Friday, November 28, 2014

ငွေသန်းပေါင်းများစွာနှင့် ဘဏ်အကောင့်နှစ်ခု ပိုင်ဆိုင်ထားသော သူတောင်းစားကို အီရန်ရဲ ဖမ်းဆီး

Photo: ငွေသန်းပေါင်းများစွာနှင့် ဘဏ်အကောင့်နှစ်ခု
ပိုင်ဆိုင်ထားသော သူတောင်းစားကို အီရန်ရဲ ဖမ်းဆီး
Friday, November 28, 2014

အီရန်နိုင်ငံတွင် ယမန်နေ့က ဖမ်းဆီးရမိခဲ့သော သူတောင်းစား တစ်ဦး၏ အိတ်ထဲတွင် အီရန်ငွေ ကြေးသန်းပေါင်းများစွာနှင့် ဘဏ် အကောင့်နှစ်ခု တွေ့ရှိကြောင်း အ ရာရှိတစ်ဦးက ပြောခဲ့သည်ဟု AFP သတင်းများအရ သိရသည်။

ယခင်လက်ပွေ့ဈေးသည်တစ် ဦးဖြစ်သူ အသက် ၆၄ နှစ်အရွယ် အမျိုးသားသည် ဘူကန်ရှိ သူ တောင်းစားများဖြိုခွင်းရေး ရဲတစ်ဦး ကင်းလှည့်ချိန်တွင် စစ်ဆေးခံခဲ့ရ ခြင်းဖြစ်ကြောင်း နိုင်ငံအနောက် မြောက်ပိုင်းရှိ ဘူကန်မြို့မှ အရာရှိ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား ကာ IRNA သတင်းဌာနက ဖော် ပြခဲ့သည်။

၎င်းကို ရှာဖွေမှုများပြု လုပ်ခဲ့ရာ၎င်း၏အိတ်ထဲတွင်အီရန် ငွေသန်း ၁၁ဝ (ဒေါ်လာ ၃,၃၇ဝ) တွေ့ရှိခဲ့သည်။

ထို့အပြင် ဒေါ်လာ ၄၇,၅၅ဝ ရှိသော ဘဏ်အကောင့် နှစ်ခုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါအမျိုးသားသည် ထို သို့များပြားလှသော ငွေကို မည်သို့ စုဆောင်း ထားသည်ကို မသိရသေး ပေ။ ထိုငွေများကို သိမ်းယူခဲ့ပြီး လူမှု ဖူလုံရေး စင်တာများတွင် ဘဏ္ဍာ ငွေအဖြစ် အသုံးပြုသွားမည်ဖြစ် သည်။

ပြီးခဲ့သောလက သမ္မတ ဟက်ဆန်ရူဟာနီသည် လမ်းများ ထက်မှ သူတောင်းစားများကို ရှင်း လင်းရန် ရဲများအား အမိန့်ပေးခဲ့ ပြီး သူတောင်းစား တချို့၏ နောက် ကွယ်မှ ရာဇဝတ်ကွန်ရက်များကို ဖော်ထုတ်ရန် ပြောခဲ့သည်။

Yangon Media Group

No comments:

Post a Comment