Tuesday, November 18, 2014

ဘန်ကီမွန်း၏ ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်၏ ရိုဟင်ဂျာ အသုံး အနှုန်းကို ရခိုင်ပြည်နယ်လွှတ် တော်က ကန့်ကွက်လိုက်ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၇ရက်က ပြုလုပ် ခဲ့သော ပထမအကြိမ် ရခိုင်ပြည် နယ် လွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မစ္စတာဘန်ကို ကန့်ကွက်ကြောင်း အရေးကြီးအဆိုတင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်။

‘‘ဘန်ကီမွန်းရဲ့ ရိုဟင်ဂျာအ သုံးအနှုန်းကို ကန့်ကွက်ဖို့ ကျွန် တော်က အရေးကြီးအဆိုတင် တယ်။ ကန့်ကွက်သူမရှိ တညီတ ညွတ်တည်းထောက်ခံခဲ့ကြပါ တယ်’’ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးအောင်မြကျော် ကဆိုသည်။

မစ္စတာဘန် ရိုဟင်ဂျာဟု သုံးနှုန်းခဲ့ခြင်းကို ပြည်ထောင်စု လွှတ်တော်ကလည်း ကန့်ကွက် ထားသည်။

7Day Daily

No comments:

Post a Comment