Friday, November 7, 2014

ကိုပါကြီးအလောင်း ရန်ကုန်ကို သယ်လာပြီ

ကိုပါကြီး၏ အလောင်းကို မော်လမြိုင်မှ ရန်ကုန်သို့ နိုဝင်ဘာ ၇ရက် နံနက်တွင် သယ်ဆောင်လာပြီဟု လိုက်ပါသတင်းယူသည့် မဇ္ဈိမ သတင်းအဖွဲ့က သတင်းပေးပို့သည်။

ကိုပါကြီး၏ အလောင်းအား နံနက် ၈နာရီခန့်တွင် မော်လမြိုင်မှ သယ်ဆောင်လာပြီး ယခု နံနက် ၁၀နညရီတွင် သထုံသို့ ရောက်ရှိပြီဖြစ်သည်။

လမ်းတစ်လျောက်တွင် လုံခြုံရေးရဲတချို့နှင့် လမ်းကြောင်းရှင်းပေးသည့် ယဉ်ထိန်းရဲ အချို့ကို တွေ့ရပြီး အခြေအနေတည်ငြိမ်လျက်ရှိသည်။

အလောင်းအား ရန်ကုန်သို့ မသယ်ဆောင်ရန် နိုဝင်ဘာ ၆ရက်က ဒေသမှ သံဃာအချို့နှင့် ဒေသခံအချို့က ကန့်ကွက်လျက်ရှိသည်။

မော်လမြိုင်စည်ပင်ကလည်း အလောင်းကို ၂၄နာရီအတ်ွင်း သဂြိုလ်ရန် နိုဝင်လာ ၅ရက် နေ့စွဲဖြင့် ထုတ်သည့်စာကို ၆ရက်ည ၉နာရီ ၄၅ မိနစ်ခန့်က ကိုပါကြီး၏ဇနီး မသန္တာအား လာပေးခဲ့သေးသည်။

ကိုပါကြီးသည် စစ်တပ်၏ ပစ်ခတ်ဖမိးဆီးမှုကြောင့် သေဆုံးခဲ့ပြီး ပလောင်းပြန်လည်တူးဖော်ရာ ကျည်ဒဏ်ရာ ၅ချက်တွေ့သည်ဟု ဆရာဝန်များကဆိုသည်။

Mizzima

No comments:

Post a Comment