကျောင်းသားကျောင်းသူများ ပါဝင်မည်ကို ယုံကြည်မိပါသည်။ သို့သော် ၁၉၈၈ အရေးအခင်းကာလတွင် မြေအောက်လှုပ်ရှားမှုများပြုလုပ်ကာ အာဏာသိမ်းမည့် အကြံအစည်အားမအောင် မြင်ခဲ့သော ကွန်မြူနစ် ဗကပ များအနေဖြင့် ယခုအခါတွင် ထိုကျောင်းသား ကျောင်းသူများကိုခုတုံးလုပ် ဗန်းပြကာ ဗကသ အမည်ခံ၍ အရေးအခင်းတစ်ခု ထပ်မံဖန်တီးနေသလားဟူ၍ သံသယဖြစ်မိပါသည်။ 

ယနေ့ဗကသ၏ ဥက္ကဋ္ဌမှာ ကျော်ကိုကိုဖြစ်ပေသည်။ သို့သော်ကျော်ကိုကိုမှာ လက်ရှိကျောင်းသား တစ်ယောက် မဟုတ်ပေ။ ၂၀၀၇ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ကျောင်းပြီးမြောက်ထားသူ တစ်ဦးဖြစ်ပြီး All Burma Federation of Student Unions (ABFSU) တွင် ဥက္ကဌ တာဝန်ထမ်းဆောင်ကာ ကျောင်းသားအချင်းချင်း သတ်ဖြတ် နှိပ်စက်သည့် (ABFDS) နှင့်ဆက်သွယ်ကာ မြန်မာနိုင်ငံဆူပူမှုဖြစ်စေရန် အတွက်တောက်လျှောက်ပြုလုပ်ခဲ့သူဖြစ်သည်။ ထို့အပြင် ထိုင်း-မြန်မာနယ်စပ်တွင်လည်း ABSDF မှ ဖွင့်လှစ်သောစစ်သင်တန်းကို တက်ရောက်ပြီးသူလည်းဖြစ်ပေ သည်။ ကျောင်းတက်စဉ်ကာလကတည်းက သူ့ကိုယ်သူ ဗကသ ရဲဘော်ဟုခံယူကာ ကွန်မြူနစ်စာအုပ်များဖြင့်သာ လုံးပန်းခဲ့သူဖြစ်ပြီး ကျောင်းပြီးသွားသော်လည်း ကျောင်းသားယောင်ယောင်ဖြင့် အသက်ငယ်ရွယ်သောအမှန်တစ်ကယ် ကျောင်းသားများကို သွေးထိုးမြှောက်ပင့်စည်းရုံးကာ သွေးထိုးလှုံဆော်နေသော ကွန်မြူနစ်ဝါဒီတစ်ဦး ဖြစ်ပေသည်။ 

ထို့အပြင် ကျော်ကိုကိုမှာအွန်လိုင်းဖေ့ဘွတ်ပေါ်တွင် ကွန်မြူနစ် ကဗျာများရေးသား၍ လှုံ့ဆော်နေသော ကလောင်အမည် (အောင်သာ-ပီးသုံးလုံး)ခေါ် ဦးလှရွှေဆိုသူ ကွန်မြူနစ်စစ်စစ်တစ်ဦး၏ တပည့်အရင်း အချာတစ်ဦး လည်းဖြစ်ပေသည်။ ဦးလှရွှေဆိုသူမှာ ၁၉၈၉ ခုနှစ်က မြေပေါ် ဗကပ ကွန်မြူနစ် ပါတီများဖျက်သိမ်းရာတွင် ပါဝင်ခဲ့ သောပီသုံးလုံး(အလံဖြူ) ပါတီဝင်တစ်ဦးဖြစ်ပေသည်။ ထို့အပြင် ဗကသ အတွင်းရေးမှုး ဖြိုးဖြိုးအောင်ဆိုသူ မှာလည်း ၁၉၈၈ ကာလများက ၄၈၂၈ ဗကပမြေအောက် UG လှုပ်ရှားမှုအဖွဲ့တွင် ပါဝင်လှုပ်ရှားခဲ့ဖူးသော ဒေါက်တာနေ၀င်း၏ သမီးအရင်းဖြစ်ပြီး ဖြိုးဖြိုးအောင်၏ အဖိုးမှာ တရုတ်လူမျိုး ကွန်မြူနစ်စစ်စစ် တစ်ဦးဖြစ်ပေသည်။ ယခုလှုပ်ရှားမှုတွင် ထိပ်ဆုံးမှ လှုံ့ဆော် နေသော မေလင်းခဆိုသူမှာလည်း ကျော်ကိုကို၏ဇနီးဖြစ်ပြီး ဖေ့ဘွတ် ပေါ်တွင်လည်း ကွန်မြူနစ် တံဆိပ် တူ/တံစဉ် နှင့်ခမောက်ဆောင်းကာ ကွန်မြူနစ်အလေးပြု ပုံစံနှင့်ရိုက်ထားသော ဓါတ်ပုံကိုတင်ထားသူ ဖြစ်ပေ သည်။ ကျော်ကိုကိုကဲ့သို့ပင် ABSDF စစ်သင်တန်းအား တက်ရောက်ပြီးသူဖြစ်ပေသည်။

 
ယခုကျောင်းသားလှုပ်ရှားမှုတွင်အမေရိကန်မ ABSDF ဟောင်းများဖြစ်သူ မိုးသီးဇွန်နှင့် ချိုတူးဇော် တို့မှလည်း အွန်လိုင်းတွင်အစွမ်းကုန်လှုံ့ဆော် မှုများပြုလုပ် နေသည်ကိုမြင်တွေ့ရပေသည်။ ထို့ကြောင့် ဗကသအနေဖြင့် ABSDF ဟောင်းများနှင့် ဗကပ လက်ကျန်များ၏ လက်ဝေခံများဖြင့် ကျောင်းသားထုကြားသို့ဝင်ရောက်ကာ အစိုးရနှင့် ကျောင်းသား ထုအား ထိပ်တိုက်ရင်ဆိုင်စေရန် ကွန်မြူနစ်ကြွေးကြော်သံများဖြင့် လှုံ့ဆော်သွေးထိုးနေသည်ကိုမြင် တွေ့ရပေသည်။ ကျောင်းသားထုများအကြားတွင်လည်း ပြင်သစ် ကွန်မြူနစ်တေးသီချင်းမှ ဆင်းသက်လာသော International သီချင်းအား ရှေ့မှတိုင်ပေးကာ ကွန်မြူနစ်ဝါဒီကို ပုံဖော်အသက်သွင်းလာသည်ကို လည်းမြင်တွေ့နေရ ပေသည်။ 

ယခုအခါတွင် ကျောင်းသားထုအချို့ကြားတွင် ကွန်မြူနစ်အလေးပြုပုံစံများကိုမြင်တွေ့လာရပြီဖြစ် ပေသည်။ International သီချင်းသံကို ခပ်သဲ့သဲ့ကြားလာရပြီဖြစ်ချေသည်။ တူ/တံစဉ်တံဆိပ်များကိုလည်း တစ်ချို့ကျောင်းသား များထံတွင် မြင်တွေ့လာရပြီဖြစ်ချေသည်။ သပိတ်ဆိုတာ စားပွဲဝိုင်းမဟုတ်တိုက်ပွဲ ဆိုသည့်စကား သံများကြားလာရပြီ ဖြစ်သည်။ ကွန်မြူနစ်ခေါင်းဆောင် ကားလ်မတ်စ်သာလျှင်ဘုရားသခင်ဟု ရေးသားထားမှုများကို မြင်တွေ့လာရပြီ ဖြစ်ချေသည်။ ၎င်းတို့မှာလွန်စွာစိုးရိန်ဖွယ်အခြေအနေဖြစ်ပြီး ရိုးသားဖြူစင်သော ကျောင်းသားများကြား ကွန်မြူနစ်ဇာတ် သွတ်သွင်းမည့်အခြေအနေကို တစ်ဖြေးဖြေးမြင်တွေ့လာရပြီဖြစ်ချေသည်။ ထို့ကြောင့် ကျောင်းသား ကျောင်းသူများ မိဘ များနှင့် ဆရာဆရာမများ မှအထူးသတိရှိကြရန်လိုအပ်ပြီး အစိုးရနှင့် ပြည်သူတစ်ရပ်လုံးမှလည်း ဗကပ ကွန်မြူနစ် များစိမ့်ဝင်လာသော ကျောင်းသားလှုပ်ရှားမှုအား ၀ိုင်းဝန်းထိန်းသိမ်းပေးစေလိုကြောင်း ဖော်ထုတ် ရေးသားအပ်ပါသည်။ 

လက်ယျာ
ယနေ့အချိန်တွင် မြန်မာနိုင်ငံအမျိုးသားပညာရေးဥပဒေမူကြမ်းကို ကန့်ကွက်သည်ဟုဆိုကာ ကျောင်းသား လူငယ်အချို့ဆန္ဒပြ တောင်းဆိုနေသည်ကို အားလုံးတွေ့မြင်ကြရမည်ဖြစ်ပေသည်။ ဥပဒေမူကြမ်းသည် ဗဟိုချုပ်ကိုင်မှု များလွန်းသည်ဟုဆိုကာ လမ်းမပေါ်ထွက်၍ဆန္ဒပြခဲ့ကြသော ကျောင်းသားလူငယ်အချို့မှာ ဆန္ဒဖော်ထုတ်ရာမှ တစ်ဖြေး ဖြေး သပိတ်အသွင်ဆောင်လာခဲ့ပြီး တောင်းဆိုသံများမှ တဆင့်ခြိမ်းခြောက် သံများ၊ တိုက်ပွဲဝင် မည်ဆိုသောအသံများကို လည်းကြားသိခဲ့ရပြန်ပါသည်။ ထို့အပြင်ပိုမိုဆိုးရွား လာသည်ကတော့ ဒီမိုကရေစီအရေခြုံထားသော ဗကပ ကွန်မြူနစ် သရုပ်သကန်များ တစ်ဖြေးဖြေး ရုပ်လုံးကြွလာသည်ကို တွေ့မြင်လာရခြင်းပင်ဖြစ်ပေသည်။ 

ပြိုကွဲသွားသော ဗကပ ကွန်မြူနစ်ဝါဒီများထဲမှအချို့သည် ယနေ့အချိန်ထိမြေအောက်အဖွဲ့အစည်းများ အဖြစ် ရှင်သန်နေဆဲဖြစ်ပြီး ၁၉၈၈ ကာလများကဲ့သို့ ပြန်လည်အသက်သွင်းရန် အမြဲတစ်စေကြံစည် နေသူများလည်းဖြစ်ကြပေ သည်။ ယခုလို ကျောင်းသားလှုပ်ရှားမှုမျိုးတွင် ၎င်းတို့အနေဖြင့် စိမ့်ဝင်သွေးထိုးကာ ကွန်မြူနစ်ဝါဒကို အသက်သွင်း လာကြခြင်းဖြစ်ပေသည်။ ကျွန်ပ်အနေဖြင့် ဆန္ဒဖော်ထုတ်နေသော ကျောင်းသားကျောင်းသူများကို ဗကပ ဟုစွတ်စွဲ နေခြင်းမဟုတ်ပါ။ ဆန္ဒဖော်ထုတ်သူများထဲတွင် အမှန်တကယ်ပင် ပညာရေးမူကြမ်းကို ပြုပြင်လိုသည့် ရိုးရှင်းသောစိတ် တစ်ခုတည်းဖြင့် ၀င်ရောက်ဆန္ဒဖော်ထုတ်နေသူ ကျောင်းသားကျောင်းသူများ ပါဝင်မည်ကို ယုံကြည်မိပါသည်။ သို့သော် ၁၉၈၈ အရေးအခင်းကာလတွင် မြေအောက်လှုပ်ရှားမှုများပြုလုပ်ကာ အာဏာသိမ်းမည့် အကြံအစည်အားမအောင် မြင်ခဲ့သော ကွန်မြူနစ် ဗကပ များအနေဖြင့် ယခုအခါတွင် ထိုကျောင်းသား ကျောင်းသူများကိုခုတုံးလုပ် ဗန်းပြကာ ဗကသ အမည်ခံ၍ အရေးအခင်းတစ်ခု ထပ်မံဖန်တီးနေသလားဟူ၍ သံသယဖြစ်မိပါသည်။

ယနေ့ဗကသ၏ ဥက္ကဋ္ဌမှာ ကျော်ကိုကိုဖြစ်ပေသည်။ သို့သော်ကျော်ကိုကိုမှာ လက်ရှိကျောင်းသား တစ်ယောက် မဟုတ်ပေ။ ၂၀၀၇ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ကျောင်းပြီးမြောက်ထားသူ တစ်ဦးဖြစ်ပြီး All Burma Federation of Student Unions (ABFSU) တွင် ဥက္ကဌ တာဝန် ထမ်းဆောင်ကာ ကျောင်းသားအချင်းချင်း သတ်ဖြတ် နှိပ်စက်သည့် (ABFDS) နှင့်ဆက်သွယ်ကာ မြန်မာနိုင်ငံဆူပူမှုဖြစ်စေရန် အတွက်တောက်လျှောက်ပြုလုပ်ခဲ့သူဖြစ်သည်။ ထို့အပြင် ထိုင်း-မြန်မာနယ်စပ်တွင်လည်း ABSDF မှ ဖွင့်လှစ်သောစစ်သင်တန်းကို တက်ရောက်ပြီးသူလည်းဖြစ်ပေ သည်။ ကျောင်းတက်စဉ်ကာလကတည်းက သူ့ကိုယ်သူ ဗကသ ရဲဘော်ဟုခံယူကာ ကွန်မြူနစ်စာအုပ်များဖြင့်သာ လုံးပန်းခဲ့သူဖြစ်ပြီး ကျောင်းပြီးသွားသော်လည်း ကျောင်းသားယောင်ယောင်ဖြင့် အသက်ငယ်ရွယ်သော အမှန်တစ်ကယ် ကျောင်းသားများကို သွေးထိုးမြှောက်ပင့်စည်းရုံးကာ သွေးထိုးလှုံဆော်နေသော ကွန်မြူနစ်ဝါဒီတစ်ဦး ဖြစ်ပေသည်။

ထို့အပြင် ကျော်ကိုကိုမှာအွန်လိုင်းဖေ့ဘွတ်ပေါ်တွင် ကွန်မြူနစ် ကဗျာများရေးသား၍ လှုံ့ဆော်နေသော ကလောင်အမည် (အောင်သာ-ပီးသုံးလုံး)ခေါ် ဦးလှရွှေဆိုသူ ကွန်မြူနစ်စစ်စစ်တစ်ဦး၏ တပည့်အရင်း အချာတစ်ဦး လည်းဖြစ်ပေသည်။ ဦးလှရွှေဆိုသူမှာ ၁၉၈၉ ခုနှစ်က မြေပေါ် ဗကပ ကွန်မြူနစ် ပါတီများဖျက်သိမ်းရာတွင် ပါဝင်ခဲ့ သောပီသုံးလုံး(အလံဖြူ) ပါတီဝင်တစ်ဦးဖြစ်ပေသည်။ ထို့အပြင် ဗကသ အတွင်းရေးမှုး ဖြိုးဖြိုးအောင်ဆိုသူ မှာလည်း ၁၉၈၈ ကာလများက ၄၈၂၈ ဗကပမြေအောက် UG လှုပ်ရှားမှု အဖွဲ့တွင် ပါဝင်လှုပ်ရှားခဲ့ဖူးသော ဒေါက်တာနေ၀င်း၏ သမီးအရင်းဖြစ်ပြီး ဖြိုးဖြိုးအောင်၏ အဖိုးမှာ တရုတ်လူမျိုး ကွန်မြူနစ်စစ်စစ် တစ်ဦးဖြစ်ပေသည်။ ယခုလှုပ်ရှားမှုတွင် ထိပ်ဆုံးမှ လှုံ့ဆော် နေသော မေလင်းခဆိုသူမှာလည်း ကျော်ကိုကို၏ဇနီးဖြစ်ပြီး ဖေ့ဘွတ် ပေါ်တွင်လည်း ကွန်မြူနစ် တံဆိပ် တူ/တံစဉ် နှင့်ခမောက်ဆောင်းကာ ကွန်မြူနစ်အလေးပြု ပုံစံနှင့်ရိုက်ထားသော ဓါတ်ပုံကိုတင်ထားသူ ဖြစ်ပေ သည်။ ကျော်ကိုကိုကဲ့သို့ပင် ABSDF စစ်သင်တန်းအား တက်ရောက်ပြီးသူဖြစ်ပေသည်။


ယခုကျောင်းသားလှုပ်ရှားမှုတွင်အမေရိကန်မ ABSDF ဟောင်းများဖြစ်သူ မိုးသီးဇွန်နှင့် ချိုတူးဇော် တို့မှလည်း အွန်လိုင်းတွင်အစွမ်းကုန်လှုံ့ဆော် မှုများပြုလုပ် နေသည်ကိုမြင်တွေ့ရပေသည်။ ထို့ကြောင့် ဗကသအနေဖြင့် ABSDF ဟောင်းများနှင့် ဗကပ လက်ကျန်များ၏ လက်ဝေခံများဖြင့် ကျောင်းသားထုကြားသို့ဝင်ရောက်ကာ အစိုးရနှင့် ကျောင်းသား ထုအား ထိပ်တိုက်ရင်ဆိုင်စေရန် ကွန်မြူနစ်ကြွေးကြော်သံများဖြင့် လှုံ့ဆော်သွေးထိုးနေသည်ကိုမြင် တွေ့ရပေသည်။ ကျောင်းသားထုများ အကြားတွင်လည်း ပြင်သစ် ကွန်မြူနစ်တေးသီချင်းမှ ဆင်းသက်လာသော International သီချင်းအား ရှေ့မှတိုင်ပေးကာ ကွန်မြူနစ်ဝါဒီကို ပုံဖော်အသက်သွင်းလာသည်ကို လည်းမြင်တွေ့နေရ ပေသည်။

ယခုအခါတွင် ကျောင်းသားထုအချို့ကြားတွင် ကွန်မြူနစ်အလေးပြုပုံစံများကိုမြင်တွေ့လာရပြီဖြစ် ပေသည်။ International သီချင်းသံကို ခပ်သဲ့သဲ့ကြားလာရပြီဖြစ်ချေသည်။ တူ/တံစဉ်တံဆိပ်များကိုလည်း တစ်ချို့ကျောင်းသား များထံတွင် မြင်တွေ့လာရပြီဖြစ်ချေသည်။ သပိတ်ဆိုတာ စားပွဲဝိုင်းမဟုတ်တိုက်ပွဲ ဆိုသည့်စကား သံများကြားလာရပြီ ဖြစ်သည်။ ကွန်မြူနစ်ခေါင်းဆောင် ကားလ်မတ်စ်သာလျှင် ဘုရားသခင်ဟု ရေးသားထားမှုများကို မြင်တွေ့လာရပြီ ဖြစ်ချေသည်။ ၎င်းတို့မှာလွန်စွာ စိုးရိန်ဖွယ်အခြေအနေဖြစ်ပြီး ရိုးသားဖြူစင်သော ကျောင်းသားများကြား ကွန်မြူနစ်ဇာတ် သွတ်သွင်းမည့်အခြေအနေကို တစ်ဖြေးဖြေးမြင်တွေ့လာရပြီဖြစ်ချေသည်။ ထို့ကြောင့် ကျောင်းသား ကျောင်းသူများ မိဘ များနှင့် ဆရာဆရာမများ မှအထူးသတိရှိကြရန်လိုအပ်ပြီး အစိုးရနှင့် ပြည်သူတစ်ရပ်လုံးမှလည်း ဗကပ ကွန်မြူနစ် များစိမ့်ဝင်လာသော ကျောင်းသားလှုပ်ရှားမှုအား ၀ိုင်းဝန်းထိန်းသိမ်းပေးစေလိုကြောင်း ဖော်ထုတ် ရေးသားအပ်ပါသည်။

လက်ယျာ

1 comment: