Tuesday, November 18, 2014

တရားမဝင် ဆေးဝါး ၁၂၀,၀၀၀ သယ်ဆောင်လာသော ထိုင်းသံဃာတစ်ပါးကို ဖမ်းဆီးခဲ့

Photo: တရားမဝင် ဆေးဝါး ၁၂၀,၀၀၀ သယ်ဆောင်လာသော ထိုင်းသံဃာတစ်ပါးကို ဖမ်းဆီးခဲ့ 
Tuesday, November 18, 2014

စိတ်ကြွဆေးထက် ပိုမိုအချိန်ကြာမြင့်သည့် အာနိသင်ရှိသော တရားမ၀င် ဆေးဝါး ၁၂၀,၀၀၀ ကို သယ်ဆောင်လာသည့် သံဃာတစ်ပါးကို နိုဝင်ဘာ ၁၆ ရက် ညက ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ ချွန်သုန် ဒေသမှ ဘန်ကောက်သို့ သွားရောက်သည့် ခရီးသည်တင် ဘတ်စကားတစ်စီးပေါ်တွင် ဖမ်းဆီးခဲ့သည်ဟု ထိုင်းရဲများက ပြောကြားခဲ့သည်။ထိုင်းနိုင်ငံ လမ်ဖွန်မြို့၏ လီအရပ်ဒေသတွင်ရှိသော ဘန်ဝန်ဒင် စစ်ဆေးရေးဂိတ်တွင် ရဲများနှင့် စစ်သားများ ပူးပေါင်း၍ ခရီးသည်တင် ဘတ်စကားများကို ပုံမှန် ရှာဖွေမှုများ ပြုလုပ်နေစဉ်အတွင်း အဆိုပါ မသင်္ကာဖွယ် သံဃာတစ်ပါးကို ည ၉ နာရီ ၄၅ မိနစ်ခန့်က သတိထားမိခဲ့ခြင်းဖြစ်သည်။

၎င်း သံဃာတော်၏ အိတ်နှစ်လုံးကို ရှာဖွေရာတွင် တရားမ၀င် ဆေးဝါးအတု ၁၂၀,၀၀၀ ပါဝင်သော အထုပ် ၆၀ နှင့်အတူ မိုဘိုင်းဖုန်းတစ်လုံး နှင့် ဘတ်ငွေ ၂,၂၀၀ ကို တွေ့ရှိခဲ့သည်။

သက်တော် ၄၇ ရှိ ဖရာ သာနာယုသ် ပိုဆင် ဆိုသည့် အဆိုပါ သံဃာတော်က ယင်းဆေးများကို ချင်မိုင်ရှိ ချွန်သုန် ဒေသမှ ၀က်ဖရို ဘူရီရှိ  ဆေးဝါးလက်ခံသူ တစ်ဦးထံသို့ ပို့ဆောင်ရန်အတွက် ဒယ်အုန်းဆိုသည့် အခြားသော သံဃာတစ်ပါးထံမှ ဘတ်ငွေ ၅၀,၀၀၀ ဖြင့် ယူဆောင်လာခြင်းဖြစ်ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်ဟု သိရသည်။ ထို့ပြင် လက်ရှိတွင် ဘတ်ငွေ ၁၀,၀၀၀ကို ကြိုတင်ရယူထားပြီး ဆေးဝါးများ ပို့ဆောင်မှုလုပ်ငန်းပြီးဆုံးချိန်တွင် ကျန်ရှိသည့် ငွေပမာဏကို ရရှိမည်ဖြစ်သည်ဟု အဆိုပါသံဃာက ထွက်ဆိုခဲ့သည်။

Mizzima

No comments:

Post a Comment